ကွန်ပြူတာအတွက် အရေးကြီးတဲ့ Firewall နဲ့ Software


Firewall ဟာ Computer ရဲ့ အရေးကြီးနေရာမှာရှိပါတယ် Firewall လုံခြုံရေးနည်းပြီး အားနည်းချက်သာ ရှိခဲ့ရင်  ကွန်ပျုတာတခုလုံး ကိုထိခိုက်နိုင်ရုံသာမက ဤကွန်ပျုတာနဲ့ အသုံးပြုတဲ့ အင်တာနက် account တွေ ကိုပါ ခိုးယူသွားနိုင်ပါတယ် ဒါကြောင့် Firewall က ကွန်ပျုတာနဲ့ အင်တာနက် ဆက်သွယ်တဲ့နေရာမှာ အဓိကရေးကြီးပြီး လုံခြုံမှုရှိဖို့အတွက် firewall ကို Turn On လုပ်ထားရပါမယ်။ Windows တိုင်းမှာ firewall က ရှိပြီးသားဖြစ်ပါတယ် Turn On လုပ်ပေးဖို့ကို မမေ့ပါနဲ့။ ဒါပေမဲ့ ကျွန်တော် အမြင်မှာတော့ ဒီ windows မှာ ပါတဲ့ Firewall က သိပ်ပြီးလုံခြုံမှု မရှိဘူးထင်ပါတယ် ဒါကြောင့် Firewall မှာ စိတ်ချရတဲ့ Zone Alarm ကို မိတ်ဆက်ပေးခြင်ပါတယ် ဒီ Zone alarm က Free product တခုပေးထားပါတယ် ဒီ Free product တခုကို ဘဲ အသုံးပြုဖို့ လမ်းညွှန်ခြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ Free ဖြစ်တာနဲ့ အမျှ သူ့ရဲ့ Function က နည်းပြီး အသုံးရတာ အဆင်ပြေပါတယ် တခါ Install လုပ်ပေးထားရင် အမြဲ Anti-virus လိုမျိုး Scan လုပ်စရာ မလိုပါဘူး။

Anti-virus ကို မ၀ယ်နိုင်သေးရင်တောင်မှ ဒီ Free Zone Alarm ကို Install လုပ်ထားခြင်းအားဖြင့်
Hacker ဘေးရန်၊ Virus, spyware စတဲ့ ဘေးရန်တွေမှာလဲ ကာကွယ်ပေးမှာဖြစ်ပါတယ်။


DOWNLOAD HERE


မူရင်း။ ။  ကိုစံပီး

0 comments:

Post a Comment