Google Drive – Google ရဲ့ Cloud storage ဝန်ဆောင်မှု

aungko: ကိုဝင်းရေ ..အွန်လိုင်းပေါ်မှာ data တွေသိမ်းချင်တာ ဘယ်မှာသိမ်းရင်အဆင်ပြေပါလဲဗျာ..နောက်ပြီးတော့ upload ဘယ်လိုလုပ်တင်ရတယ်ဆိုတာလေးပြောပြပေးပါလားဗျာ...ကျေးဇူးပါနော် ...

မသိသေးတဲ့ တခြားသူငယ်ချင်းများလည်း ဗဟုသုတ ဖြစ်ဖို့  Myitkyina Online မှတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Google နည်းပညာကုမ္ပဏီကြီးက Google Drive ဆိုတဲ့ cloud storage ၀န်ဆောင်မှု အသစ်ကို  မိတ်ဆက်ပေးလိုက်ပါတယ်။
Cloud storage ဆိုတဲ့အတိုင်း Google Drive ကို အသုံးပြုပြီး သင့်ရဲ့ data တွေကို online ပေါ်မှာ သိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်။ သိုလှောင်ထားတဲ့ data တွေကို သင့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို မျှဝေနိုင်တဲ့ အပြင် သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။

Google Drive ကို စတင် အသုံးပြုနိုင်ဖို့ အတွက် http://drive.google.com/ ကိုသွားရပါမယ်။ website ရဲ့ အပေါ်ညာဖက်ထောင့်မှာ Get started with 5 GB free ဆိုတဲ့ button အပြာရောင်လေးကိုတွေ့မယ် ဆိုရင် အဲဒိ့ button လေးကို နှိပ်ပြီး ချက်ခြင်းအသုံးပြုလို့ ရနိုင်ပါတယ်။ ဒါမှမဟုတ် Notify me ဆိုတဲ့ စာသားလေးကို ဘဲတွေ့တယ်ဆိုရင်တော့ Notify me button လေးကိုနှိပ်ပြီး အသုံးပြုခွင့်ကို စောင့်ဆိုင်းရမှာပါ။  စောင့်ဆိုင်းချိန်က တစ်ရက်ကနေ နှစ်ရက်ဝန်းကျင်လောက်ထိ ကြာမြင့်နိုင်ပါတယ်။ သင့်ရဲ့ Google Drive account အသုံးပြုဖို့ ready ဖြစ်ရင် သင့် မေးလ်ကို အကြောင်းကြားမှာ ဖြစ်ပါတယ်။

Google Drive ဆိုတာ Google Docs ကိုဘဲ feature အသစ်တွေ ပေါင်းစပ်ထားတာပါ။ file တွေ collections(folders) တွေကို create လုပ်လို့ရတယ်၊ ကိုယ်သိမ်းထားတဲ့ file တွေကို search box ကနေရှာလို့ရတယ်။ browser က နေ files တွေကို drag & drop လုပ်ပြီး သိုလှောင်ထားလို့ရတယ်။
ဒါပေမယ့် Docs နဲ့ မတူတာက သင့် ကွန်ပျူတာ Desktop ကနေ  Google Drive application ကို install လုပ်ပြီး data တွေကို ထိန်းသိမ်းနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ Drive application ကို install လုပ်ဖို့အတွက်  http://drive.google.com/ ကိုသွားရပါမယ်။ ပြီးရင် ဘယ်ဘက် အပေါ်ထောင့်နားက Download Google Drive for PC ကို နှိပ်ပြီး install လုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ သင့် ကွန်ပျူတာမှာ Google Drive folder တစ်ခုကိုတွေ့ရပါလိမ့်မယ်။ အဲဒိ့ Drive folder ထဲမှာ mp3 file, video file, pdf file စသဖြင့် သင်သိုလှောင်ချင်တဲ့ files တွေကို ထည့်ထားလို့ရပါတယ်။ အဲဒိ့ folder ဟာ web ပေါ်က Google Drive နဲ့ ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက် web ပေါ်မှာလည်း သင့် data တွေ အကုန်ရှိနေမှာပါ်။  သင့် ကွန်ပျူတာမှာရှိတဲ့ Google Drive folder ထဲကို file အသစ်တစ်ခုထပ်ထည့်တာ ဖြစ်ဖြစ်၊ ရှိပြီးသား file အဟောင်းကို နာမည်ချိန်းတာဘဲ ဖြစ်ဖြစ်၊ တစ်ခုခု အပြောင်းအလဲလုပ်လိုက်တာနဲ့ web ပေါ်က Google Drive မှာလည်း update ဖြစ်သွားမှာပါ။ အဲလို ဖြစ်ဖို့အတွက် သင့်ကွန်ပျူတာကို အင်တာနက် ချိတ်ဆက်ထားဖို့တော့ လိုမှာ ဖြစ်ပါတယ်။

Google Drive

Google Drive Application ကို ကွန်ပျူတာ တွေအတွက်သာမက မိုဘိုင်းဖုန်းတွေ၊ tablet တွေအတွက်ပါ ထုတ်လုပ်ထားပါတယ်။ ခုလောလောဆယ်တော့ Android version တွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပြီး iOS version တွေမှာတော့ အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ Google Drive ကို သင့်ရဲ့ ကွန်ပျူတာတွေ၊ ဖုန်းတွေ မှပါ ထည့်သွင်းထားနိုင်လို့ သင့် ရဲ့ data တွေကို ကိုယ်နဲ့မကွာယူဆောင်သွားနိုင်မှာပါ
Google Drive မှာ user account တစ်ခုကို သိုလှောင်မှုပမာဏ 5GB အခမဲ့ ပေးထားပါတယ်။ သိုလှောင်မှုပမာဏ ကို 5GB အထက် အသုံးပြုလိုသူများအတွက် 25GB ပမာဏအတွက် တစ်လကို $2.49၊ 100GB ပမာဏအတွက် တစ်လကို$4.99၊ 1TB ပမာဏအတွက် တစ်လကို $49.99 ကျသင့်မှာ ဖြစ်ပါတယ်။
Google Drive မှာ word, excel file, photoshop file, illustrator file, HD video စသည်ဖြင့် file အမျိုးအစားပေါင်း ၃၀ ကျော်ကို သိုလှောင်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ သင့် data တွေကို web ပေါ်မှာ သိုလှောင်သိမ်းဆည်းထားမှာ ဖြစ်တဲ့အတွက်၊ ကွန်ပျူတာတွေ ဖုန်းတွေ virus ကိုက်လို့ဘဲ ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားလို့ဘဲ ဖြစ်ဖြစ်၊ သင့် data တွေ ပျက်စီးဆုံးရှုံးမှာကို ပူပန်စရာ မလိုတော့ပါဘူး။
Google Drive

ဒါကြောင့် ကိုယ့်ရဲ့ အရေးကြီးတဲ့ files တွေကို backup အနေနဲ့ သိမ်းထားလို့ရတဲ့ အပြင် ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း အလွယ်တကူ ဝေမျှလို့ရတဲ့ Google Drive ကို စမ်းသပ်အသုံးပြုကြရအောင်ပါ။

Credit to : http://www.myitkyinaonline.com/google-drive


2 comments:

ကျေးဇူး ကမ္ဘာ ပါပဲဗျာ..

Post a Comment