Blog က ပို့စ်တွေကို Facebook သို့ Automatic ရောက်စေချင်ရင်



မိမိတို့ Blog ကတင်သမျှ Post တွေကို အော်တိုမတ်တစ် Facebook  ကိုရောက်သွားအောင် ပြုလုပ်နည်းလေးကိုတော့ ပုံတွေနဲ့ ရှင်းမပြတော့ပါဘူး...(ပျင်းတာလဲ ပါတာပေါ့လေ) Blogger တိုင်းလုပ်တတ်ကြမှာပါ... ဒါ့ကြောင့် ရိုးရိုး  လေးပဲ ရေးလိုက်ပါတယ်..။

ပထမဆုံး ဒီနေရာကို သွားပါ  http://www.networkedblogs.com/
add your blog ကိုနှိပ်ပါ..
Facebook Login ဝင်ပါ..
မိမိ ရဲ့ Blog URL ကို ထည့်ပြီး Next ကိုနှိပ်ပါ..
လိုအပ်တာတွေ ဖြည့်ပေးပါ... ဥပမာ Blog Name မှာ
ကိုယ့် Blog နာမည်ပေါ့ဗျာ...
အားလုံး လိုအပ်တာတွေ ဖြည့်ပြီးရင် Terms of service မှာ
Check (အမှန်ခြစ်လေးထည့်) ပြီး Next ကိုဆက်သွားပါ...
Are you the author of (မိမိ Blog နာမည်)? YES , NO မှာ YES ကိုရွေးပါ...

ပြီးရင် အပေါ်နားမှာ  Blogger Dashboard ကိုနှိပ်ပါ...  Grant Permissions ကိုဆက်နှိက်ပါ..
ပွင့်လာတဲ့ Box မှာ Allow ကိုရွေးပါ ...
ဘယ်ဘက်နားက Blogger Tools အောက်က Syndiction ကိုနှိပ်ပါ  Choose a blog to syndicate မှာ ကိုယ့် Blog နာမည်ကိုရွေးပေးပါ....
ပြီးရင် မိမိ Email ကိုဖွင့်ပြီး (Facebook Account Email)  Verify your email ကိုနှိပ်လိုက်ပါ ....
Thanks. Your email is verified. အောက်က  Continue ကိုနှိပ်ပါ...
Quick Publisher ကိုနှိပ်ပြီး CLick to select one more target ကိုနှိပ်ပြီး Blog က Post တွေကို မိမိ ရောက်စေချင်တဲ့ Facebook က မိမိ Profiles (or) Fan Page (or) Group စ,တာတွေ ကိုရွေးပေးပြီး Publish ကိုနှိပ်လိုက်ပါ...။

 အဆင်မပြေသေးရင် ဒီ မူရင်းပို့စ်ကို လေ့လာနိုင်ပါတယ်...။

အားလုံးအဆင်ပြေကြပါစေ....:)

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)


11 comments:

မိုက်တယ်ဗျို့ မိုက်တယ်။ အဲဒါတွေကြောင့် သူများက အ၀င်း ကို အားကိုးနေရတာ သိလား ဟင့်

ကျေးဇူးပဲ ကိုဝင်း..သိချင်နေတာကြာပြီ..ပြန်ရှယ်ခွင့်ပြုပါနော်..လေးစားလျှက်

ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

http://adf.ly/NVBaO မှာ နည်းအပြည့်ပါတယ်ဗျာ။ အကို့နည်းကိုမရဘူးလို့ပြောတဲ့သူငယ်ချင်းအတွက် ထပ်မံ share လိုက်ပါတယ်။ networked blogs ကိုကျွန်တော်လည်းသုံးတာကြာပြီဗျ။ ကျွန်တော်တောင် ပြောင်းသုံးလိုက်ပြီ။

ကျေးဇူးပါဗျာ နည်းပညာတွေ စပါယ်ရှယ် ရှယ်လို့ရတာပေါ့

အစ်ကိုရေ feedlinkထည့်တိုင်း invland url ပဲပြနေတယ်။ ကူညီပါအုံး။ ထုံးစံအတိုင်း lwanthu31mm@gmail.com ကိုပို့ ပေးပါအုံးခင်ဗျာ။ ကျေးဇူးတင်စွာဖြင့်

ကျေးဇူးတင်ပါသည်။

ဒကာတော် ဦးဇင်းတစ်ခုလောက်မေးချင်ပါတယ် Comment ပေးတဲ့နေရာမှာလေ robot မသိတဲ့ စာကိုရိုက်ခိုင်းပြီးမှ Comment ပေးတင်လို့ရတယ် အင်တာနက်လိုင်းမကောင်းက အဲ့စာကိုမပေါ်ဘူး ဒါကြောင့် Comment လို့မရဘူး။ အဲ့ robot မသိတဲ့ စာကိုတူအောင်ရိုက်ခိုင်းတဲ့နေရာမှာ မလိုချင်လို့ဖြုတ်ချင်ရင် ဘယ်လိုဖြုတ်ရမလဲ အားရင်နည်းလမ်းလေးပြပေးပါနော်။ ဒီ ၀င်းကမ္ဘာကျော် ဆိုဒ်လိုမျိုးပဲ ဘာကုတ်စာမှရိုက်စရာ မလိုဘဲနဲ့ ကိုယ့်ဘလော့ကို လွယ်လွယ်ကူကူ Comment ပေးလို့ရအောင်လုပ်ချင်တယ်

ကျေးဇူးတင်တယ်အစ်ကို ယူသွားပြီ

ကျေးဇူးအရင်တင်တယ် အစ်ကို

နောက်တစ်မျိုးရှိရင်ပေးပါလား။ သူကအခု မရတော့လို့ပါ။ ကျေးဇူးဆရာတို့ရေ။

Post a Comment