Google Image ရဲ့လျှို့ ဝှက်ချက်များ

(၁) တကယ်လို့ လူတစ်ယောက် အကြောင်းကို သိချင်ပြီ ဆိုရင် google web ဟာ အတိအကျ မကူညီ နိုင်ပါဘူး။ “www.google.com” ရဲ့ ပင်မ Search မှာ ရှာသင့်တာက အဲဒီလူ(ယောက်ျား သို့မဟုတ် မိန်းမ)ရဲ့ နာမည်ကိုသာ ရအောင်ရှာပါ။ ပြီးရင် ‘copy’ ကူးပြီး ‘image.google.com’ ကို သွားပါ။ အဲဒီ ကူးထားခဲ့တဲ့ နာမည်ကို ‘paste’ လုပ်ပါ။
(၂) စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို သိချင်တယ် ဆိုရင်လည်း အဲဒီလို ပါပဲ။ စကားလုံးကိုသာ ‘အမိအရ’ ရှိပါစေ။ ပုံတွေနဲ့ တစ်ဆင့် ရှာဖွေ နိုင်ပါတယ်။
(၃) Google ဟာ ‘Flickr.com’ လို website ကောင်းတွေရဲ့ image တွေကို သုံးစွဲ ထားတာဖြစ်ပါတယ်။ တကယ်လို့ ‘image.google.com’ မှာ ကိုယ်ရှာဖွေလိုက်တဲ့ image ရဲ့ အောက်ခြေမှာ ‘source’ ရှိပါတယ်။ အဲဒီထဲကမှ ‘flickr’ ကိုပြန်လည် ရွေးချယ်ပါ။ တူရာတူရာ ပုံရိပ်တွေ အများအပြား ရရှိ လာပါလိမ့်မယ်။
(၄) စိတ်ကြိုက်ပုံရိပ်ကလေးတွေ ရရှိဖို့အတွက် ပုံရိပ်အမည်ကို စာရိုက်ပြီး ရှာဖွေတာ ထက်စာရင် website ကောင်းတွေဆီကနေ တစ်ဆင့် ရှာဖွေတာ ပိုကောင်းပါတယ်။ ဥပမာ image search box မှာ “wired.com” ဒါမှမဟုတ် ‘economist.com’ ဆိုပြီး ရိုက်လိုက်ပါ။ အဲဒီ website တွေမှာ သုံးစွဲထားတဲ့ ပုံရိပ်တွေထဲကမှ ကိုယ့်စိတ်ကြိုက် ပြန်လည် ရှာဖွေပါ။
(၅) ကိုယ့်ရဲ့ desktop အတွက် လိုချင်တဲ့ wallpaper တွေကိုတော့ Image Search မှာ customise လုပ်ပြီး ရှာဖွေ ကြည့်နိုင်ပါတယ်။ အငယ်စား၊ အလတ်စား၊ အကြီးစား စတဲ့ ရွေချယ်မှုတွေ ထဲကနေ ‘Large file’ ကို စစ်ထုတ် ယူနိုင်ပါတယ်။
(၆) ဒစ်ဂျစ်တယ် ကင်မရာတွေဆီကနေ ထွက်ပေါ်လာတဲ့ နာမည်တွေနဲ့ ရှာဖွေတဲ့ နည်းတစ်မျိုး ရှိပါသေးတယ်။ ဒါဟာ ပုဂလိက ပိုင်းဆိုင်ရာ ပုံရိပ်တွေကို ရှာဖွေတာ ဖြစ်တဲ့အပြင် upload တင်တဲ့အချိန်မှာ နာမည်ပြောင်းလဲပြီး သုံးစွဲနိုင်တဲ့ အတွက် အားတော့ မကိုးစေချင်ပါ။
(၇) ထင်ရှားတဲ့ ပန်းချီဆရာ၊ ကာတွန်း ဆရာတွေကို ဆိုရင် သူတို့ရဲ့ လက်ရာ၊ ဒါမှမဟုတ် နာမည်နဲ့ တစ်ဆင့် ရှာဖွေနိုင်ပါတယ်။ ဥပမာ ‘ဝေါ့ဒစ္စနေ’ ဒါမှမဟုတ် “Tom and Jerry” စသဖြင့်ပေါ့။
(၈) GreaseMonkey ရဲ့ Script နှစ်ခုကို install လုပ်ပါ။ အလွယ်ကူဆုံးနဲ့ သုံးစွဲသူအချိန်ကုန် သက်သာစေဖို့ ဖန်တည်းထားတဲ့ အတွက် ကျေနပ်စရာပါ။ ပထမ script ဟာ ‘google large view’ လို့ခေါ်ပါတယ်။ (http://addons.mozilla.org/en-US/firefox/addon/89)(image38)

- ရရှိလာတဲ့ search result တွေရဲ့ ပုံရိပ် မသဲမကွဲ ဖြစ်နေရင် ‘pointer’ ထောက်လိုက် တာနဲ့ ပုံကြီး ချဲ့ပေး ပါတယ်။ဒုတိယ script ကတော့ ‘search preview’ လို့ခေါ်ပါတယ်။ (http://addons.mozilla.orglen.US/firefox/addon/zll)
- google,yahoo နဲ့ တခြား နာမည်ကြီး search engine တွေမှာ အလုပ်လုပ်ဖို့ web search ကိုရော ‘Thumbnail’ ကိုရော တစ်ပြိုင်နက်တည်း မြင်ရပါမယ်။
(၉) စကားလုံးတွေရဲ့ အရောင်တွေကို ဖွေရှာပါ။ ဥပမာ အားဖြင့် ပန်းချီ ကားတစ်ချပ်ကို ရှာဖွေချင်တဲ့ အခါမှာ ပန်းချီ ဆရာရဲ့ အမည်နဲ့ ရှာဖွေ နိုင်သလို ပန်းချီကားရဲ့ အမည်နဲ့လည်း ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင်မှာ ဥပမာ စီးပွါးရေး အတွက်ဆိုရင် ‘အ၀ါရောင်’၊ စိမ်းလန်းမှု ကမ္ဘာမြေရဲ့ သင်္ကေတဆိုရင် ‘အစိမ်းရောင်’ တွေရဲ့ color code တွေနဲ့လည်း ရှာဖွေနိုင်ပါတယ်။ Google ရဲ့ color code ဟာ စကားလုံး တစ်ခုချင်းစီမှာ မတူညီတဲ့ code ကလေးတွေ ရှိနေပါတယ်။
(၁၀)Google Grab ဆိုတာဟာ thirdparty software ငယ်ကလေး တစ်ခုပါ။ ကိုယ့်ရဲ့ Search results ကို ပိုမို တောက်ပစေအောင် စွမ်းဆောင်ပေးပါတယ်။ (image 40)(http://www.sas21.de/apps/webimagegrab/3.4MB ပမာဏ ရှိတဲ့ program ငယ်လေးကိုတော့ dowmload ရယူပါမယ်။

ဇေယျာစံ
Knowledge 1000+
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ ဇူလိုင်လ၊ အမှတ် ၁၇၃)

0 comments:

Post a Comment