Windows 7 မှ Hidden Features လေးတစ်ချို့ 
ကျွန်တော်တို့ ဟာ windows 7  ကို အိမ်သုံး၊လုပ်ငန်းသုံးအနေနဲ့ အသုံးပြုကြပါတယ်။ windows နဲ့ ကျွန်တော်ကတော့ IT နယ်ပယ်ထဲကိုဝင်လာတဲ့အတွက်အခြားသော OS ( Linux, Android)
တွေထက်စာရင် Windows ကိုပိုကြိုက်ပါတယ်။ကျွန်တော်ကျင်လည်ခဲ့တဲ့ လုပ်ငန်းခွင်နယ်ပယ်
ထဲမှာလည်း Linux တွေထက်ကို windows တွေကပိုများတဲ့အတွက် Windows ပိုင်းကိုပိုပြီး
အကျွမ်းတ၀င်ရှိတာပါ။  
ပြီးတော့ကျွန်တော်တို့ လုပ်ငန်းခွင်မှာလည်း windows based platform ဖြစ်တဲ့အတွက် windows
ကိုအသုံးပြုဖြစ်နေတာပါ။ " တစ်ချို့ သော ဗဟုသုတတွေက သိထားတာအကျိုးရှိပါတယ်။ဒါပေမဲ့
လက်တွေ့ အသုံးချနိုင်ဖို့ ပိုအရေးကြီးပါတယ်။ " ဆိုတဲ့ စကားလေးလိုပေါ့ဗျာ။ ကျွန်တော်တို့ ကိုင်တွယ်
တဲ့ Network တွေဟာ user friendly ဆိုရင် ပိုပြီးအဆင်မပြေဘူးလားဗျာ။ ခက်ရာခက်ဆစ်တွေလုပ်
ပြီး user friendly မဖြစ်ဘူးဆိုရင်လည်း ဒီလူမရှိလို့ အလုပ်မတွင်ဘူး။အလုပ်ပျက်တယ်ဆိုတာမျိုးလည်း
ဖြစ်လို့ မရဘူးလေ။ ပြီးတော့ဒီနေ့ ခေတ်လူတော်တော်များများဟာ Mac တို့ linux တို့ ထက်ကို windows
နဲ့ computer ကိုသိလာတာပါ။ ကျွန်တော်တို့ ခေတ်တုန်းက windows 98 နဲ့ သင်လာရတာပါ။ ဒါပေမဲ့
လည်းအချိန်ပေးလေ့လာနိုင်ရင်တော့ Mac တို့ Linux တို့ လည်းသူ့ နည်းနဲ့ သူအကျိုးရှိမှာပါ။ ကျွန်တော်
က windows သမားဖြစ်တဲ့အတွက်အဲဒါတွေနဲ့ ပတ်သက်လို့ တော့မရေးလိုတော့ပါဘူး။
ထားပါတော့....ကျွန်တော်ပြောတာတွေလည်းရှည်နေပါပြီ။ကိုယ့်အထွာနဲ့ ကိုယ်ပေါ့နော်။စာဖတ်သူတို့ 
အတွက်ကို ကျွန်တော်သိထားတတ်ထားတာလေးတွေကိုအကျိုးရှိရှိမျှဝေချင်တာနဲ့ ပဲကျွန်တော့် blog
လေးကိုဆက်ရေးဖြစ်နေတာပါ။ အခြား OS တွေ အသုံးပြုနေတဲ့သူ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
နစ်နာစေလိုတာမျိုးပြောတာမဟုတ်ပါဘူးဆိုတာကိုလည်းနားလည်ခွင့်လွှတ်စေလိုပါတယ်ခင်ဗျား။
ကျွန်တော်အတွေ့ အကြုံနဲ့ ကျွန်တော်ယှဉ်ပြီးပြောတာကိုနားလည်ပေးစေလိုပါတယ်ဗျာ။
ကဲ...နည်းနည်းများသွားပြီ။ windows 7 အကြောင်းတွေကိုတော့ထပ်မပြောတော့ပါဘူး။အားလုံးလည်း
(၁)Recycle Bin ထဲမပို့ ပဲတစ်ခါတည်းဖျက်ချင်ရင်  
ကျွန်တော်တို့ တွေဟာတစ်ချို့ file တွေကိုဖျက်ရင် recycle bin ထဲရောက်ရောက်သွားတတ်တာကို သတိ
ပြုမိကြမှာပါ။ နောက်ပြီးစက်ထဲမှာလုံးဝမလိုချင်တော့ဘူးဆိုရင်တော့ Shift + Del နဲ့ ဖျက်ကြလေ့ရှိပါတယ်။
ဒီတော့ကျွန်တော်တို့ ဟာ recycle bin ထဲကိုလည်းမရောက်ပဲ Del နှိပ်ပြီးဖျက်ချင်တယ်ဆိုရင် တော့ Recycle Bin ကို right click နှိပ်ပြီး properties ရွေးပါ။ဒါဆိုဒီလိုပုံလေးကျလာပါလိမ့်မယ်။
အဲဒီပုံလေးထဲမှာ အပေါ်ဆုံးက Recycle Bin Location ဆိုတာလေးကို C:(သို့ ) ကိုယ်ကြိုက်တဲ့ partition
ကိုပေးနိုင်ပါတယ်။ အဲဒါရွေးပြီးရင် Don't move files to the Recycle Bin. ဆိုတဲ့ radio button လေးကို
on ပေးပါ။ တကယ်ဖျက်မဖျက် confirm dialog box လေးကျစေချင်ရင်တော့ အောက်က check box
လေးကို on ပေးပါ။ ပြီးတော့ Apply OK ပေါ့။ ဒါဆိုရင် Recycle Bin ထဲမရောက်ပဲတန်းဖျက်နိုင်
ပါလိမ့်မယ်။
(၂)Multiple File Renaming 
File အများကြီးကို 1,2,3 တပ်ပြီး တစ်ပြိုင်နက်တည်း rename လုပ်ချင်ပါသလား ?  ဒါဆိုရင် ပြောင်းချင်တဲ့
file တွေကို select မှတ် ပြီးရင် Function Key F2 နှိပ်ထား။ပထမဆုံး file ကို rename လုပ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် file တွေဟာ မူလ ပြောင်းလိုက်တဲ့ file အမည်နဲ့ နောက်မှာ 1,2,3 ပြောင်းပြီး
သိမ်းသွားတာကိုတွေ့ ရပါလိမ့်မယ်။
ဥပမာ....
အဲဒီ နာမည်နဲ့ file တွေကို ဒီလို
အဲဒီမှာ ကျွန်တော်က မူလဖိုင် name foo1,2,3 ကနေ ပထမဆုံး file ကို not foo(1) ဆိုပြီးပြောင်းလိုက်တာနဲ့ file အားလုံးဟာ not foo (1),(2),(3),....ဆိုပြီးပြောင်းသွားတာကိုတွေ့ ရပါလိမ့်
မယ်။
(၃)No GUI Boot 
တကယ်လို့ ကိုယ့်စက်က windows တက်တာကြာရင် Splash Screen Boot တက်တာကိုဖယ်ထားလို့ ရှိ
ရင်စက် Boot တက်တာမြန်ပါတယ်။ ဒီလိုလုပ်ချင်ရင်တော့ windows key + run ပြီးရင် Msconfig ဆိုပြီး
ရိုက်လိုက်ပါ။အဲဒါဆိုရင် အောက်ပါပုံလေးကျလာမယ်....
အဲဒီမှာကျွန်တော်တို့ က No GUI Boot ဆိုပြီးရွေးပေးလိုက်မယ်။ပြီးရင် Apply နှိပ်ပြီး OK ဒါဆိုရင်ပြီး
သွားပါပြီ။ ကျွန်တော်တို့ GUI မပါပဲ မြန်မြန်စက်တက်ပါလိမ့်မယ်။
(၄) Problem Step Recorder 
တစ်ခါတစ်လေကိုယ့်စက်ကဘယ်လိုဖြစ်လို့ ဖြစ်မှန်းမသိအောင် ပြောပြဖို့ ခက်တက်ပါတယ်။ Microsoft က
ဒီလိုဖြစ်ရပ်မျိုးတွေအတွက် သူတို့ ဆီကို problem ဖြစ်တဲ့ step တိုင်း ( keyboard နှိပ်တာ။ program error ဖြစ်တာ...စက်နဲ့ ပတ်သက်ပြီးတစ်ခုခုဖြစ်တာ....) ကို မှတ်နိုင်တဲ့ recorder လေးတစ်ခုထည့်ပေး
ထားပါတယ်။ အဲဒါလေးနဲ့ ဖြစ်တဲ့ error ကို record လုပ်ထားနိုင်ပါတယ်။
အဲဒါကိုလုပ်ဖို့ Windows Key + R နှိပ်လိုက်ပါ။ Run box ကျလာရင် psr ဆိုပြီးရိုက်လိုက်ပါ။
(၁)
ပြီးရင် ညာဘက်နားက down arrow လေးကိုနှိပ်လိုက်ပါ။ 
(၂)
ဒီလိုပုံလေးကျလာရင် setting နှိပ်လိုက်ပါ။ပြီးရင်တော့ဒီလိုပုံလေးကျလာပါမယ်.
(၃)
အဲဒါဆိုရင် သူက setting box ကျလာရင်ညာဘက်က browse နှိပ်လိုက်ရင်ဘယ်နေရာမှာသိမ်းလဲ...save as box ကျလာပါမယ်။အဲဒီမှာကိုယ်ပေးချင်တဲ့နာမည်ပေးပါ။ file ကို zip အနေနဲ့ ကိုယ်သတ်မှတ်ထားတဲ့
နေရာမှာသိမ်းနိုင်ပါပြီ။ ပြီးရင် save နှိပ်...Ok နှိပ်ပြီးပိတ်လိုက်ပါ။ဒါဆိုရင် ပုံ(၁) ကအတိုင်းဖြစ်သွားရင်
start record လုပ်ကြည့်လိုက်ပါ။ ပြီးတော့ ကိုယ့် error တက်တဲ့ program တစ်ခုခုကိုဖွင့်ကြည့်ပြီးတစ်ခုခု
လုပ်ကြည့်လိုက်ပါ။ နောက်ဆုံး ရပြီဆိုရင် stop record လုပ်ပြီးကိုယ်သိမ်းထားတဲ့နေရာမှာသွားဖွင့်ကြည့်ပါ။
zip ကို ဖြည်လိုက်ရင် *.mht file နဲ့ ရပါလိမ့်မယ်။ IE (သို့ )Firefox နဲ့ ဖွင့်ကြည့်နိုင်သလို Microsoft နဲ့ 
IT ပညာရှင်တွေကိုလည်း mail ပို့ ပြီးစစ်ဆေးနိုင်စေပါတယ်။
(၅)Calibrate your screen
တကယ်လို့ ပုံတွေကိုကြည့်ရတာ graphic display setting တွေကပုံမှန်အလုပ်လုပ်တယ်..ဒါပေမဲ့ ပုံတွေ
မြင်ကွင်းတွေမြင်ရတာစိတ်တိုင်းမကျဘူး။ကိုယ်တိုင်ထပ်လုပ်ချင်သေးရင် Windows + R ကနေ run box
ကိုယ့်စိတ်ကြိုက်ပြုပြင်နိုင်ပါလိမ့်မယ်။
(၆) Set the Time Zone
 run ကနေအချိန်လှမ်းပြင်ချင်တယ်ဆိုရင် ....Windows + R = Run ကနေ
tzutil /s "gmt standard time" ဆိုပြီးရိုက်လိုက်ရင် Greenwhich Mean Time ဖြစ်သွားပါလိမ့်မယ်။
တကယ်ကတော့ကျွန်တော်တို့ က time zone utility (tzutil) ကိုအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ အဲဒီမှာ
parameter တွေနဲ့ သိချင်တာတွေကိုထပ်ရိုက်လို့ ရပါသေးတယ်။ tzutil /l (တို့ ) tzutil /? တို့ ရိုက်လိုက်
ရင် သုံးနိုင်တဲ့ features တွေသိပါလိမ့်မယ်။
(၇) Power Usage ( for Laptops)
cmd ( Administrator Right နဲ့ ဝင်ရမယ်နော်) ပြီးရင် cmd ထဲမှာ powercfg -energy ဆိုပြီးရိုက်ပြီး
enter ခေါက်လိုက်ပါ။ ဒါဆို၇င် windows 7 က battery usage နဲ့ ပတ်သက်ပြီးစစ်ပေးပါလိမ့်မယ်။
တစ်မိနစ်နီးပါးလောက်ကြာပါလိမ့်မယ်။ ပြီးသွားရင်ဘယ်နေရာမှ result file သိမ်းထားတယ်ဆိုတာပြ
ပေးပါလိမ့်မယ်။ *.html file နဲ့ result ထုတ်ပေးပါလိမ့်မယ်။
ကဲ...ခုတစ်ခေါက်တော့ဒီလောက်ပါပဲဗျာ။ကိုယ်တိုင်လည်းစမ်းကြည့်နိုင်ပါတယ်။ခုရေးသားထားတာကအနည်း
ငယ်မျှသာရှိပါသေးတယ်။ windows 7 tips တွေကအများကြီးပါ။နောင်အလျဉ်းသင့်ရင်လည်းထပ်ရေးပါဦး
မယ်။အားလုံးပဲစမ်းသပ်ပြီးအဆင်ပြေကြပါစေ။  IT ဗဟုသုတတွေလည်းတိုးတက်ပါစေဗျာ။
အားလုံး ဗဟုသုတ ရစေဖို့  Knowleges 4 EveryOne မှ ပြန်လည်မျှဝေပေးလိုက်တာပါ..။
အားလုံး IT ဗဟုသုတတွေလည်းတိုးတက်ပါစေ...
1 comments:
Windows 8 ultimate professional ရှိရင် ကျေးဇူးပြုပြီးတင်ပေးပါအုံး ဆရာရေ....
အမြဲကျေးဇူးတင်လျက်
မောင်လေ့လာ
Post a Comment