Desktop ပေါ်မှာ Shortcut လေးတွေဖန်တီးပြီး ကွန်ပြူတာကို Shutdown,Restart အမြန်ချကြည့်ရအောင်

ဘာရယ်မဟုတ်ပါဘူး... သူငယ်ချင်းတစ်ယောက်မေးနေလို့ Shutdown,Restart,logoff တွေကို Shortcut လုပ်ပြီး ကွန်ပြူတာကို အမြန်ပိတ် / အမြန် Restart ချချင်လို့ပါတဲ့ ဘယ်လိုလုပ်ရလဲမေးနေလို့ မသိသေးသူများလဲ ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်..။

shutdown -s -t 00   (for shutdown)

shutdown -r -t 00    (for restart)

shutdown -l -t 00      (for logoff)


ပထမဆုံး Desktop ပေါ်က လွတ်တဲ့နေရာမှာ Right Click နှိပ်ပါ...


 နံပါတ် အစဉ်အတိုင်း နှိပ်ပေးသွားပါ...။


နံပါတ် (1) မှာ အပေါ်မှာ ပြထားတဲ့ Shutdown အတွက် ဒီစာလေးတွေကို  shutdown -s -t 00   Copy ကူးထည့်ပေးလိုက်ပါ ထို့အတူပဲ Restart,logoff အတွက်လည်း သက်ဆိုင်ရာ စာကြောင်းလေးတွေကို ကူးထည့်ပေးပါ... နံပါတ် (2) ကို နှိပ်ပါ...။


(1) မှာ ကြိုက်တဲ့ နာမည်ရေးနိုင်ပါတယ် ဥပမာ Shutdown စသည်ဖြင့်... ပြီးရင် (2) ကိုနှိပ်ပါ..။


Desktop ပေါ်မှာ Shutdown Shortcut လေးရောက်လာပါပြီ အဲ့ဒီ Shortcut ကို Double Click ပြီး ကွန်ပြူတာကို အမြန်ပိတ်လို့ရသွားပါပြီ...

Shortcut  လေးတွေ လန်းသွားစေချင်ရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ Icon လေးကို Change လို့ရပါတယ်... အဲ့ဒီ Shortcut လေးပေါ်ကို (1) Right Click နှိပ်ပါ.. (2)  Properties ကိုရွေးပါ..။


 Change Icon ကို နှိပ်ပါ..


 ကြိုက်တဲ့ Icon လေးကို Click ပြီး OK ကို နှိပါ...။


 Apply > OK 


 ခုဆိုရင် ကိုယ်ဖန်တီးလိုက်တဲ့ Shortcut Icon လေးတွေဟာ Desktop ပေါ်ကို ရောက်နေပါပြီ အဲ့ဒီ Shortcut လေးတွေကို Double Click နှိပ်ပြီး Shutdown အမြန်ချခြင်း , Restart အမြန်ချခြင်း , Logoff အမြန်ချပေးခြင်းတို့ကို အလွယ်တကူ လုပ်ဆောင်နိုင်ပါပြီ....

အားလုံး အဆင်ပြေကြပါစေဗျားးးး

ဝင်းကမ္ဘာကျော်  (နည်းပညာမှတ်တမ်း)



2 comments:

ကျေးဇူးအများကြီးတင်ပါတယ်..ကိုကြီးဝင်း
ခုလိုနည်းလမ်းလေးတွေဝေမျှတဲ့တွက်..
ဒီထက်အများကြီးအောင်မြင်ပါစေလို့..

Post a Comment