iPhone ပေါ်မှ Messenger App ဖြင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရန် Facebook စမ်းသပ်နေ



iPhone ပေါ်မှ Messenger App ဖြင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရန် Facebook စမ်းသပ်နေ

ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး လူမှုရေးကွန်ရက်ကို ပိုင်ဆိုင်သည့် Facebook Inc. သည် အမေရိကန်တွင် Apple iPhone ရှိ Messenger application ပေါ်မှတစ်ဆင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရန်အတွက် စမ်းသပ်လုပ် ဆောင်နေကြောင်း သိရသည်။
Facebook သည် messenger application မှ ဖုန်းခေါ်မှုကို ယခုလ အစောပိုင်းက ကနေဒါနိုင်ငံတွင် စမ်းသပ် ပြုလုပ်ခဲ့ကြောင်း၊ ဖုန်းခေါ်ဆိုသူများသည် ဖုန်းကုမ္ပဏီများ၏ ဝန်ဆောင်မှုများအစား အဆိုပါ app ကို အသုံးပြုကာ Wi-Fi (သို့မဟုတ်) data ကွန်ရက်များပေါ်မှတစ်ဆင့် သူငယ်ချင်းများထံ ဖုန်းခေါ်ဆိုမှုများပြုလုပ်နိုင်ကြောင်းနှင့် ၎င်းစမ်းသပ်မှုကို အမေရိကန်တွင် တိုးချဲ့ပြုလုပ်လျက်ရှိကြောင်း ကုမ္ပဏီက အီးမေးလ်တွင် ရေးသားဖော်ပြခဲ့သည်။

ကယ်လီဖိုးနီးယား အခြေစိုက် Facebook သည် tablet များနှင့် စမတ်ဖုန်းများမှတစ်ဆင့် ၎င်း၏ ဝန်ဆောင်မှုကို အသုံးပြုသူများအား ပိုမိုဆွဲဆောင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိသည်။ ပြီးခဲ့သည့်နှစ် တတိယ သုံးလပတ်က Facebook အသုံးပြုသူ ၁ ဘီလီယံကျော်အနက် ၆၀ ရာခိုင်နှုန်းသည် မိုဘိုင်းထုတ်ကုန်များပေါ်မှ အသုံးပြုခဲ့ကြပြီး ၎င်းပမာဏသည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကထက် ထက်ဝက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း Facebook မှ ဖော်ပြခဲ့သည်။

iPhone ပေါ်ရှိ Messenger application ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုသူများသည် “i” ကို နှိပ်ပြီးနောက် သူငယ်ချင်းတစ်ဦး၏ contact info စာမျက်နှာရှိ “free call” ကိုနှိပ်ခြင်းဖြင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်မည် ဖြစ်သည်။ အဆိုပါ application သည် Facebook အသုံးပြုသူ များအား မိုဘိုင်းထုတ်ကုန်များမှတစ်ဆင့် သူငယ်ချင်းများထံ message များ အလျင်အမြန် ဝေမျှနိုင်စေသည့် application ဖြစ်သည်။

Ref: CNET

Internet Journal

0 comments:

Post a Comment