Memory Cleaner


 
 
ဒီကောင်လေးကတော့ Memory Cleaner လေးပါ ..ကျွန်တော်တို့ တစ်နေ့နေ့ ကွန်ပျုတာကို အသုံးပြုတဲ့အခါမှာ စက်စဖွင့်ပြီဆိုတာနဲ့ Application ပေါင်းစုံကို စပြီးလည်ပါတ်တော့ တာပါပဲ .. Application တွေကိုအသုံးပြုတာ များလာလို့ Memory ရဲ့ System Cache တွေများ လာတာပဲဖြစ်ဖြစ် ကျွန်တော်တို့ မမြင်နိုင်တဲ့ အမှိုက်သရိုက်လေးတွေကို ဒီကောင်လေးနဲ့ ရှင်းပေးလို့ရမှာ ဖြစ်ပါတယ် . အသုံးအပြု ရတာလည်း ဘာမှမခက်ခဲ ပါဘူး အခုတင်ပေးလိုက်တဲ့ ကောင်လေးကို Install လုပ်ပေးလိုက်ယုံပါပဲ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွား လိုက်ပါ .. 
 
မူရင်း။ ။ အယ်ဖိုး
comments

TuneUp Utilities 2012 သုံးပြီး မိမိကွန်ပျူတာ ပိုမို မြန်ဆန်လာအောင် လုပ်ကြည့်ရအောင်

အားလုံးမျှော်နေတဲ့ TuneUp Utilities 2012 လာပါပြီဗျာ. ရရချင်းကို serial number နဲ့ တစ်ခါတည်း တင်ပေးလိုက်ပါတယ်. အရင်က version နဲ့တော့ တော်တော်လေး ကွာလာ တာကို တွေ့ရပါတယ်. တစ်ခုသတိပေးထားပါမယ်. သူ့ကို install လုပ်တော့မယ်ဆိုရင် ကွန်ပျူတာကို ဘာမှမသုံးပါနဲ့ အင်တာနက်ကိုလဲ တတ်နိုင်ရင် ဖြုတ်ထားပေးပါ. အဲ့ဒါဆိုရင် install လုပ်တာ အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ။ သူကဘာအတွက်သုံးတာလဲဆိုရင် ကွန်ပျူတာဖွင့်တဲ့အချိန်မှာ စက်က အရမ်းလေးနေတတ်တယ်. ဘာ့ကြောင့်လေးရတာလဲဆိုရင် ကိုမမြင်ရ တဲ့နောက်ကွယ်မှာ မလိုအပ်တဲ့ program တွေက run နေလို့ပါ. လိုအပ်တဲ့ program နဲ့ မလိုအပ်တဲ့ program ကို TuneUp Utilities 2012 ခွဲပေးတဲ့အပြင် မလိုအပ်ပဲ ပွင့်နေတဲ့ program တွေကိုလည်း ပိတ်ပစ်လို့ရပါတယ်. ဒါပေမယ့် antivirus program နဲ့ driver program တွေကိုတော့ မပိတ်ပစ်ပါဘူး. အဲ့လိုမျိုး ဖြစ်ရပ်တွေဟာ program တွေ အများကြီးတင်ထားတဲ့ စက်တွေမှာ အဖြစ်များပါတယ်. ပြီးတော့ Registry ကို သန့်ရှင်းရေးလုပ်နိုင်ခြင်း၊ registry ကို စနစ်တကျ ဖြစ်အောင် Defragment လုပ်ပေးခြင်း၊ ကွန်ပျူတာအတွက် အသုံးမလိုတော့တဲ့ shortcuts များကို ဖယ်ရှားပေးခြင်း၊ ကွန်ပျူတာအတွက် မလိုအပ်တော့တဲ့ temporary files များကို ဖျက်ပေးခြင်း၊ hard disk ထဲမှာရှိတဲ့ ဖိုင်များကို စနစ်ကျ ပြန်စီပေးခြင်း စသည့် Tools များကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာ မြန်ဆန်လာမှာဖြစ်ပါတယ်. ဒါတွေဟာ ကွန်ပျူတာမှာ မလုပ်မနေရ လုပ်ပေးရမယ့် သန့်ရှင်းရေးနဲ့ ပြုပြင်မှုလေးတွေပါ.  အဲ့ဒီ့အတွက် အခုနောက်ဆုံးထွက် version ဖြစ်တဲ့ TuneUp Utilities 2012 ကို သုံးကို သုံးထားသင့်ပါတယ်. အသုံးပြုနည်းကိုတော့ မသုံးတတ်တဲ့ သူများအတွက် နောက်နေ့မှပဲ ပုံတွေနဲ့ ရှင်းပြပေးပါ့မယ်.

Download mirrorcreator | ifile | mediafire | zshare | ziddu | megaupload
 
မူရင်း။ ။ ညီနေမင်း
comments

Cameyo( Portable applications creator - Free )

http://www.cameyo.com/images/prod_cameyo.png
 
 
ဒါလေးက သုံးရတာ အဆင်ပြေပါတယ်။ ကိုယ်က portable လုပ်ချင်တဲ့ software မ ထည့်ခင် လေးမှာ ဒါလေးကို run ထားပေးရုံပါ။ ပြီးရင်တော့ Capture ကို နှိပ်ပေါ့။ ဒီလို ဆိုရင် portable လုပ်ချင်တဲ့ software ကို စ install လုပ်လို့ ရပါပြီ။

ပြောနေတာ ကြပါတယ်။ စမ်းသုံးကြည့်လိုက်ပါ။

Download Here( မူရင်း လင့်ခ်ပါ )
 
မူရင်း။ ။  ကိုယ်ချင်းစာသူ
comments

2011 ရဲ့ အကောင်းဆုံး Video Converter

ဟိုတစ်နေ့က toptenreviews.com ကိုဝင်ကြည့်တော့ အဲ့မှာ Video Converter Software List ကိုကြည့်တော့ AVS Video Converter ကိုသွားတွေ့တယ်။ ဒီကောင်က ထိပ်ဆုံးမှာရှိနေတာ။ NO.1 ပေါ့။ ကျွန်တော်လက်ရှိသုံးနေတဲ့ Total Video Converter က နံပါတ်-၉ မှာ။ ဒါနဲ့ NO.1 မှာရှိနေတဲ့ AVS Video Converter ကိုသုံးချင်စိတ်ပေါ်လာတာနဲ့ ဒေါင်းပြီးသုံးကြည့်လိုက်တယ်။ ဘာကောင်းလဲ ၊ ဘာကြောင့် နံပါတ်တစ် ဖြစ်နေရလဲဆိုတာ ၊ သုံးကြည့်ပြီးမှ သိလိုက်၇တယ်။ ကျွန်တော်သုံးဖူးသမျှ Video Converter  တွေထဲမှာ ဒီကောင်က အကောင်းဆုံးပဲ။ Video convert လုပ်ရင်၇လာတဲ့ quality က တခြား Converter တွေထက် ပိုကောင်းတယ်။ နောက်ကျွန်တော်တို့ရိုက်တဲ့ Video camera

မှ၇လာတဲ့ AVI ကို dvd သို့ပြောင်းသောအခါ ၊ တစ်ခြား convert တွေမှာ scence တစ်ခုနဲ့တစ်ခု ပုံရိပ်အပြောင်းမှာ မှုန်းဝါးဝါးလေးတွေ ဖြစ်ဖြစ်သွားတယ်။ ဒီ AVS Video Converter နဲ့စမ်းတာ လုံးဝကို မှုန်းဝါးဝါးမဖြစ်ဘူးဗျာ။ နောက် Frame rate အကူးအပြောင်းကလဲ လုံးဝကိုသပ်ရပ်တယ်။ နောက်ထူးခြားတာလေးတွေရှိသေးတယ်။ ပြောနေရင် လေရှည်နေအုံးမယ်။ စမ်းသပ်ချင်ရင် Post အောက်ဆုံးမှာ Mediafire Link ရှာပေးထားတယ်ဗျာ။.........

AVS VIDEO Converter (website)
TOP TEN (video converter software)
Picture
ကြိုက်ရာ Format ကိုရွေးပါ။ MKV အတွက်ကတော့ မိုက်မှမိုက်ပဲ။
Picture
Phone > Players အတွက်လဲ အစုံ၇သေးတယ်။
Picture
Facebook < Youtube အတွက်၇သေးတယ်ဗျာ။
Picture
Video Edit လုပ်ဖို့လဲ ပါသေးတယ်။
Picture
DVD အခွေအတွက် Menu တွေလဲ ပါသေးတယ်ဗျာ။
ဒီအောက်မှာ ဒေါင်းနိုင်တယ်။ Portable  ဖြစ်ပါတယ်။ AVS Video Converter 8.0.1.492 Portable
Mediafire အဆင်မပြေသူများအတွက် အောက်ကအတိုင်းဒေါင်းနိုင်ပါတယ် ခင်ဗျာ။
သူ့မူရင်းဆိုက်ကနေ software ကိုဒေါင်းလိုက်ပါ။........
နောက် အောက်က link မှာ crack ယူလိုက်ပါ.........

Crack ကို  ဒီမှာလဲ  ရယူနိုင်ပါတယ်

မူရင်း။ ။ noneaccessdenied
comments

အင်္ဂလိပ် + မြန်မာ Dictonary [ 1.53mb ]

 
ဖိုင်ဆိုက်ဒ်က သေးသေးလေးပါ စိတ်ဝင်စားရင်

comments

ရေဒီယို 7ခုကို ပေါင်းထားတဲ့ Application လေးပါ

အွန်လိုင်း က ရေဒီယိုတွေကို တစုတစည်းထဲကြိုက်ရာနားထောင်လို့ရအောင်စုစည်းပေးထားတဲ့ application လေး တခုကို မိတ်ဆက်ပေးမှာပါ..။
အထွေအထူးတော့ မဟုတ်ပါဘူး အွန်လိုင်းမှာရှိတဲ့ ရေဒီယို 7ခုကို ပေါင်းပြီးapplication

လေးတခုအဖြစ်ဖန်တီးပေးထားတာပါ။

လက်ရှိ နားထောင်လို့ရတဲ့ ရေဒီယို 7ခု ကတော့
၁။ ဗုဗ်ဓ FM Radio
၂။ Just Music Radio(JMR)
၃။ အိမ်မက်လှိုင်းRadio(EML)
၎။ အဖြူရောင်သံစဉ်Radio(APYTZ)
၅။ Myanmar Youth Media Club Radio(MYMC)
၆။ Australia Myanmar Youth Community
ရ။Russia Zaycev Fm

အသုံးပြုပုံကတော့
Picture
Picture
Picture
အသုံးပြုရလွယ်အောင်မြန်မာလိုပဲ လုပ်ပေးထားတာလေးပါ..။ကဲဒေါင်းချင်သူများအောက်မှာ ဒေါင်းသွားလိုက်ပါ

မူရင်း။ ။   MMitD
comments

Photo Slide Show လုပ်ချင်သူများအတွက် Ashampoo Slideshow Studio HD 2.0.1

Ashampoo Slideshow Studio HD 2 v2.0.4 MFShelf Software



Ashampoo Slideshow Studio HD 2.0.5 / Portable


မိမိ ဓာတ်ပုံတွေကို နောက်ခံ သီချင်းလေးတွေနဲ့ Slideshow လုပ်တဲ့ ဆော့ဝဲလ် လေးပါ..။ အောက်မှာ ဒေါင်းယူနိုင်ပါတယ် ..။

အဆင်မပြေတာရှိခဲ့ရင် C-box , Facebook , Comment တနေရာရာကနေ ပြောခဲ့နိုင်ပါတယ်..။

ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)
comments

ကွန်ပျူတာလုံခြုံရေးအတွက် သိထားသင့်တဲ့ TCPview

  
ကွန်ပျူတာလုံခြုံရေးအတွက် သိထားသင့်တဲ့ Tools တစ်ခုကို ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ဒီနေ့ခေတ် ကွန်ပျူတာဗိုင်းရပ်စ်တွေက ကွန်ပျူတာစက်အစိတ်အပိုင်းတွေကို ဖျက်ဆီးတာထက် စက်ထဲမှာရှိတဲ့ အရေးကြီး အချက်အလက်တွေ၊ လုံခြုံရေးစကားဝှက်တွေကို ခိုးယူတာက ပိုများပါတယ်။

ဒီလိုခိုးယူနိုင်ဖို့ ကွန်ပျူတာထဲမှာ ခိုအောင်းပြီး စောင့်ကြည့်အနေအထားနဲ့ ချောင်းမြောင်းနေတဲ့ ပရိုဂရမ်တွေကို စက်တွေထဲမှာ ကူးစက်ထည့်သွင်းကြပါတယ်။

၎င်းပရိုဂရမ်တွေကို Rootkit, Spyware, Trojanစသဖြင့် ကွန်ပျူတာ ဗိုင်းရပ်စ် အမည်တပ်ခေါ်ဆိုကြပါတယ်။ Trojan တွေ၊ Rootkit တွေ ကွန်ပျူတာထဲမှာ ၀င်ရောက်နေပြီဆိုရင်တော့ စက်ဟာ နှေးသထက်နှေးလာပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ မိမိစက်ကနေ အချက်အလက်တွေ ရယူပေးပို့နိုင်ဖို့ ကွန်ရက်ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှာဖွေ ချိတ်ဆက်နေလို့ ဖြစ်ပါတယ်။

ကွန်ပျူတာကွန်ရက်ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း (Transport Layer) ခေါ် အင်တာနက်ဆက်သွယ်မှုနည်း နှစ်မျိုးရှိပါတယ်။

TCP (Transmission Control Protocol) နဲ့ UDP (User Datagram Protocol) တို့ ဖြစ်ပါတယ်။

၎င်း Protocol တွေကနေ ဆက်သွယ်မှုဝင်ထွက်ပေါက် (Port)ကို ဖြတ်သန်းပြီး အချက်အလက်တွေကို သွင်းထုတ်နိုင်ကြပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာကနေ ဘယ်ပရိုဂရမ်တွေက ပြင်ပကို ဆက်သွယ် ချိတ်ဆက်နေသလဲဆိုတာကို သိဖို့လိုအပ်လာပါတယ်။

ဒီလိုအပ်ချက်ကို TCPVIEW Tools က ပိုင်ပိုင်နိုင်နိုင် ဖော်ထုတ်နိုင်ပါတယ်။

အင်တာနက်လိပ်စာ    ဒီနေရာလေးမှာ     အခမဲ့ ရယူနိုင်ပါတယ်။

ဖိုင် အရွယ်အစား 282Kb ခန့်သာရှိပေမယ့် ထိရောက်ပြီးအတော်အသုံးဝင်ပါတယ်။ TCPView က ကွန်ရက်အတွင်းအပြင် ချိတ်ဆက် နေမှုနဲ့ အသုံးပြု ၀င်ထွက်ပေါက်တွေကို Run နေတဲ့ ပရိုဂရမ်အလိုက် အချိန်နဲ့ တစ်ပြေးညီဖော်ပြနိုင်တဲ့အပြင် လိုအပ်မယ့် Report တွေကိုလည်း ထုတ်ယူသိမ်းထားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်စက်မှာ ဘယ်ပရိုဂရမ်တွေက Run နေပြီး ကွန်ရက်ချိတ်ဆက်မှုတွေရှိနေသလဲဆိုတာ အလွယ်တကူဖော်ထုတ်နိုင် တာမို့ ကွန်ပျူတာလုံခြုံရေးလေ့လာလိုက်စားသူတွေ စမ်းသပ်အသုံးပြုသင့်ပါတယ်။ TCPView ဟာ GUI နဲ့ဖော်ပြပြီး Command Line အသုံးပြုလိုသူတွေအတွက် TCPVCONကို အသုံးပြုနိုင်ပါတယ်။ 
မူရင်း ။ ။   Apytz
comments

ကွန်ပျူတာ စက်မြန်အောင် Defragment လုပ်ကြစို့

contig.gif

 
ကွန်ပျူတာစက်အမြန်နှုန်း နှေးစေတဲ့အချက်တွေထဲမှာ ဖိုင်တွေ fragment ဖြစ်တာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကွန်ပျူတာမှာ ဖိုင်တွေ အသွင်းအထုတ် များလာတဲ့အမျှ fragment ဖြစ်လာပါတယ်။ fragment ဖြစ်တယ်ဆိုတာ ကွန်ပျူတာရဲ့ Hard Disk ထဲမှာ ဖိုင်တွေဟာ တစ်နေရာတည်းမှာ မရှိဘဲ တစ်ပိုင်းတစ်စစီ နေရာကွဲပြီး ရှိနေတာကို ပြောတာဖြစ်ပါတယ်။

ဥပမာ- ကွန်ပျူတာရဲ့ Hard Disk ကို စာရွက်တစ်ခုအဖြစ် တွေးထင်ပြီး အတန်းလိုက် အုတ်ရိုးစီထားသလို ဇယားကွက်တွေအဖြစ် မြင်ကြည့်လိုက်ပါ။ ဖိုင်တစ်ဖိုင်ဟာ Hard Disk ပေါ်မှာချရေးလိုက်တာနဲ့ နေရာတကျ အတန်းလိုက် နေရာမယူနိုင်ပါဘူး။ အတန်း တစ်ခုမှာ တစ်နေရာ၊ နောက်တစ်ခုမှာ တစ်နေရာနဲ့ ချရေးပြီး ဘယ်နေရာတွေမှာ ရေးထားကြောင်း FATလို့ခေါ်တဲ့ File Allocation Table မှာ ဧည့်စာရင်းတိုင်ပြီး ရှိနေပါတယ်။

ကွန်ပျူတာက ဖိုင်တစ်ခုဖတ်တော့မယ်ဆိုရင် FAT မှာရှိတဲ့ နေရာပြစာရင်းအရ ကောက်သင်းကောက်သလို တစ်နေရာစီ လိုက်ကောက်ပြီး ဖတ်ရပါတယ်။ ဒါကြောင့် အချိန်ပိုယူရတဲ့အတွက် စက်ကို နှေးစေပါတယ်။

ဝင်းဒိုးစနစ်သုံးကွန်ပျူတာတွေမှာ Fragment ဖြစ်နေတဲ့ ဖိုင်တွေကိုနေရာတကျ ပြန်စီနိုင်ဖို့ Defragment Tools ရှိပါတယ်။ ဒါပေမယ့် Defragment လုပ်ဖို့ အချိန် ကြာကြာ စောင့်ရတဲ့အတွက် ကွန်ပျူတာပြုပြင်သူတွေ အခက်တွေ့ရပါတယ်။

ဒါကြောင့် မိုက်ခရိုဆော့ဖ်ကထုတ်လုပ်တဲ့ System Internal Tools တစ်ခုဖြစ်တဲ့ Contig ကို အသုံးပြုသင့်ပါတယ်။

Contig Defragment Tools ကို Command Line က အသုံးပြုရမှာဖြစ်ပါတယ်။ Contig ဟာ ဖိုင်အားလုံးသာမက မိမိ Defragment
လုပ်ချင်တဲ့ ဖိုင်တစ်ခုချင်းစီကိုလည်း လုပ်နိုင်ပါတယ်။

ဥပမာ C:\Windows\System32 ထဲက DLLဖိုင်တွေကို Defragmentလုပ်ချင်ရင် contig -s c:\windows\system\*.dll ဆိုပြီး Command Prompt ကနေအသုံးပြုနိုင်ပါတယ်။ Defragment လုပ်ရာမှာ တချို့ system ဖိုင်တွေကို မလုပ်နိုင်ပါဘူး။ ဘာကြောင့် လဲဆိုတော့ မရွှေ့ပြောင်းနိုင်တဲ့ Un-removable ဖိုင်တွေဖြစ်နေလို့ ဖြစ်ပါတယ်။

မရွှေ့ပြောင်းနိုင်တဲ့ဖိုင်တွေထဲမှာ Registry ဖိုင်တွေနဲ့ Virtual Memory ဖိုင်တွေ ပါဝင် ပါတယ်။ ဒီဖိုင်တွေကို Defragment လုပ်ပေးဖို့လိုအပ်ပါတယ်။

ဝင်းဒိုးစနစ်မှာ အလို အလျောက်ပါတဲ့ Defragment Tools က ဒီဖိုင်တွေကို ပြန်မစီပေးနိုင်ပါ။ ဒါကြောင့် Pagefrg Tools ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Contig နဲ့ Pagefrg Toolsတွေကို    technet microsoft.com/en-us/sysinternals/ မှာ အခမဲ့ Download ရယူနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။ 
 
မူရင်း ။ ။  Apytz
comments

laptop battery doubler v1.2.1

                
 
 
ကျွန်တော်အခု laptop သမားတွေအတွက် battery doubler လေးတင်ပေးလိုက်
ပါတယ်။  ဘာအတွက်အသုံးပြုတာလဲဆိုတော့  ခေါင်းစဉ်မှာပါပြီးသားပါ။ laptop battery
ကို ထိန်းသိမ်းပေးဖို့ပါ။  ဖိုင်ဆိုဒ်ကလဲ 1.33MB ပဲရှိပါတယ်။ အထဲမှာ သူ့အတွက်
name နဲ့ serial key လေးပါတစ်ခါထဲထည့်ပေးထားပါတယ်။ တစ်ခုသတိထားရမှာက
key ဖြည့်ချိန်မှာ ကော်နက်ရှင်ရှိနေရပါမယ်။ တချို့ဆော့(ဖ်)ဝဲတွေက ကော်နက်ရှင်
ဖြုတ်ပေးမှ key ဖြည့်လို့ရပါတယ်။ သူကတော့ ကော်နက်ရှင်ရှိနေမှ keyဖြည့်တာရပါတယ်။
လိုအပ်တဲ့သူတွေ  အောက်မှာယူသွားလိုက်ပါဗျာ။ တစ်ခုခု အဆင်မပြေတာရှိခဲ့ရင်c.box (သို့) lulinmg9@gmail.com ကိုမေးပို့ပြီးဖြစ်ဖြစ် မေးနိုင်ပါတယ်။ 
 
 
မူရင်း။ ။ လုလင်မောင်
comments

FaceOnBody2.4 portable

                           ဒီနေ့တော့ ဖြတ် ၊ ညှပ် ၊ ဆက် လုပ်တာဝါသနာပါတဲ့ သူတွေ
ကလိနိုင်အောင် faceonbody ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။ portable လေး
ဆိုတော့သုံးရတာ ပေါ့ပေါ့ပါးပါး နဲ့ပိုပြီးအဆင်ပြေတာပေါ့။သူ့အတွက်လိုအပ်တဲ့key
လေးကို  ကျွန်တော်အထဲမှာ  ထည့်ပေး ထားပါတယ်။  ပုံမှာ တွေ့ကြတဲ့  အတိုင်း
မုတ်ဆိတ်မွှေးနဲ့  မော်ဒယ်(လ်)ဂဲတွေ စသည်ဖြင့်ပေါ့  အနုပညာမျက်စေ့ ရှိရင် ရှိ
သလောက်လုပ်လို့ရပါတယ်။ အသုံးပြုနည်းကလဲ ကျွန်တော်ပြောပြစရာမလိုပါဘူး။
ဘာပြီးရင် ၊ ဘာဆက်လုပ်ရမယ်  ဆိုတာ ဆော့ဝဲကပဲ တစ်ဆင့်ချင်း ရှင်းပြပေးပါ
လိမ်မယ်။  သူခိုင်းတဲ့အတိုင်း  နောက်ကနေအသာလေး  လိုက်လုပ်ရုံပါပဲ။  ဒါပေမဲ့
သူ့ကိုအသုံပြုမယ်ဆိုရင်  အသုံးပြုမဲ့  ဓါတ်ပုံတွေကို picture ထဲက my picture 
(သို့) public picture  ထဲကိုပြောင်းပေးပြီးမှ ယူသုံးရင်ပိုပြီးအဆင်ပြေပါ  လိမ်မယ်။
အခြားနေရာတွေက ယူသုံးရင် တစ်ခါ  တစ်ခါ ဟမ်း ဖြစ်ချင်လို့ပါ။ key ထည့်နည်း
ကတော့ portable. exe လေးကို run လိုက်ပါ။ ပြီရင် Help မှActivate ကိုကလစ်ပါ။

ကျလာတဲ့ box ထဲကို  ကျွန်တော်  ထည့်ပေးထားတဲ့ key ကို copy/past လုပ်ပေး
လိုက်ပါ။တစ်ကယ်လို့ အဲလိုလုပ်ပေးလို့မှ keyလက်မခံပဲ နောက်ထပ် box တစ်ခုပဲ
ထပ်ထပ်တတ်  လာတယ်ဆိုရင် FaceonBody.exe ကို Delete လုပ်ပြီး ဖိုင်ထဲက
Faceonbody.exe ကို copy ယူပြီး Desktop ပေါ် past ချလိုက်ပါ။ ပြီးရင်Shortcut
ပေါ်ကို right click ပေးပြီး propertiesကိုကလစ်ပါ...အောက်ကပုံကို ကြည့်ပါ
အနီရောင်နဲ့ ပြထားပါတယ်
                    
            ပြီးရင် compatibility tab  မှ  Run this  program in  compatibility mode
for  ဆိုတဲ့  စာကြောင်းလေး ရှေ့က  အကွက်လေးမှ  အမှန်ခြစ်ပေးပြီး apply/okပေး
လိုက်ပါ။  အောက်က ပုံကိုကြည့်ပါ အနီရောင်နဲ့ ပြထားပါတယ်..
            ပြီးရင်key ဖြည့်ပေးလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.65MB ပဲရှိပါတယ်။ အောက်မှာယူသွား
လိုက်ပါ။  အဆင်မပြေတာတစ်ခုခုရှိခဲ့ရင် c.box လေးမှာပြောပေးခဲ့ကြပါဦး။ အားလုံးပျော်ရွင်
ပါစေ...ဗျာ။
 
မူရင်း။ ။  လုလင်မောင်
comments

Audio Editor Master V5.4.1.238

            
 
    ဒီနေ့တော့ အလုပ်ပိတ်ရက်လေးလဲ ဖြစ်ပြန် ၊ ကွန်နက်ရှင်ကလဲ မျက်နှာသာ နဲနဲပေးတော့
ကြိုးစားပြီး တင်ပေးလိုက်ပါတယ်ဗျာ။ ဒါလေးကတော့ သီချင်းတွေကို ကြိုက်တဲ့ပုံစံ ၊ ကြိုက်တဲ့အသံ
အနေအထား ၊ ကြိုက်တဲ့ Tempo တွေပြောင်းမယ်ဗျာ။ တခြား Effect တွေလဲအများကြီးရှိပါသေးတယ်။
စိတ်ကြိုက်ပြင်ပြီးရင် CD ခွေပါ တစ်ခါထဲ ဘမ်းချင် ဘမ်းလိုက်ဦး။ မဘမ်းချင်လို့ စက်ထဲမှာပဲ save ပြီး
ပြန်နားထောင်ချင်တယ် ဆိုရင်လဲ OK ပဲ။ ဖိုင်ဆိုဒ်ကလဲ 13.27 MBပဲရှိပါတယ်။ ပေါ့ပေါ့လေးနဲ့ သုံးရတာ
အရမ်းအဆင်ပြေပါတယ်။ အသုံးပြုရတာလဲ လွယ်ပါတယ်။ အသုံးလိုတယ် ၊ ကြိုက်တယ်ဆိုရင်တော့
အောက်မှာယူသွားလိုက်ပါ။ ဒါပေမဲ့ မြန်မာစာလုံးတွေကို လုံးဝ support မလုပ်ပါဘူး။ ကိုယ်ယူလိုက်
တဲ့သီချင်း (သို့) ဖိုင်မှာ မြန်မာစာလုံးပါရင် ယူလို့မရပါဘူး။ မြန်မာစာလုံးကို အင်္ဂလိပ်လို့ပြောင်းပြီးယူ
မှအဆင်ပြေပါလိမ့်မယ်။ အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် c.box မှာအော်သွားပေးကြပါဦးနော်။
အားလုံးပဲ ပျော်ရွင်ကြပါစေ...ဗျာ။


 


မူရင်း။ ။ လုလင်မောင်
comments

Registry Cleaner လေးတွေလိုချင်တဲ.သူငယ်ချင်းတွေအတွက်ပါ

ကျွှန်တော်. Registry Cleaner လေးတွေကို ကောင်းမယ်ထင်တာလေးတွေစုပြီးတင်ပေးလိုက်

ပါတယ် လူတကိုယ်အကြိုက်တမျိုးဆိုတော.လဲကိုယ်ကြိုက်တာသာ ဒေါင်းကြပါ၊ အားလုံး

Keygen တွေထည်.ပေးထားပါတယ် အဆင်ပြေမယ်လို. မျှော်လင်.ပါတယ် လင့်တွေက ကိုယ်ပိုင်

Hosting ဆိုဒ်မှာတင်ထားတာမဟုတ်တဲ.အတွက် ကြိုက်၇င်တော့မြန်မြန်သာ ဒေါင်းထားလိုက်ကြပါနော်

 
 
 
ဒီဆော.လ်ဝဲလေး၇ဲ. HOME ဆိုဒ်ကတော.ဒီနေ၇ာကို click ပြီးသွားလိုက်ပါခင်ဗျာDownload Link: : ziddu | .megaupload | .zshare | mediafire | ifile.it

 
 
ဒီဆော.လ်ဝဲလေး၇ဲ. HOME ဆိုဒ်ကတော. ဒီနေ၇ာလေးကို click ပြီးသွားလိုက်ပါခင်ဗျာ

Download Link: : ziddu | megaupload | zshare | mediafire | ifile.it


 
ဒီဆော.လ်ဝဲလေး၇ဲ.HOME ဆိုဒ်ကတော.ဒီနေ၇ာလေးကိုclick ပြီးသွားလိုက်ပါခင်ဗျာ

Download Link: : ziddu | megaupload | zshare | mediafire | ifile.it

 
 
ဒီဆော.လ်ဝဲလေး၇ဲ. HOME ဆိုဒ်ကတော.ဒီနေ၇ာလေးကို click ပြီးသွားလိုက်ပါခင်ဗျာ

Download Link: : ziddu | megaupload | zshare | mediafire | ifile.it

 
 
ဒီဆော.လ်ဝဲလေး၇ဲ. HOME ဆိုဒ်ကတော.ဒီနေ၇ာလေးကို click ပြီးသွားလိုက်ပါခင်ဗျာ

Download Link: : ziddu | megaupload | zshare | mediafire | ifile.it


 
 
ဒီဆော.လ်ဝဲလေး၇ဲ. HOME ဆိုဒ်ကတော.ဒီနေ၇ာလေးကို click ပြီးသွားလိုက်ပါခင်ဗျာ

Download Link : ziddu | megaupload | zshare | mediafire | ifile.it

ဒီဆော.လ်ဝဲးလေတွေ၇ဲ.အသုံးဝင်ပုံအသေးစိတ် ကိုတော.သူတို. HOME ဆိုဒ်အသီးသီးမှာပဲလေ.လာကြည့်နိုင်ပါတယ်။

အားလုံးပဲပျော်၇ွှင်ပါစေခင်ဗျာ
 
ဇွဲကပင်မြေမှကူးယူမျှဝေသည်။ 
 
မူရင်း ။ ။  Simom
comments

Flash Boot_v2.1f_Portable.rar


Flash Drive နဲ့ Window တင်ချင်တဲ့ သူငယ်ချင်းတို့အတွက်ပါ၊ 
Port able ဖြစ်လို့ Install လုပ်စရာမလိုပါဘူး စိတ်ဝင်စားသူများဒေါင်းယူလိုက်ပါ...။


ဒီနေရာမှာဒေါင်းပါ>>>။  filesonic  ။  fileserve  ။  ifile.it  ။
 
မူရင်း။ ။  Simon
comments

SUPERAntiSpyware.Pro.4.51+Keys




ကွန်ပြူတာအသုံးပြုသူတိုင်းရဲ့စက်ထဲမှာ Antivirus ဆော့ဝဲလ်တခုကတော့ ရှိပြီးသားပါ၊
ဒါပေမဲ့လည်း Virus အနဲအများကတော့ နေ့စဉ် စက်ထဲကို ဝင်နေတာပါဘဲ၊ ကျနော့်သုံးနေတဲ့ Antivirus
ဆော့ဝဲလ် ဆိုရင် စက်ထဲမှာ Keygen ထားလို့တောင်မရဘူး အကုန်ရှင်းပြစ်တာ ဒီလောက်ကောင်းတဲ့
Antivirusဆော့ဝဲလ် ရှိနေတာတောင် Virus တော့ ဝင်နေတုန်းဘဲ၊ နေ့စဉ် ကွန်ပြူတာပိတ်တော့မယ်ဆိုရင်
ဒီ Super Antivirus-Spyware လေးကို Run ထားပြီး တခြား ကိုယ်လုပ်စရာရှိတာလုပ်နေလို့ရပါတယ်၊
တခါ Run ရင်ခန့်မှန်းချေ  မိနစ် 20 ကနေ 30 လောက်ကြာတတ်ပါတယ်၊
တကယ်ကောင်းတဲ့ ဆော့ဝဲလ်ကလေးပါ၊ အရင်က ဒီဆိုဒ်မှာဘဲ Portable လေးတင်ခဲ့ဘူးပါတယ်၊
Portable လေးလည်းသုံးလို့အဆင်ပြေပါတယ်၊ အခုတင်တာကတော့ Professional+Final လေးပါ၊
Keygen+Patch+Serial key 3 မျိုး  ပါ ပါတယ်၊ ကြိုက်ရာသုံးနိုင်ပါတယ်၊ အသေးစိတ် လေ့လာချင်ရင်
သူ့ရဲ့မူရင်း Website လေးကဒီနေရာမှာပါ superantispyware အားလုံးကို ကျေးဇူးတင်ပါတယ်။


ဒီနေရာတွေမှဒါင်းယူပါ>>>။ piggyshare ။ megaupload ။ filesonic ။ filekeen ။ filefactory ။ enterupload ။ duckload

မူရင်း။ ။  Simon
comments

Nero 10 10.5.10500 + Keygen Working 100 %


လူတိုင်းသုံးတဲ့ Nero ဆော့ဝဲပေါ့ဗျာ။ ဒါကတော့ Version 10 ရဲ့ key လေးတွေပါ။ ဆော့ဝဲကိုဒေါင်းနိုင်အောင် လည်းလင့်ပေးထားတယ်။



Click Here to Download Nero 10 
(or)
 Click Here to Download Nero 10

Click Here to Download Keygen Only
 
 
comments

ကွန်ပျူတာ တစ်ခုလုံးကို recover ဘယ်လိုလုပ်မှာလဲ


Features

Redo Backup is the most advanced recovery solution. It is small, fast, and very easy to use, even for everyday computer users.

No Installation Needed

You don't have to install Redo Backup. And you don't even need to have an operating system installed to recover. Just insert the CD or USB stick into your PC and reboot. Never reinstall Windows again!

Boots in Seconds

The system boots in about a minute, and all your hardware gets detected automatically. The system uses minimal space and resources, the download is only 200MB, and you can copy it freely.

It's Pretty

Redo Backup provides a point-and-click interface with network access and a complete operating system (via Ubuntu). Open other applications while your system backup is being transferred.

Works with Windows or Linux

Some backup solutions only work with Windows, and some only work with Linux. But with Redo Backup, any computer user can save and restore all machines with the same tool.

Finds Network Shares

Redo Backup will automatically search your local area network for drives to backup to or restore from. You don't need to know any details about a shared folder or network-attached storage device.

Access Your Files

Can't boot or log in, but need files from your PC? No problem: just pop the Redo Backup CD in, reboot, and you can copy your documents to another drive, a network-shared folder, or a USB stick.

Recover Lost Data

If you accidentally delete a file or empty your Recycle Bin, simply shut down the computer, insert the Redo Backup CD, and open the file recovery tool, which will undelete your files and save them to another drive.

Easy Internet Access

Is your computer broken, but you need Internet access to download drivers or read documentation? In about one minute, you can boot off the Redo Backup CD and browse the Internet.

Factory Drive Reset

Before selling or giving an old PC away, be sure all personal or business data has been removed by using the drive reset utility. This ensures that no private information is left on the disk.

Drive Configuration Tools

Graphically edit, manage, and resize partitions to take full advantage of your drive's capacity. Access powerful drive management and partition editing tools from the Redo Backup start m



မီးအား မမှန်တာကြောင့် ဖြစ်ဖြစ်၊ virus တွေကိုက်လို့ ပြန်ဖွင့် မရတော့တာကြောင့် ဖြစ်ဖြစ် ကွန်ပျူတာကို ဘယ်လိုမှ ဖွင့်လို့ မရတော့ဘူး၊
အထဲမှာလဲ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ အများကြီး ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။

သေချာတာတော့ အဲဒီကွန်ပျူတာကို format ချရတော့မှာပဲ။ မချခင် တစ်ချက် စဉ်းစားပါအုံး၊ လုပ်လို့ရတဲ့ နည်းလမ်းလေးရှိတယ်။

အဲဒါကတော့ Redo Backup and Recovery ဟာ Backup Software လေးပေါ့။ ဒီဟာလေးကို CD နှင့် ဖြစ်ဖြစ် Stick နှင့် ဖြစ်ဖြစ် ဆောင်ထားရင် လိုအပ်တဲ့အခါ အချိန် ၁၀ မိနစ်အတွင်း အရေးကြီးတဲ့ data တွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ Backup လုပ်ပြီးသား ဖြစ်မှာပါ။ RB & R က Bootable ဖြစ်တယ်။ Windows OS ဖြစ်ဖြစ် Linux OS ဖြစ်ဖြစ၊် ဘယ် OS နှင့်ပဲ ဖြစ်ဖြစ် သုံးလို့ရတယ် ပြီးတော့ GPL လိုင်စင်နှင့် ထုတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ပဲ သုံးသုံး၊ လုပ်ငန်းမှာ အခကြေးငွေ ယူပြီးတော့ပဲ သုံးသုံး တရားဝင် software ဖြစ်တယ်။

RB & R ဟာ install လုပ်စရာမလိုဘူး ထည့်လိုက်ပြီး စက်ဖွင့်တာနှင့် Computer ရဲ့ Hard disk ထဲကို ပြန်တင်လို့ ရတယ်။ ကွန်ပျူတာကို Network ချိတ်လို့ရသလို CD နှင့် USB လည်း ထည့်လို့ရတယ်။ Internet ပါ သုံးလို့ရတယ် ဖျက်ပြီးသား ဖိုင်တွေကို ပြန်ကြည့်လို့ရသလို ပြန်ကူးထားလို့ရတယ်။

ဒီ software ဟာ 200 MB ကျော် ပဲရှိတဲ့အတွက်ကြောင့် USB နှင့်ဖြစ်ဖြစ်၊ CD နှင့်ဖြစ်ဖြစ် သိမ်းထားပြီး ယူသွားလို့ရတယ်။

ဘာကြောင့် တခြား Backup Software တွေထက် ကောင်းရသလဲဆိုတော့ GPL လိုင်စင်နှင့်ဖြစ်တာရယ်၊ လိုင်စင်အတွက်ကြောင့် ကန့်သတ်တာမျိုး မရှိတာရယ်၊ ဘယ် OS နှင့် မဆို အသုံးပြုနိုင်တာရယ်၊ Hard disk ထဲကို username တွေ password တွေ မလိုဘဲနဲ့ ၀င်လို့ရတာရယ်၊ ပြီးတော့ အချိန် ၁၀ မိနစ်လောက် နှင့် backup လုပ်လို့ ရနိုင်တာကြောင့်ဖြစ်တယ်။

ဆောင်ထားချင်တယ်ဆိုရင်တော့ 




comments

EASEUS Partition Recovery



EASEUS Partition Recovery ဆိုတဲ့ software လေးဖြစ်ပါတယ် .... ဘာကြောင့်တင်ဖြစ်လဲ ဆိုရင် ရှိထားသင့်တယ် ထင်လို့ပါ ... တကယ်လို့များ အကြောင်း တစ်စုံတစ်ခုကြောင့် မိမိရဲ့ Partition များ ပျောက်သွားတာများ ဖြစ်ခဲ့ရင် မိမိ စုဆောင်းထားသမျှ တွေ အားလုံး အကုန်ပါကုန်မှာပါ ... အဲဒီ့အချိန်ကျရင် ဟိုအရင် တုန်းကလိုမျိုးလည်း စုဆောင်းဖို့အတွက်အချိန် လည်း မပေးချင်တော့ဘူး ... အဲဒီ့တော့ အရှုံးပဲ ရှိသွားတာပေါ့ ... တကယ်လို့များ ဟိုအရင်တုန်းက ရိုက်ခဲ့တဲ့ ကိုယ့်ရဲ့ ဓါတ်ပုံတွေ .. အရေးကြီး တဲ့ ဖိုင်တွေ ပါတဲ့ Partition တွေများ ပျက်သွားခဲ့ရင်တော့ ဆုံးရှုံးမှု ပိုကြီးသွားတာပေါ့ ဗျာ .. အဲဒီ့ အခက်အခဲလေးတွေများ ပြေပျောက်စေအောင် .. အထောက်အကူလေးများ ရအောင် ဆိုပြီး တော့ ဒီ software လေးကို လမ်းညွှန်လိုက်တာပါ .. ဘာမှ မလိုပါဘူး .. မလိုဘူး ဆိုတာက register လုပ်စရာမလိုပါဘူး ... freeware ပါ .. အေးအေး ဆေးဆေး သုံးလို့ရပါတယ် .. ကျွန်တော့် အနေနဲ့ကတော့ ဒါကလေးကို ဒေါင်းထားစေချင်ပါတယ် .. မိမိရဲ့စက်က အမှားအယွင်း မရှိခဲ့တောင် တချိန်ချိန်များ အဲလို အခက်အခဲနဲ့ ကြုံလာခဲ့ရင် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်အောင်ပါခင်ဗျာ .. သုံးရတာလည်း လွယ်ကူပါတယ် ..
software ကို ဒေါင်းချင်တယ် ဆိုရင်တော့ အောက်မှာ လင့်ကလေးတွေ ရှိပါတယ်... အဆင်ပြေမယ့် နေရာလေးတွေက နေပြီးတော့ ဒေါင်းနိုင်ပါတယ်။

မူရင်း။ ။  မောင်လုလင်
comments

How to change Window language Interface

Cbox မှာ လာအော်သွားတဲ့   Shwepyisoe11 ရေ   ကိုလုလင်   ဆီကတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ Laptop တွေဘာတွေ ၀ယ်ပြီးတဲ့ အခါမှာ အသုံးဝင်ပါလိမ့်မယ် .. မြန်မာနိုင်ငံ က လူတွေ ပြောတာတော့မဟုတ်ပါဘူး .. ဥပမာ တခြားနိုင်ငံ ကိုရောက်နေတဲ့သူတွေ အနေနဲ့ .. ဘယ်လိုပြောရမလဲ … ရုရှား ၊ ဂျပန် ၊ ပြီးတော့ တခြား အင်္ဂလိပ်ဘာသာ အသုံးမပြုတဲ့ နိုင်ငံတွေ မှာ ရောက်နေတဲ့ သူတွေ အတွက်ပါ .. ပြီးတော့ Window OS ကို ဒေါင်းတဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့သူတွေ အတွက်ပါ .. ဘာလဲဆိုတော့ ကျွန်တော် တို့ Laptop ကို ၀ယ်တဲ့ အခါ ၊ တခြား ဘာသာ OS ကို တင်ပြီးတဲ့အခါကျရင် အဲ့ဒီ့ ဘာသာစကား နဲ့ OS ကို သုံးရတာ ကျွန်တော်တို့ အတွက် အင်္ဂလိပ်ဘာသာ စကားလောက် အဆင်မပြေပါဘူး ..ပြီးတော့ အဲဒီ့ Laptop ရဲ့ မူရင်းဝင်းဒိုးကို ပြန်မဖျက်ချင်ဘူးဆိုတဲ့ သူတွေ အတွက်ပါ အဆင်ပြေပါတယ် … အဲဒါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ့ Interface ကို အင်္ဂလိပ် Interface အဖြစ် ပြောင်းပြီးသုံးဖို့အတွက်ပါ … အင်တာနက် Connection ရှိရင်တော့ ပိုပြီး အဆင်ပြေပါတယ် … ဘာလို့လဲ ဆိုတော့ သူက Window update နဲ့ ဆိုင်လို့ပါ … အဲဒီ့ကနေပြီးတော့ ပြောင်းဖို့အတွက် Source ကိုသွားယူရပါတယ် .. အဲဒါကြောင့်ပါ … Offline မှာ ပဲပြောင်းချင်တဲ့သူတွေ ကတော့ အဲဒီ့ Language Pack ကို ဒေါင်းပြီးတော့ မိမိရဲ့စက်မှာ ပြင်လို့ရပါမယ် … စပြီးတော့ စမ်းကြည့်ရအောင်ပါ … ကျွန်တော်ကတော့ အင်္ဂလိပ် OS နဲ့ပဲ နမူနာပြထားလိုက်တယ်နော် .. နည်းနည်း လေး Icon လေးတွေ ကြည့်ပြီးတော့ ပြောင်းကြည့်လိုက်ပေါ့ …

Control panel => Region and Language => keyboards and Languages

ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …


comments

Internet Download Manager Build 14 (25,Oct,2011) New Version



ကျနော့ ကို   IDM   နဲ့ပတ်သက်ပြီး အဆင်မပြေကြဘူးလို့ သူငယ်ချင်းတော်တော်များများက ပြောလာကြပါတယ်။ ဒါနဲ့ ကျနော် Google မှာ ရှာကြည့်ပါတယ် တွေ့မဲ့ တွေ့တော့လည်း မနေ့ကမှ ထွက်လာတဲ့   (October , 25 , 2011)  Internet Download Manager Build 14  နောက်ဆုံးထွက်   Version    လေးကို သွားတွေ့ပါတယ် ။ ဒီလိုနဲ့ ဒေါင်းယူပြီး စမ်းကြည့်လိုက်ပါတယ်။ တော်တော်လေးအဆင်ပြေတာကို တွေ့ရတာနဲ့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။




တွေ့မြင်ရတဲ့အတိုင်းပါပဲဗျာ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားပါဗျာ
အဆင်ပြေကြပါစေ။

Internet Download Manager Build 14



ဒေါင်း ပြီးလို့ ရလာတဲ့   rar   ဖိုင်လေးကို ထုံးစံအတိုင်း ဖြည်လိုက်ပါ။( ကွန်ပြူတာရဲ့ ညာဘက်ထောင့်နားမှာ ရှိနေတဲ့   Tray Icon   ထဲက   IDM   လေးကို   Exit    အရင်ပေးထားပါ )  ဖိုင် လေး   3   ခုထွက်လာမှာပါ အောက်ဆုံးက    idman607f   ဆိုတာလေးကို  Install    လိုက်ပါ။ တကယ်လို့ သူငယ်ချင်တို့ ကွန်ပြူတာက  Restart  တောင်းရင်  Restart  ပေးလိုက်ပါ။  Restart   ပေးပြီးလို့ Window   ပြန်တတ်လာတဲ့အခါ  IDM   ဆိုပြီးပေါ်လာခဲ့ဦးမယ်ဆိုရင်လည်း ထပ်ပြီးတော့   Exit ပေးလိုက်ပါ ။ ပြီးရင်  အခု ဒီအောက်က တင်ပေးထားတဲ့  Patch  လေးကို  Run  ပါ ။ (Patch ဖိုင်လေးကို မ Run ခင် Antivirus ကို ခဏ ပိတ်ပေးထားပါ)
 Patch အသုံးပြုနည်းကိုတော့ ဒီမှာ  Here  ရေးထားတဲ့အတိုင်းဆက်လုပ်သွားပါ ။ အဆင်ပြေ အောင်မြင်ကြပါစေဗျာ ။

ဒါကတော့ Patch ဖိုင်လေးပါ 


လေးစားစွာဖြင့်

>>> ဝင်းကမ္ဘာကျော်<<<

comments

Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ်

Google Talk



 Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။ Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။

၁။    အရင်းဆုံး ဒီ Link ကိုသွားလိုက်ပါ။ http://answer.im/setup
၂။    Website သို့ရောက်ရှိပါက အသုံးပြုလိုသော  IM Service တစ်ခုကို ရွေးရန်ဖြစ်သည်။  Gtalk တွင်ပြု
လုပ်လို ပါက Gtalk ကိုရွေးရန်ဖြစ်သည်။
၃။    Gtalk password နှင့် User name ကိုသုံး၍၀င်ရန်ဖြစ်သည်။
၎။    မိမိလိုချင်တဲ့   Online Status   နှင့်   Reply  လုပ်စေချင်တဲ့  Message တို့ကိုရိုက်ရမည်။  ထို့နောက် Authorise People ကိုအမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
၅။    “ Changes Saved Your Answer Machine is Setup.  You May exit Now ”  ဟုပေါ်လာပါက General, Messages တို့၏ဘေးတွင်ရှိသော “ Exit ” ကို Click လုပ်ပါ။ မိမိသူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက Auto Reply လုပ်ပေးပါလိမ့်မယ်။

ကိုယ်မရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ “ Click here to return to the home page ” ဆိုတဲ့စာမှ “ here ”  ကို Click လုပ်ပါ။ ပြီးရင် အဆင့်(၃)ဆင့် အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ “ Messages ” ကို Click လုပ်ပါ။ ဒါဆိုရပါပြီ။ comments

Memory ကို ပုံမှန်ထက်လုပ်ဆောင်ချက် မြန်အောင်လုပ်မယ်


ကျွန်တော်တို့ Memory ကိုပုံမှန်ထက်လုပ်ဆောင်ချက်မြန်အောင် Registry Editor မှာ ၀င်ရောက်ပြင်ဆင် လို့ရပါတယ်။

ပထမဆုံး Start > Run > regedit လို့ရိုက်ထည့်ပြီ Registry Editor သို့ဝင်ပါမယ်။

ပြီးနောက် အောက်ပါအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။
HKEY_LOCAL_MACHINE > SYSTEM > CurrentControlSet > Control > Session Manager > Memory Management သို့အဆင့်ဆင့်သွားလိုက်ပါ။

Memory Management ကို Click နှိပ်ပြီးရင် ညာဘက် panel တွင် ပေါ်လာသာ နာမည်များထဲမှ DisablePagingExecutive ကို Right Click နှိပ်ပြီး Modify ကိုရွေးလိုက်ပါ။

ပေါ်လာသာ Edit DWORD Value box ထဲမှာ Value data တန်ဖိုးကို 0 ကနေ 1 ကိုပြောင်းပေးလိုက်ပါ။

ပြီးရင် Restart ချလိုက်ပါ။ Windows ပြန်တက်လာရင် Memory သည် ယခင်စွမ်းဆောင်နိုင်တာထက် ပိုကောင်းနေပါလိမ့်မယ်။
comments