Social Media Website တို့၏ ဘုရင် Facebook



Aung Ko Htet

ကမ္ဘာပေါ်မှာ Social Media Website တွေများစွာရှိပါတယ်။ အဲ့ဒီထဲကမှ facebook ဟာ ဘာကြောင့် လူကြိုက်များကြတာလဲ။ တကယ်တန်း ဈေးကွက်စီးပွားရေး အရ ဆိုရင်လျှင်တော့ ဥရောပ ထုတ်ကုန်ပစ္စည်းအများစုဟာ အာရှကို ရောက်လာပြီဆိုတာနဲ့ ကမ္ဘာကျော်သွားကြတာများပါတယ်။ Facebook ဟာလည်း ဒီလိုပါပဲ။ အာရှက Social Media Website အသုံးပြုသူ အများစုအား အသုံးပြုမှု လွယ်ကူစေခြင်း၊ ရိုးရှင်တဲ့ အသွင်အပြင်များနှင့် အသုံးပြုသူ user များအား ဖမ်းစားထားနိုင်ခြင်းတွေကြောင့် လူကြိုက်များနေခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အရေးကြီးဆုံး အချက်ကတော့ messager လို့ခေါ်တဲ့ Chatting ပဲဖြစ်ပါတယ်။ တခြား social website တွေမှာ message ပို့ဖို့အတွက် သီးသန့် tab တစ်ခု ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ online လား offline လားဆိုတာကို ကျွန်တော်တို့တွေ မသိနိုင်ပါဘူး။ Facebook မှာတော့ Caht box မှာ online/ offline ကို တခါတည်း ဖော်ပြပေးထားတဲ့အတွက် အသုံးပြုသူတွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

Social လို့ဆိုလိုက်တာနဲ့ အပြင်လောကမှာ ဖြစ်နေတဲ့ လူနေမှု ပုံစံအတိုင်းကို Online မှာ ရရှိနိုင်အောင် facebook ကဖန်တီးပေးထားတဲ့အတွက်လည်း လူကြိုက်များစေတာဖြစ်ပါတယ်။ လူအသုံးပြုမှု များလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းရှင်တို့အတွက် စိတ်ကြိုက်ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ စီးပွားရေး Website တွေကို ကြော်ငြာကြမယ်။ ဒီအတွက်ကြောင့် Company တွေအနေနဲ့ မဖြစ်မနေ ကိုယ်ပိုင် website တွေ ဖန်တီးရတော့မယ်။ ပြီးတော့မှ လူသုံးအများဆုံး ဖြစ်တဲ့ Social Media Website တွေမှာကိုယ့်ရဲ့ Website တွေကို ကြော်ငြာကြမယ်။ ဒါဆိုရင် အချိန်ရယ် ငွေရယ်သင့်ကို စိတ်အနှောင့် ယှက်ဖြစ်စေပါတယ်။

ဒီအချက်ကို မှန်းစမိတဲ့ Facebook ရဲ့ အတွေးအခေါ်ကတော့ တကယ်ကို အံ့မခန်းစရာပါပဲ။ အချိန်တိုအတွင်း မိမိ Company ရဲ့ product တွေကို ပြည့်ပြည့်စုံစုံနဲ့ လူအများကြားမှာ ကြော်ငြာနိုင်ဖို့အတွက် Fan Page ကို ဖန်တီးလိုက်ပါတယ်။ ဒါဟာ စီးပွားရေး သမားတွေ online advertising အတွက် Facebook ကို လက်မလွှတ်ကြတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် Social Media Website လောကမှာ Facebook ဟာ ဘုရင် တစ်ပါးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

My Contact

Facebook >>> www.facebook.com/bloggeraungkohtet

Like on Facebook >>>> www.facebook.com/itstudier.akh ,www.facebook.com/mmitknowledge

Blog >>> www.itstudier.com , www.mmitknowledge.com


0 comments:

Post a Comment