တစ်ကြိမ်တည်းဖြင့် အရာဝတ္ထု ၁၀ မျိုးဖန်တီးနိုင်သည့် 3D Printer




မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) သည် တစ်ကြိမ်တည်းဖြင့် အရာဝတ္ထု ၁၀ မျိုး ထုတ်လုပ် ဖန်တီးနိုင်သော 3D printer တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။

အဆိုပါ 3D printer ကို MIT ၏ ကွန်ပျူတာသိပ္ပံနှင့် ဉာဏ်ရည်အတု ပြုလုပ်ရာ ဓာတ်ခွဲခန်း (CSAIL) မှ ထုတ်ကုန်ကို စမ်းသပ်ပြသနေသည့် မှတ်တမ်းဗွီဒီယိုကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ 3D printer သည် ဈေးနှုန်းသက်သာပြီး ယခင် လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နိုင်သည့် printer များထက် သုံးစွဲရလွယ်ကူမည် ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် CSAIL သည် SIGGRAPH ကွန်ပျူတာဖြင့် ရုပ်ပုံများ ဖန်တီးခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ၎င်း 3D printer ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ printer သည် လူ့ဆံပင်၏ အထူတစ်ဝက်ခန့်ရှိသည့် အရာဝတ္ထုများအထိ ဖန်တီးနိုင်ပြီး အလိုအလျောက် စံညှိခြင်းနှင့် ပုံစံမှန်ကန်စေရန် ပြုပြင်ပေးခြင်း စသည်တို့ကို  ပြုလုပ်ပေးနိုင်ကာ အရာဝတ္ထုများအတွင်း လျှပ်စီးပတ်လမ်း ကြောင်းများကိုလည်း ထည့်သွင်းပေးနိုင်သည်။

“အခု platform ကို ထုတ်လုပ်ဖို့အတွက် ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ။ ဒီ printer ဟာ အရင်တုန်းက ပုံနှိပ်ဖို့ခက်တာ ဒါမှမဟုတ် လုံးဝမဖြစ်နိုင်တဲ့ အရာဝတ္ထုတွေကို ဖန်တီးနိုင်မယ့် စွမ်းအင်ကို သုတေသီနဲ့ ဝါသနာရှင်တွေ ရရှိလာအောင် လုပ်ဆောင်ပေးတာပါ” ဟု CSAIL မှသုတေသန အင်ဂျင်နီယာ ဂျာဗီးယားရာမို့စ်က ပြောကြားခဲ့သည်။ ၎င်း 3D printer ကိုတည်ဆောင်ရာတွင် ကန်ဒေါ်လာ ၇,၀၀၀ သာ ကျသင့်ကြောင်း စီးပွားဖြစ် ထုတ်လုပ်လျက်ရှိသော လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နိုင်သည့် printer များမှာ ကန်ဒေါ်လာ ၂၅၀,၀၀၀ ရှိကြောင်း MIT က နှိုင်းယှဉ်ပြောကြားခဲ့သည်။

Ref: Wired
Credit internetjournal
Thiha Htike(THT)


0 comments:

Post a Comment