Linux အခြေခံ operating system တစ်မျိုးကို Microsoft ဖန်တီးနေ

Microsoft သည် Azure Cloud Switch (ACS) ဟုခေါ်သော Linux အခြေခံ operating system တစ်မျိုးကို ဖန်တီးလျက်ရှိသည်။


အဆိုပါ operating system သစ်ကို desktop များနှင့် laptop များတွင် မြင်တွေ့ရမည် မဟုတ်ဘဲ switch များနှင့် router များကဲ့သို့ networking hardware ချိတ်ဆက်မှုအတွက် အသုံးပြုသွားမည်ဟု သိရသည်။
၎င်းကို networking hardware များ စီမံခန့်ခွဲခြင်း လုပ်ဆောင်ချက်များအား ရိုးရှင်းစွာ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ဆိုသည်။


Microsoft ၏ Azure Networking မှ အကြီးအကဲဖြစ်သူ ကာမယ်လာ ဆူဘရာမန်နီယန်က “Microsoft အနေနဲ့ ဈေးကွက်အတွင်းမှာ အလွန်ကောင်းတဲ့ switch hardware platform အများအပြားရှိတာကို ယုံကြည်ပါတယ်။ အခုလို ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုကြောင့် ထုတ်လုပ်ရောင်းချသူတွေအကြားမှာ တီထွင်ဆန်းသစ်မှုတွေကို တွန်းအားပေးနိုင်ပြီး အရှိန်တိုးမြှင့်မှု ဖြစ်ပေါ်စေနိုင်သလို ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။


ဆက်လက်ပြီး ၎င်းက “Azure Cloud Switch (ACS) ဟာ switch တွေလိုမျိုး network device တွေအတွက် ကိုယ်ပိုင်ဆော့ဖ်ဝဲကို တည်ဆောက်တာ ဖြစ်ပါတယ်။ ဒါဟာ Linux ပေါ်မှာ တည်ဆောက်ထားတဲ့ data center networking အတွက် cross-platform modular operating system တစ်ခုပါ။ ACS က software bug တွေ ကို ဖယ်ရှားခြင်း၊ ပြင်ဆင်ခြင်းနဲ့ စမ်းသပ်ခြင်းတွေကို ပိုမိုလျင်မြန်အောင် ပြုလုပ်ပေးနိုင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။


Ref: Zee News


https://www.internetjournal.media/news/4162

0 comments:

Post a Comment