Candy Crush ကိုဖန်တီးသည့် ကုမ္ပဏီအား ဒေါ်လာ ၅.၉ ဘီလီယံဖြင့် Activision Blizzard ဝယ်ယူ




ဗီဒီယိုဂိမ်းကုမ္ပဏီ Activision Blizzard Inc သည် ၎င်း၏ မိုဘိုင်းဂိမ်းလုပ်ငန်းကို ပိုမိုတောင့်တင်းစေရန်အတွက် Candy Crush Saga ဂိမ်းကို ဖန်တီသည့် King Digital Entertainment ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံဖြင့် ဝယ်ယူမည်ဟု ပြောကြားသည်။

Activision Blizzard ၏ ဌာနခွဲတစ်ခုဖြစ်သော ABS Partners CV သည် King ၏ ရှယ်ယာတစ်စုကို ၁၈ ဒေါ်လာဖြင့် ဝယ်ယူမည် ဖြစ်သည်။ ၎င်းသည် အောက်တိုဘာလ ၃၀ ရက် ရှယ်ယာတန်ဖိုးထက် ၂၀ ရာခိုင်နှုန်းမြင့်မားသည်။

King ၏ မိုဘိုင်းဂိမ်းများသည် Activision ကို မိုဘိုင်း၊ ဂိမ်းစက်နှင့် PC platform တစ်ဝန်းတွင် ဦးဆောင်သူအဖြစ် ရပ်တည်စေလိမ့်မည်ဟု Activision မှ ပြောကြားခဲ့သည်။

သုံးစွဲသူများသည် ဂိမ်းကစားခြင်းကို ဂိမ်းစက်များမှ စမတ်ဖုန်းနှင့် tablet များပေါ်တွင် ပြောင်းလဲပြုလုပ်လာကြသလို ဗီဒီယိုဂိမ်း ကုမ္ပဏီများကလည်း အကျိုးအမြတ်များစေမည့် ဒီဂျစ်တယ်လုပ်ငန်းများအပေါ် ပြောင်းလဲအာရုံစိုက်လာကြသည်။

အလျင်အမြန် တိုးတက်လာသော မိုဘိုင်းဂိမ်းသည် ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ဝင်ငွေ ဒေါ်လာ ၃၆ ဘီလီယံကျော် ရှိလာမည်ဟု ခန့်မှန်းထားကြောင်း Activision မှ ဆိုသည်။

Activision သည် World of Warcraft, Call of Duty နှင့် Diablo ကဲ့သို့သော နာမည်ကျော်ဂိမ်းများကို ပိုင်ဆိုင်သူဖြစ်ပြီး လစဉ်သုံးစွဲသူ သန်း ၅၀၀ ကျော်ရှိသည့် King ဖြင့် ပေါင်းစပ်ခြင်းကြောင့် ၂၀၁၆ ခုနှစ်တွင် ဝင်ငွေ ၃၀ ရာခိုင်နှုန်း တိုးတက်လာဖွယ်ရှိကြောင်း ကုမ္ပဏီမှ ခန့်မှန်းထားသည်။

Ref: Reuters
Credit  internetjournal

သီဟထိုက်
My Facebook Account Click



0 comments:

Post a Comment