Data Recovery လုပ်ကြမယ်

Digital Recorder တွေ၊ MP3၊ MP4၊ iPod စတဲ့ digital device တစ်ခုခု ဖမ်းယူသိမ်းဆည်းထားတဲ့ အသံဖိုင်တွေဟာ မကြာခဏ ပျက်သွားလေ့ရှိပါတယ်။ အထူးသဖြင့် MP3၊ MP4 နဲ့ iPod တွေဟာ စိတ်ချရမှုမရှိပါဘူး။ သူတို့တွေဟာ Virus ( ဗိုင်းရပ်စ်) ဝင်လို့ပဲဖြစ်ဖြစ်၊ Save မလုပ်မိပဲ USB (Universal Serial Bus) အပေါက်ကနေ ဆွဲဖြုတ်လိုက်ရင်ပဲဖြစ်ဖြစ်၊ မကြာခဏ Disk Error ဖြစ် တတ်ပါတယ်။
အဲဒီလိုဖြစ်ပြီဆိုရင် သွင်းထားတဲ့ ဖိုင်တွေကို ဖွင့်လို့မရတော့ပါဘူး။ အရုပ်တွေ ပြန်ကြည့်ဖို့ပဲဖြစ်ဖြစ်၊ Digital Device က Menu တွေထဲဝင်လိုက်ရင် ‘Disk Error’ ဆိုတဲ့ စကားလုံးလေးပေါ်လာပြီး ဖွင့်လို့မရတော့ပါဘူး။ အဲဒီအချိန်မှာ ကွန်ပျူတာက USB ပေါက်မှာ ထိုးလိုက်ရင် ကွန်မျူတာမှာ Removeable Disk ဆိုပြီးပေါ်လာပေမယ့် Disk ထဲကို Click နှိပ်ပြီးဝင်တဲ့အခါ မပွင့်ပဲ Format ချဖို့ပြောတဲ့ Command ပေါ်လာပါမယ်။ Format ချလိုက်မယ်ဆိုရင်တော့ အထဲက Data တွေ မှန်သမျှ လုံးဝ ပျောက်သွားမှာပါ။
ဒီလိုမျိုးဖြစ်တတ်တာတွေအပြင် Digital Camera ထဲကပုံတွေ မှားယွင်းပြီး ဖျက်မိ(Delete) လို့ပဲ ဖြစ်ဖြစ်၊ Format ချမိလို့ပဲဖြစ်ဖြစ်၊ Memory Card ထဲကပုံတွေ ဆုံးရှုံးသွားတတ်ပါတယ်။ PC တွေရဲ့ Hard Disk တွေထဲက File တွေ၊ Folder တွေ မှားဖျက်မိလို့၊ ဒါမှမဟုတ် Hard Disk ထဲ Virus ဝင်ဖျက်တဲ့အခါမျိုးမှာ PC ထဲက Data တွေ ပျက်စီးပျောက်ဆုံးတတ်ပါတယ်။ ဒီလိုဖြစ်သွားတဲ့ အခါမျိုးများ ဆုံးရှုံးသွားတဲ့ Data တွေပြန်ရဖို့ Recovery Software တွေ သုံးလို့ ရပါတယ်။ Recovery Software တွေက အဲဒီလိုနည်းနဲ့ ပျောက်ဆုံးသွားတဲ့ Data တွေကို ပြန်ရှာ ပေးနိုင်ပါတယ်။
ဆက်လက်ဖတ်ရှုရန် …..
Recovery Software တွေက Lost File တွေကို ရှာတဲ့နေရာမှာ မကြာသေးခင်က ပျောက်သွား တဲ့ ဖိုင်တွေအပြင် အရင် အကြိမ်ပေါင်းများစွာ ဖျက်ထားတဲ့ဖိုင်တွေကိုပါ ပြန်ရှာပေးနိုင်ပါတယ်။ အဲဒီဖိုင်တွေထဲက လိုအပ်တဲ့ဖိုင်တွေအားလုံးကို Save လုပ်ထားခြင်းဖြင့် ပျောက်ဆုံးသွားတဲ့ ဖိုင် တွေကို ပြန်လည်ရယူနိုင်ပါတယ်။
Recovery Software တွေကို Installer CD တွေ ရောင်းတဲ့ဆိုင်တိုင်းမှာ ဝယ်ယူနိုင်သလို Internet ကနေ Free Download ရယူပြီး အသုံးပြုနိုင်ပါတယ်။ Recovery Software တွေက အမည်အမျိုးမျိုးရှိပါတယ်။ ဥပမာ – Data Recovery၊ Delete Recovery၊ Format Recovery၊ Hardisk Recovery စသဖြင့် အမည်အမျိုးမျိုးနဲ့ Specialize အမျိုးမျိုးရှိပါတယ်။
Internet ထဲကနေ Recovery Software တွေရယူချင်တယ်ဆိုရင် ‘ Free Recovery Software ‘ ဆိုပြီး Google ထဲ ရိုက်ထည့်လိုက်တာနဲ့ Recovery Software တွေ Free ပေးတဲ့ Website တွေ ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် သတိထားဖို့လိုတာက အဲဒီ Website တွေအားလုံးက Free ပေးတာမဟုတ်ပါဘူး။ အများစုက ရောင်းတာပါ။ Free ဆိုရင် Demo ပဲပေးပါတယ်။ Demo ဆိုရင် Lost Data တွေကို ရှာရုံပဲရှာပေးပါတယ်။ File ကိုပြန်ပြီး Save လုပ်လို့မရပါဘူး။ Save မယ်ဆိုရင် Registration Number တောင်းပါတယ်။ အဲဒီနံပါတ် မပေးနိုင်ရင် Save လို့မရပါဘူး။ ဒါကြောင့် Download လုပ်တဲ့နေရာမှာ Demo မဟုတ်ပဲ Free Full Version ပေးတဲ့ Website ကိုရှာပြီး ရယူဖို့လိုပါတယ်။
Recovery Software တစ်ခုခုကို ရယူပြီးရင် ပထမဆုံး မိမိစက်(PC) ထဲကို Software Installation လုပ်ရပါမယ်။ Install လုပ်ပြီးသွားရင် Lost Data တွေ ပြန်ဆယ်ဖို့ Recovery Icon လေးကို ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ရှာချင်တဲ့ Device ကိုရွေးပါ။ အဲဒီနောက် Lost Data တွေ ပြန်ရှာဖို့ Scanning လုပ်ရမယ်။ အဲဒီလိုလုပ်ဖို့ Software တစ်ခုနဲ့ တစ်ခု Instruction တွေ မတူ ကြပါဘူး။ တချို့ Software တွေက ‘Scan’ ဆိုတဲ့ button ကို Click လုပ်ရပါတယ်။ တချို့က တော့ ‘Format Recover’ သို့မဟုတ် ‘Delete Recover’ ဆိုတဲ့ button ကို Click လုပ်ရပါမယ်။ အဲဒီလို Click လုပ်လိုက်တာနဲ့ Software က Lost File နဲ့ Folder တွေကို စရှာပေးပါတယ်။ ကိုယ်ရှာတဲ့ Device ရဲ့ Size ပေါ်မူတည်ပြီး ကြာမြင့်ချိန် ကွာခြားမှာပါ။ အဲဒီလိုရှာလို့ပြီးသွားရင် Windows Screen ပေါ်မှာ Lost Data တွေအားလုံး ပေါ်လာပါလိမ့်မယ်။ ဒီအခါမှာ ကိုယ်လိုချင် တဲ့ File တွေကို Save လုပ်လိုက်ရုံပါပဲ။ ဒီ Digital Media Recovery လို့ခေါ်တဲ့ Software လေးက အသုံးပြုရတာ အလွန်လွယ်ကူတဲ့အတွက် Data တွေကို ပြန်လည်ရယူကြည့်နိုင်ပါတယ်။
Recovery Software ရယူနိုင်မယ့် Website အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
- www.handyrecovery.com
- www.ontrackdatarecovery.com
- www.recoveryfix.com
( Voice ဂျာနယ်၊ Vol. 4 ၊ No. 38 မှ ထုတ်နှုတ်ဖော်ပြပါသည်။ )
အားလုံး Data ပျက်စီး ဆုံးရှုံးခြင်းဒုက္ခမှ ကင်းဝေးကြပါစေ………..
ကိုကျော်သူလင်း

0 comments:

Post a Comment