ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာTuesday, January 15, 2013

ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာ
Tuesday, January 15, 2013  

လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုး
အစားက ရောင်းအားကောင်းပါတယ်။လိုင်းဆွဲအား ကောင်းတာ၊ တခြား
နာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။

ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။အဖြူနဲ့ ပန်းရောင် နှစ်လုံးက ဘယ်ထရီ အပိုပါတဲ့ C8812 နဲ့ 
T5900 အမျိုးအစားတွေ ဖြစ်ပါတယ်။
T, C, U ဆိုတာ ဘာတွေလဲ ~
HUAWEI ဖုန်းဝယ်မယ်ဆိုရင် မော်ဒယ်နံပတ်ရှေ့မှာပါတဲ့ အင်္ဂလိပ်အက္ခ ရာတွေ ကိုသတိထားပြီးရွေးဝယ်ပါ။

ဥပမာ - T8950 မှာ T ဆိုတာ တရုတ်ပြည်မှာသုံးတဲ့ TDMA Network ပါ ၊  ဒီ ဖုန်းကိုအသုံးရင် 3G အပြည့်မရပါဘူး၊
C8950 မှာ C ဆိုတာ CDMA 800 ကို ရည်ညွန်းတာပါ၊
U8950 မှာ ပါတဲ့ U က GSMA နဲ့ WCDMA နှစ်မျိုးသုံး လို့ရတဲ့ Dual sim card ကို ဆိုလိုတာပါ။

မော်ဒယ်နံပတ်တွေရှေ့မှာပါတဲ့ ဒီ အင်္ဂလိပ်အက္ခရာတွေမှာ T နဲ့ စတဲ့ TDMA ဖုန်းတွေက ကျန်တဲ့ U တို့ C တို့နဲ့ စတဲ့ဖုန်းတွေထက် ဈေးသက်သာပါတယ်။ 
ဒါကြောင့် ဖုန်းဝယ်မဲ့သူတွေ မော်ဒယ်နံ ပတ်ရှေ့က အင်္ဂလိပ်အက္ခရာတွေကို ကြည့်ပြီး ၀ယ်ဖို့လိုပါတယ်။

စင်ကာပူက အ၀င်နည်းတယ် ~
“HUAWEI ဖုန်းတွေ မြန်မာပြည်ထဲကို တရုတ်ပြည်က ၀င်သလို စင်ကာပူက ပတ်ဝင်လာတာ ရှိပါတယ်။ စင်ကာပူက ၀င်တဲ့အလုံးတွေဆိုရင် ဖုန်းအတွင်း
စာတွေ အကုန်လုံးက အင်္ဂလိပ်စာနဲ့ဖြစ်ပြီး Gmail ၊ gtalk တပါတည်း ပါတယ်”လို့ ရန်ကုန်မြို့ အမှတ် ၁၆၃၊ လသာလမ်းမှာ ရှိတဲ့  Easy One Mobile ဆိုင်က ကိုအောင်ကျော်ကျော်က ပြောပါတယ်။

သို့သော်လည်း စင်ကာပူက အ၀င် အင်မတန်နည်းတယ်လို့ ဆိုပါတယ်။

“HUAWEI အလုံး ၁၀၀ မှာ ၉၉ လုံးလောက်က တရုတ်ပြည်က၀င်တာ” လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

HUAWEI ဖုန်းတွေမှာ C8812 နဲ့ T5900 အမျိုးအစားတွေမှာ ဘက်ထရီ ၂ ခု ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားတွေ ၀ယ်တဲ့အခါ ဘယ်ထရီအပို ပါမပါ စစ်ဖို့လိုပါတယ်။ ဈေးနှုန်းကပ်ထားတဲ့အတွက် အရောင်းအ၀ယ် ပိုပြီး အဆင်ပြေစေပါတယ်
C 8812 ရဲ့ အားနည်းချက် ~
“Touch Screen အပျက်အများဆုံး မော်ဒယ်ကတော့ C 8812 ပါ၊ Screen အသစ် လဲမယ် ဆိုရင်တော့ အမည်းရောင်က ၁၀,၀၀၀  နဲ့ အဖြူရောင်က ၁၂,၀၀၀ ပါ၊ ဒါ ပုံသေတော့ မဟုတ်ဘူး ဈေးနူန်း အတက်အကျတော့ရှိ
ပါတယ်၊ လက်ခက ၅,၀၀၀ ပါ” လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။ 

irrawaddy

credit to irrawaddy
ကိုလတ်(ကျွဲဆင်း)

6 comments:

ခုမှပဲ သိလိုက်ရလို့ ကျေးဇူး

C8813 အတွက်​လဲ အား နဲချပ်​လဲ တင်​​ပေး ပါအုံး :)

ကျွန်တော့ဆိုင်က C8813 တလုံးကိုရောင်းလိုက်ပါတယ်...၁ လ လောက်ပဲကြာမယ် ပြန်ရောက်လာပြီး ဖုန်းဆက်မရဘူးပြောတယ်..ကြည့်လိုက်တော့ လိုင်းလဲတက်တယ် ဒါပေမယ့် ဖုန်းဆက်မရဘူး..သေချာစစ်ကြည့်တော့မှ 3G network မရတာ ဖြစ်နေတယ် ... 3G network လို့ ပြောရတာက လိုင်းတိုင်က ၁တန်းပဲ ပေါ်နေတယ် ..အမှန်ဆို ၂တန်းပေါ်ကမှာလေ...ဒါပေမယ့် ရန်ကုန်မှာဆို ဖုန်းဆက်လို့ ရနေပြန်ရော ...ကျွန်တော်က နယ်ကပါ... ဘယ်လိုလုပ်ကမှာလဲ တိတော့ဝူး..... { ကျေးဇူးပြုပြီး ကူညီကြပါအုံးဗျာ } :'( :'( :'(

ကျွန်တော်ကိုင်နေတဲ့ဖုန်းကဟွာဝေuး19ပါအခုimei invalid ဖြစ်နေလို့ပါကူညီပေးပါအကိုတို့

Post a Comment