၂၀၁၅ ခုနှစ် အစောပိုင်းတွင် Android 5.1 update များ ဖြန့်ချိဖွယ် ရှိဟုဆို


Google သည် အားနည်းချက်များ ပြင်ဆင်ခြင်းနှင့် feature အသစ်တစ်ခု ထည့်သွင်းထားသည့် Lollipop update ကို ၂၀၁၅ ခုနှစ် အစောပိုင်းလများတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း AndroidPit မှဖော်ပြခဲ့သည်။


Google အနေဖြင့် OS အသစ် မရရှိသေးသည့် စမတ်ဖုန်းများနှင့် tablet များထံသို့ Android 5.0 Lollipop ၏ပထမဆုံး update ကိုဖြန့်ချိ ပေးသွားမည်ဖြစ်သည်။ ၎င်း update တွင် အားနည်းချက်များနှင့် ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ထားပြီး သတိပေးချက်၊ ချိတ်ဆက်မှုများနှင့် တည်ငြိမ်မှု ရှိစေရန်အဆင့် မြှင့်တင်မှုများ ပြုလုပ်ထားသည်။ ထို့အပြင် ၎င်းဗားရှင်းသစ်တွင် Android 5.0 တွင်မပါဝင်သည့် silent mode ပြန်လည်ပါဝင် လာမည်ဖြစ်သည်။ Google အတွက် အဓိက Android ဗားရှင်းအသစ် ထွက်ရှိပြီး လအနည်းငယ်အကြာ update များပြုလုပ်ပေးခြင်းသည် လုပ်ရိုးလုပ်စဉ် မရှိသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။


သို့သော်လည်း Android တွင်မတူညီသော handset ကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေ ကြသောကြောင့် ထုတ်ကုန်တစ်ခုနှင့် တစ်ခုကြား အနည်းငယ် ခြားနားမှု ရှိနေမည် ဖြစ်သည်။


Ref : CNET

Internetjournal

0 comments:

Post a Comment