Android စက်ရုပ်က Apple အမှတ်တံဆိပ်အပေါ် ကျင်ငယ်စွန့်နေသည့် ရုပ်ပုံအတွက် Google တောင်းပန်


Google Maps တွင် Android လာဘ်ကောင်ရုပ်က Apple အမှတ်တံဆိပ် အပေါ် ကျင်ငယ်စွန့်နေသည့် ရုပ်ပုံပါဝင်မှုအတွက် တောင်းပန်ကြောင်း Google က Washington Post သတင်းစာသို့ ထုတ်ပြန် ပြောကြားခဲ့သည်။


ကုမ္ပဏီအနေဖြင့် သုံးစွဲသူက ဖန်တီးထားသော သင့်တော်မှုမရှိသည့် အကြောင်းအရာအတွက် ဝမ်းနည်းမိကြောင်း၊ ၎င်းရုပ်ပုံကို အလျင်အမြန်ဖယ်ရှားရန် လုပ်ဆောင်နေကြောင်း၊ အဆိုပါ ကိစ္စရပ်မှ သင်ခန်းစာရယူကာ တားဆီးကာကွယ်မှုများ တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Google ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် မာရာဟဲရစ်က ထုတ်ပြန်ချက်တွင် ပြောကြားသွားခဲ့သည်။
အဆိုပါရုပ်ပုံကို Google က ၎င်း၏မြေပုံအတွင်း သတင်းအချက်အလက်နှင့် အကြောင်းအရာများကို သုံးစွဲသူများက ထည့်သွင်းပေးနိုင်ရန် ခွင့်ပြုထားသည့် Map Maker feature မှတစ်ဆင့် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ရုပ်ပုံသည် Google Maps အတွင်းရှိ ပါကစ္စတန်နိုင်ငံ ရာဝါပင်ဒီမြို့ကို ဖော်ပြထားသည့် နေရာအနီးတွင် တည်ရှိခဲ့ပြီး ၎င်းရုပ်ပုံအတွက် Map Maker account ပိုင်ရှင်ဖြစ်သူ nitricboy တွင် အဓိက တာဝန်ရှိကြောင်း သိရသည်။


Ref: TheVerge


http://internetjournal.media/news/2357

0 comments:

Post a Comment