♪ မိုဘိုင်းလောကမှသင်တန်းမျိုးစုံရှိပါတယ် ဒါပေမယ့်မှန်ကန်သောရွေးချယ်မှုတစ်ခုဖြစ်စေချင်ပါတယ် ♫


ယနေ့ခေတ် အနေအထားရဲ့ အကောင်းဆုံး လိုအပ်ချက် တစ်ခု ဖြစ်တဲ့ မိုဘိုင်းဖုန်း ပြုပြင်ခြင်း ဆိုင်ရာ နည်းပညာရပ်များ ကို သင်ကြား တတ်မြောက်ထားခြင်း အားဖြင့် 
လိုအပ်ချက် ပေါ်မူတည်ြ့ပီး အကောင်းဆုံး လုပ်ငန်းထူထောင်နိုင်မှု ( ဖုန်းဆိုင်ဖွင့်ခြင်း)
အကောင်းဆုံး အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ( service technician တစ်ယောက် အဖြစ် ရပ်တည်ခြင်း )
တစ်ပိုင်တစ်နိုင် ကိုယ်တတ်မြောက်ထားသော ပညာရပ်ဖြင့် ၀င်ငွေ ရှာဖွေနိုင်ခြင်း ( မိတ်ဆွေ ၊ အပေါင်းအသင်း ၊ သူငယ်ချင်း ဖုန်းများ Service လုပ်ပေးခြင်း )
အစရှိတဲ့ .. ပုံစံ အမျိုးမျိုးနဲ့ Service ပြန်လည် လုပ်ကိုင်လို့ ရစေမှာ ဖြစ်ပါတယ် …. ။
ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့ ပညာရပ်ဖြစ်လို့ ရည်ရွယ်ချက်ကြီးစွာ ထားရှိကြတဲ့ လူငယ်တိုင်း ၊ လက်ရှိ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေသူတိုင်း ၊ ကိုယ်ပိုင် စီးပွားရေး တစ်ခုကို ထူထောင်လိုသူတိုင်း ၊ ယောင်္ကျား ၊ မိန်းမ မရွေး တတ်မြောက်ထား သင့်တဲ့ ပညာရပ် တစ်ခု လည်း ဖြစ်ပါတယ် ။
ပညာလို အိုသည် မရှိ ဆိုတဲ့ စကားအတိုင်း ဒီပညာရပ်ဟာ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခု ဖြစ်တာကြောင့် အသက်အရွယ်ကြီးလား ၊ ငယ်လား ၊ ပညာအရည်အချင်း ရှိလား ၊ မရှိလား စတာတွေကို ထည့်တွက်စရာ မလိုပဲ မည်သူမဆို လွတ်လပ်စွာ သင်ကြားနိုင်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ် ။


အဲ့ဒါကြောင့် ဒီပညာရပ်ကို သင်ယူဖို့ ဆုံးဖြတ်လိုက်ပြီ ၊ ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုတော့မယ် ၊ ဒီပညာရပ်နဲ့ စီးပွားရှာတော့မယ် ဆိုရင်တော့ …. ကျွန်တော်တို့ The Last Mobile Service & Training Centre မှ တာဝန်ယူပါရစေ ခင်ဗျာ …. ။
ကျွန်တော်တို့ သင်တန်းမှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်း ( Software ပိုင်း ၊ Hardware ပိုင်း ) ခွဲထားပါတယ် ။
၂ ပိုင်းလုံး တစ်ခါတည်း တက်ရောက်လို့ ရသလို ၊ ကိုယ်ကြိုက်နှစ်သက်ရာ အပိုင်း ကို လည်း ရွေးချယ် တက်ရောက်လို့ ရပါတယ် ။
Software ပိုင်း သင်ကြားမှု အပိုင်းကို အရင် မိတ်ဆက်ပေးပါမယ် ။
တန်းခွဲ တစ်ခုမှာ သင်တန်းသား (၈) ဦး သင်ကြားပေးပါတယ် ။ သင်ကြားပေးတဲ့ Course တွေက …
- Computer အခြေခံ စတင် သင်ကြားခြင်း
- ရေပန်းစား လူကြိုက်အများဆုံး OS နှစ်ခု ဖြစ်တဲ့ Android , iOS ၂ မျိုးလုံး ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေခြင်း
- Android OS သမိုင်းကြောင်းနှင့် လက်ရှိ ထွက်ခဲ့ပြီးသော Version History များအကြောင်း ရှင်းလင်း နားလည်စေခြင်း
- Android ဖုန်း တစ်လုံး အတွင်းရှိ Settings များကို သိရှိ နားလည်စေခြင်း
- Third Party PC Suite Software များ အသုံးပြုပြီး Application , Game , Contact , Message , Photo , Video  install လုပ်ခြင်း (ထည့်ခြင်း) , backup လုပ်ခြင်း (ထုတ်ခြင်း)
- Samsung , Sony , HTC , Huawei စသော Branded ဖုန်းများ အပြင် ယခု နောက်ပိုင်း ရေပန်းစားလာသော Coolpad , Oppo , Vivo , Xaiomi , Gionee , G-Five , Hisense အစရှိသော ဖုန်းများ နဲ့ နယ်သမားများ စိတ်ကြိုက် ဖြစ်စေမဲ့ တန်ဖိုးနည်း China Clone ဖုန်းများ ၊ Samsung Clone , Sony Clone , X-Bo , Hello စတဲ့ ဖုန်းတွေ အထိ
-  Official Firmware , Custom Firmware , Version Upgrade , Downgrade လုပ်ခြင်း
- မြန်မာဖောင့်ထည့်ခြင်း , Pattern , Password Lock ဖြည်ခြင်း
-  imei ပြန်ရေးခြင်း အစရှိတာတွေ အကုန်လုံး စနစ်တကျနဲ့ သင်ကြား တတ်မြောက်စေပါတယ် ။
- အဆိုပါ ဖုန်း အားလုံး အတွက် One Click Root များ ၊ CWM file များ ၊ Root ဖောက်ရာမှာ လိုအပ်တဲ့ Bootloader Unlock လုပ်ခြင်း အစရှိတဲ့ နည်းပညာရပ်များ


- Root ဖောက်ရန် ခက်ခဲသော Huawei ဖုန်းများ insecure boot ကိုယ်တိုင် တည်ဆောက်ခြင်း
- နောက်ဆုံးထွက် Miracle Box ဖြင့် MTK Chipset အသုံးပြုထားသော ဖုန်းများ Pattern , Password ဖြည်ခြင်း ၊ Firmware Backup ထုတ်ခြင်း
- MTK DroidTools အသုံးပြုပြီး imei restore , firmware backup ယူခြင်း
- Root Explorer အသုံးပြုပြီး ဖုန်းအား စိတ်ကြိုက် ပြင်ဆင်နည်းများ
- ADB Command အသုံးပြုပြီး Pattern , Password ဖြည်ခြင်း ၊ Bat file ကိုယ်တိုင်ရေးသားခြင်း
- Octopus , Miracle , SPT Box အမျိုးမျိး အသုံးပြု သင်ကြားခြင်း
စတဲ့ Android ပိုင်းနဲ့ ပတ်သောသော Software Error အမျိုးမျိုး အပြင်
- iOS သုံး Apple ဖုန်းများ အတွက် နောက်ဆုံးပေါ် iPhone 6s , 6s Plus တွေ အသုံးပြုပြီး
- iOS အကြောင်း ၊ Apple အကြောင်း နားလည်စေခြင်း ၊ Settings များအကြောင်း ရှင်းလင်း သင်ကြားခြင်း
- itune Software အကြောင်းနာလည် စေခြင်း ၊ third party pc suite များ အကြောင်း ရှင်းလင်းခြင်း
- Firmware Restore ပြုလုပ်ခြင်း , Firmware Restore ပြုလုပ်ရာမှာ ဖြစ်တတ်တဲ့ Error များ
- Jailbreak လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ Cydia Tweak များ အသုံးပြုခြင်း
- Apple ID ပြုလုပ်ခြင်းး စတဲ့ iOS နဲ့ ပတ်သတ်တဲ့ နည်းပညာရပ်များ
 အစရှိတဲ့ Software ပိုင်းနဲ့ သက်ဆိုင်တဲ့ မိုဘိုင်းဖုန်း Error အမျိုးမျိုး အပြင်
- ဖုန်းဆိုင် တစ်ဆိုင် အတွက် လိုအပ်တဲ့ Facebook Acccount ဖွင့်နည်း များ ၊ Lock ဖြည်နည်းများ ၊ Gmail , Skype , Viber , Tango , WeChat အစရှိတဲ့ Account ဖွင့်နည်းများ
Software ပိုင်းနဲ့ ပတ်သတ်ပြီး လက်ခ တောင်းယူပုံ တောင်းယူနည်းက အစ ၊ $ ရရှိစေနိုင်သော နည်းလမ်းများ အားလုံးကို သင်ကြားပေးပါတယ် ။
Hardware ပိုင်းနဲ့ ပတ်သတ်ပြီး
တန်းခွဲ တစ်ခုမှာ အနည်းဆုံး (၁၀) ဦး သင်ကြားပေးပါတယ် ။
- သင်တန်းသား တစ်ယောက်စီ တိုင်းအတွက် Electronics အခြေခံ မှ စတင်ပြီး နားလည် တတ်မြောက်စေခြင်း
- Hardware ပြုပြင်ရန် အတွက် လိုအပ်ချက် ဖြစ်တဲ့ Power Supply , Air Gun , ခဲဂေါက် အစရှိတဲ့ ပစ္စည်းများအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ရှင်းလင်းသင်ကြားခြင်း
- မိုဘိုင်းဖုန်း အမျိုးမျိုး ၊ Tablet မျိုးမျိုး တို့ အတွက် ဖြုတ်နည်း ၊ တပ်နည်းများ ကိုယ်တိုင် လုပ်ဆောင်စေပြီး ပြင်ဆင် စေခြင်း
- လျှော့ကျနေသော အစိတ်အပိုင်းအား ရှာဖွေ ၊ ပြုပြင် ၊ လဲလှယ် နည်းများ ကိုယ်တိုင် လုပ်ဆောင်စေခြင်း
-  ဖုန်းအများစု တွင် ဖြစ်တတ်သော EMMC Error , Power IC Error တို့ကို ပြုပြင်ရန်အတွက် ခဲရှင်းခြင်း ၊ ခဲလောင်းခြင်း
- MultiMeter , Digital Meter အသုံးပြုနည်းများ
- Touch , LCD , Mic , Earpiece , Speaker အားလုံး ကို ကိုယ်တိုင် လဲလှယ်တတ်စေရန် သင်ကြားခြင်း
- board ပိုင်းဆိုင်ရာ ပစ်ချက်များ အတွက် လမ်းကြောင်းလိုက်နည်း အခြေခံ
အစရှိတဲ့ Hardware ပိုင်းနဲ့ ပတ်သတ်တဲ့ Error များ အားလုံးကို အချိန်တို အတွင်း တိကျစွာဖြင့် ရှင်းလင်း သင်ကြားပေးခြင်း ။
အထက်ပါ သင်ကြားနည်း ပုံစံ အမျိုးမျိုးကို သင်တန်း ပို့ချ နေခြင်းမျိုး မဟုတ်ပဲ Service ဆိုင် တစ်ဆိုင်မှာ ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်  နေသလို ပုံစံ မျိုးနဲ့ သင်ကြားပို့ချ ပေးတာကြောင့် အချိန်တို အတွင်း service technician တစ်ယောက် အဖြစ် ရပ်တည် စေနိုင်ပါတယ် ။
- Customer တစ်ယောက် ဖုန်းလာအပ်တိုင်း ကိုယ်တိုင် Service လက်ခံရမှာ ဖြစ်ပြီး ကိုယ် လက်ခံထားတဲ့ ဖုန်း တွက် ပြင်ဆင်မှု ကိုလည်း မိမိကိုယ်တိုင် လုပ်ဆောင်ရမှာပါ ။
- ပြင်ဆင်ဖို့ အတွက် လိုအပ်တဲ့ touch , lcd , ear piece , mic က အစ မိမိ ကိုယ်တိုင် Spare Parts ဆိုင်ကို သွားရောက် ၀ယ်ယူပြီး service ပြုလုပ်ရမှာပါ ။
- ပြုပြင်ပြီးဖုန်းများ အတွက် Customer ကို ကိုယ်တိုင် အပ်နှံပြီး ဖြစ်ပေါ်လာသော Error များ အကြောင်း ကို ကိုယ်တိုင် ရှင်းပြပေးရမှာပါ ။
- သင်တန်းပြီးမြောက်သွားပြီးနောက် ထပ်မံ အတွေ့အကြုံ ယူချင်သေးတဲ့ သင်တန်းသားများ အတွက်လည်း သင်တန်းမှာပဲ ထပ်မံ ပြီး အတွေ့အကြုံကောင်းများ ယူနိုင်ရန်လည်း စီစဉ်ပေးထားပါသေးတယ် … ။
အဲ့ဒါကြောင့် ယနေ့ခေတ်ရဲ့ အကောင်းဆုံး လိုအပ်ချက် တစ်ခု ဖြစ်တဲ့ မိုဘိုင်းဖုန်း ပြုပြင်နည်း နည်းပညာရပ်တွေနဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်တယ်ဆိုရင်တော့ …… ကျွန်တော်တို့ The Last Mobile ကို အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ ….. ။
သင်တန်းကြေးတွေ အနေနဲ့ Software ၂ သိန်း ၊ Hardware ၃ သိန်း ၊ ၂ မျိုးပေါင်း ၅ သိန်းပါ ခင်ဗျာ ။ ( အရစ်ကျလည်း ပေးသွင်းနိုင်ပါတယ် ။ )
၅.၁၁.၂၀၁၅ ရက်နေ့မှာ အပတ်စဉ် (၉) တန်းခွဲ စမှာ ဖြစ်ပါတယ် ။
The Last Mobile
Service & Training Centre
တိုက်(၁) ၊ အခန်း (၀၀၃) ၊ ပါရမီ အိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ ရန်ကုန် - အင်းစိန်လမ်း နှင့် ပါရမီ လမ်းထောင့် (ဘုရားလမ်း မီးပွိုင့်အနီး ) လှိုင်မြို့နယ် ၊ ရန်ကုန်မြို့ ။
၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download

0 comments:

Post a Comment