
နီပေါနိုင်ငံအခြေစိုက်
Colors Mobile အမည်ရှိ ဟန်းဆက်အသစ်တစ်မျိုးကို ရန်ကုန်မြို့၌ အောက်တိုဘာလ
ပထမအပတ်အတွင်း စတင်ဖြန့်ချိ သွားမည်ဟု ဒေသတွင်း အရောင်းမန်နေဂျာဖြစ်သူ
ကိုအောင်က ပြောသည်။
အဆိုပါ ဟန်းဆက်အသစ်တစ်မျိုးကို
မတ်လအတွင်း မန္တလေးမြို့၌ စတင်ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ယခုအခါ
ရန်ကုန်မြို့၌ ဆက်လက်ဖြန့်ချိသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
တင်သွင်းဖြန့်ချိမည့် ဟန်းဆက်များသည် ဈေးနှုန်းနိမ့် ဟန်းဆက်များဖြစ်ပြီး
ငွေကျပ် ၁ သောင်းခွဲမှ ငွေကျပ် ၁ သိန်း ၇ သောင်းခွဲအတွင်းသာ တည်ရှိသည်ဟု
သိရသည်။
“နိုဝင်ဘာလလောက်မှာတော့ High Class
ဟန်းဆက်တွေ တင်သွင်းသွားဖို့ရှိတယ်။ အဲဒါတွေကလည်း ဈေးနှုန်းအနေနဲ့ ၂
သိန်းလောက်ပဲ ရှိပါမယ်” ဟု ကိုအောင်က ဆိုသည်။
အဆိုပါဟန်းဆက်များသည် မန္တလေးမြို့၌
လစဉ် အလုံးရေ ၁ သောင်းခန့် ရောင်းချနေရကြောင်း၊ ၎င်းတို့အနေဖြင့် နောက် ၆
လအတွင်း ဟန်းဆက် အလုံးရေ နှစ်ဆ ပိုမိုရောင်းချလာရမည်ဟု
မျှော်မှန်းထားကြောင်း ကိုအောင်က ပြောသည်။
Colors Mobile ဟန်းဆက်များအတွက်
Service ဝန်ဆောင်မှုပေးရန် Mobile Service လုပ်ငန်းများ လုပ်ကိုင်နေသည့်
MMIT နှင့် ချိတ်ဆက်ထားပြီး ပြင်ဆင်မှု အတွက် အာမခံကာလအတွင်း
ပစ္စည်းနှင့်လက်ခဖိုးအတွက် အခမဲ့ လုပ်ကိုင်ပေးသွားမည်ဟု သိရသည်။
Ref : Internetjournal






0 comments:
Post a Comment