မလေးရှားနေ အမျိုးများသိတော်မူတဲ့ အတိုင်းပါဘဲ။
လဒ်စားမှုများနှင့် ရှုပ်ထွေးနေသော ဝန်ကြီးချုပ်။
နိုင်ငံခြားငွေ လဲလည်နှုန်းနှိမ့်ကျနေသော မလေးရှားငွေကြေးနှင့်စီးပွားရေး။
ထိုကိစ္စတို့ကို ဖြေရှင်းရန်အတွက် လာရောက်လုပ်ကိုင် အသက်မွေးနေကြသော တရားမဝင် နိုင်ငံခြားသားများထံမှ
လည်ပင်းညစ်မည့် အစီအစဉ်များအား များမကြာမှီ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြော်ငြာတော့မှာ ဖြစ်ပါတယ်။
တရားမဝင် နိုင်ငံခြားသားအလုပ်သမားများအား
တရားဝင် အလုပ်လုပ်ခွင့်ကို ထုတ်ပေးတော့မှာ ဖြစ်သလို
ရှုပ်ထွေးသော ဝန်ဆောင်မှုများကိုလည်း ထုတ်ပြန်ပါလိမ့်မည်။
ယခင်က မလေးရှားအစိုးရနှင့် အလုပ်ရှင် အလုပ်သမားများကြားတွင် ဝန်ဆောင်မှုလုပ်ကိုင်ပေးသော အေးဂျင့်များသာ ရှိပါသည်။
ယခုအကြိမ်တွင်တော့ မလေးရှားအစိုးရနှင့်ပတ်သက်သော အွန်လိုင်း ကုမ္ပဏီကြီးတခုဖြစ်သည့်
မိုင်အီးဂျီ (Myeg) ဝန်ဆောင်မှုတခု အပိုဝင်ရောက်လာပါလိမ့်မည်။
ယင်း ကုမ္ပဏီမှ လက်ဗွေနှိပ်မှု ပါမစ်ရအောင် ဖန်တီးပေးမှုအတွက် အလုပ်သမားတယောက်ချင်းစီကို
ဝန်ဆောင်စရိတ် ရင်းဂစ် (2000) သီးသန့်ယူပါလိမ့်မည်။
၎င်းအားပေးရန် ငွေနှစ်ထောင်အား ငွေသားပေးရန် မလိုပါ။
သက်ဆိုင်ရာဘဏ်များမှ ဘဏ့်ထရတ်ဖ်ကို လျောက်မည့်အလုပ်သမားသော်လည်ကောင်း
အလုပ်ရှင်မှသော်လည်ကောင်း နာမည်ခံ၍ဝယ်ယူပြီး ပေးသွင်းရပါမည်။
တဆက်တည်းမှာဘဲ အပြင်အေးဂျင့်များကလည်း သူတို့၏ ဝန်ဆောင်မူအတွက် ရင်းဂစ် 800 မှ 1000 ကြားကို ငွေသား Cash ယူပါလိမ့်မည်။
ထို့နောက် လက်ဗွေနှိပ်သောနေ့တွင် မိုင်အီးဂျီမှ တရားဝင်ထုတ်ပေးသော Passကဒ် ကို ရရှိပါမည်။
ထိုကဒ်သည် သက်တမ်း 7လ မျှ ကြာချိန်ရှိပါသည်။
ထို 7လ အတွင်း အလုပ်သမားဘက်မှ
သက်ဆိုင်ရာနိုင်ငံအလိုက် ပတ်စ်ပို့ဒ် များ ထုတ်ယူရမှာဖြစ်သည်။
ထိုအချိန်တွင်း မိုင်အီးဂျီ လျောက်ပေး၍ ကျလာသော သက်ဆိုင်ရာ ပါမစ်များ အလိုက် ငွေ ထပ်သွင်းရပါလိမ့်မည်။
ကျလာပြီးပါက ဆေးစစ်ရပါမည်။
ဆေးအောင်သော အခါမှ မလေးရှားမှ ထုတ်ပေးသော တရားဝင်ပါမစ်ကို ပတ်စ်ပို့ဒ်တွင်ကပ်ပေးကာ လုပ်ငန်းစဉ်တခုလုံးပြီးဆုံးခြင်းကို ရောက်ပါမည်။
ကုန်ကျနိုင်မည့်ငွေကို ခန့်မှန်းပြပါမည်။
မိုင်အီးဂျီ ဝန်ဆောင်ခ - 2000
အေးဂျင့် ဝန်ဆောင်ခ - 800 မှ 1000 ကြား
ပါမစ်အလိုက် ဗီဇာကြေး - 2000 ဝန်းကျင်
အမျိုးများသတိပြုရန်
ဖေါင်ဖြည့်ရာတွင်
ပါတ်စ်ပို့စ် လက်တွင်းရှိပါက ယင်းစာအုပ်၏ နံပါတ်အား မှန်ကန်စွာ ဖြည့်ရပါမည်။
(စာအုပ်သက်တမ်း တနှစ်ခွဲခန့်ရှိရန် လိုအပ်သည်)
စာအုပ်မရှိသူများ
မှတ်ပုံတင် နံပါတ်နှင့် အဖ အမည်အား မှန်ကန်စွာ ဖြည့်ရမည်။
အစစအရာရာ အမှားပါပါက စာအုပ်သွားလျောက်ရာတွင် အခက်အခဲ ဖြစ်နိုင်ပါသည်။
မိမိကိုယ်ကို ကြိုတင်၍ ဆေးစစ် ဓါတ်မှန်ရိုက် ပြုလုပ်ထားခြင်းသည်လဲ လိုအပ်သော ပြင်ဆင်မှုဖြစ်ပေသည်။
မိမိလိုအပ်သော စာရွက်စာတမ်းများထုတ်ပေးနိုင်သည့် အလုပ်ရှင်အားလည်း ကြိုတင်ရှာထားပါက မလိုအပ်သောကုန်ကျမှုမျိုး မဖြစ်နိုင်ပေ။
၂၅ စက်တင်ဘာ လောက်တွင် တရားဝင်ထုတ်ပြန်ပြီး အောက်တိုဘာ ၁ ရက်မှ စတင်လက်ခံဆောင်ရွက်မည်ဟု ကြားသိရပါသည်။
ကြားသိသလောက် တင်ပြခြင်း ဖြစ်သောကြောင့် အချက်အလက် အနည်းငယ် အလွဲအပြောင်း ရှိနိုင်ပါသည်။

သေချာစီစစ်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။ ။

0 comments:
Post a Comment