♪ ဘယ်တော့မှမရိုးသွားတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ဂိမ်းကောင်းလေးတွေ ♫


ဒီတစ်ပတ် TGIF မှာတော့ အိမ်ထဲမှာအောင်းပြီးဂိမ်းဆော့မယ် တွေးထားတဲ့သူတွေအတွက် တစ်ချိန် တစ်ခါကနာမည်ကြီးခဲ့တဲ့ ဆော့လို့လည်းမရိုးနိုင်တဲ့ ဂိမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။ အားလုံးလည်း ဆော့ဖူးတဲ့သိပြီးသားဂိမ်းတွေပဲဖြစ်လို့ ရှည်ရှည်ဝေးဝေးကြီးတော့ မပြောတော့ပါဘူး

Subway Surfers
Image result for Subway Surfers

သူကတော့ Google Play Store မှာ ဒေါင်းလုပ်ဆွဲသူအများဆုံး Android ဂိမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဖမ်းမိလို့ရှုံးသွားတာနဲ့ မရပ်ချင်လောက် ဆက်ဆက်ဆော့ချင်စိတ်ကို ဆွပေးတဲ့ နာမည်ကြီး Android ဂိမ်းတစ်ခုပါပဲ။ ဂိမ်းကတော့ အားလုံးသိတဲ့အတိုင်း ရဲလက်ကလွတ်အောင်ပြေးပြီး တစ်လမ်းလုံးက coin တွေကို လိုက်စုရမှာပါ။ ဒေါင်းလုပ်ဆွဲချင်ရင်တော့
Android —> Download

Temple Run
Image result for Temple Run

သူကတော့ android မိုဘိုင်းလ်ဂိမ်းမှာ အပြောင်းအလဲတစ်ခုအနေနဲ့ စခဲ့တဲ့ဂိမ်းလို့ပြောလို့လည်းရပါတယ်။ Temple Run 2 ကတော့ Adventure ဂိမ်းမျိုးပါ။ ဒီမှာလဲတူတူပါပဲ လူဝံကြီးလက်ကလွတ်အောင် ပြေးတာ ကွေ့တာ လျှောတိုက်စီးတာ ဒါမျိုးတွေနဲ့ဆော့ရတာပါ။ graphic တွေကလည်း ကောင်းပြီး ပတ်ဝန်းကျင်ကလည်း ပြေးရင်းနဲ့ပြောင်းပြောင်းသွား၊ score တွေ coin တွေစုမိတာနဲ့ စွမ်းရည်မြှင့်နိုင်တဲ့ power up တွေဝယ်၊ စွမ်းရည်တစ်မျိုးစီနဲ့ အားသာချက်တွေရှိတဲ့ ဇာတ်ကောင်တွေဝယ်ပြီးဆော့လို့ရမယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ ဒေါင်းလုပ်ဆွဲချင်ရင်တော့
Android —> Download

Angry Birds
Image result for Angry Birds
Angry Birds ဂိမ်းကလည်း play store မှာ လူတော်တော်များများစွဲလမ်းခဲ့တဲ့ဂိမ်းတစ်ခုပါ။ android တွေအတွက်တော့ဗားရှင်းအမျိုးမျိုးထွက်ပေးခဲ့ပါတယ်။ graphic တွေကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပြီး Angry bird ဇာတ်လမ်းကိုအခြေခံပြီးထုတ်ခဲ့တဲ့ ဂိမ်းလေးပါပဲ။ အဆင့်တစ်ဆင့်စီတိုင်းမှာ ဗျူဟာတွေ ကျွမ်းကျင်းမှုတွေ ဦးနှောက်သုံးပြီး ပစ်ရမှာတွေပါပါတယ်။ ဒေါင်းလုပ်ဆွဲချင်ရင်တော့
Android —> Download

Candy Crush Saga
Image result for Candy Crush Saga
ဂိမ်းအတွက်အချိန်ပေးဆော့ချင်ရင်တော့ Candy crush ဂိမ်းလေးရှိပါတယ်။ ခုချိန်ထိ တော်တော်များများရဲ့ အသည်းစွဲဂိမ်းဖြစ်နေဆဲဖြစ်ပြီး တစ်ခါဆော့ပြီးရင် တစ်ဆင့်တစ်ဆင့်တက်ပြီးဆော့ချင်စိတ်ပေါက်လာမယ့် စွဲလည်းစွဲတဲ့ ဂိမ်းလေးတစ်ခုပါ။ ဒါတော့ အကုန်နီးပါးဆော့ဖူးကြမယ်ထင်ပါတယ်။ ဒေါင်းလုပ်ဆွဲချင် ရင်တော့.
Android —> Download

Dr. Driving
Dr. Driving Screenshot
သူကတော့ ကားမောင်းတဲ့ဂိမ်းလေးတစ်ခုပါ။ Play Store မှာလည်း Rating ကောင်းကောင်း ရထားတဲ့ဂိမ်းလေးပါ။ လမ်းစည်းကမ်းတွေအားလုံးကိုလိုက်နာပြီး ကားကိုမောင်းရမှာဖြစ်ပြီး ကားမောင်း ကျွမ်းတဲ့သူတွေတော့ အေးဆေးဆော့လို့ရတဲ့ဂိမ်းလေးပါ။
Android —> Download

Cut the Rope 2
Image result for Cut the Rope 2

ဒါကလည်း ဆော့မိရင်တော်တော်နဲ့ဖြတ်မရတဲ့ဂိမ်းလေးပါ။ အဆင့်အလိုက် ခေါင်းသုံးသုံးဆော့ရတာဖြစ်လို့ မရလေ မခံချင်လေ မရရရအောင်ဆော့လေ ဒီလိုနဲ့အချိန်ကုန်မှန်းမသိကုန်သွားမယ့်ဂိမ်းလေးပါ။ ကြယ်တွေအားလုံးလည်းရအောင်လုပ်ရမှာဖြစ်ပြီး ချိုချဉ်ကို အကောင်လေးဆီရောက်လာအောင် ခေါင်းသုံးပြီး ကြိုးတွေဖြတ်ချရမယ့်ဂိမ်းလေးပါ။
Android —> Download



Credit to ==> Digital Times






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  


**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။


**  အဆင်ပြေပါစေဗျာ။


 






0 comments:

Post a Comment