Firefox Browser မှာ မြန်မာ Font မပေါ်ရင်/ဖတ်မရရင် & မြန်မာ Font ပြဿနာ ရှင်းတမ်း



Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်တဲ့ပြဿနာကို ခဏခဏ မေးနေကြလို့ လက်တွေ့ကိုယ်တိုင် ကိုယ်ကျ လုပ်တတ်အောင် Video လေးနဲ့ ရှင်းပြပေးလိုက်ပါတယ်..။ Video ထဲက ကျနော် သုံးထားတာကတော့ Firefox ကထုတ်တဲ့ Nightly Browser ပါ... နာမည်သာကွဲပြီး Mozilla Firefox နဲ့ အတူတူပါပဲ... စမ်းသုံးကြည့်တော့ ရိုးရိုး Firefox ထက် အဆင်ပြေတာတွေ့လို့ သုံးကြည့်နေတာပါ... တကယ်လို့ Nightly Browser ကို စမ်းသုံးချင်ရင်  ဒီနေရာမှာ မိမိ စက်နဲ့ ကိုက်ညီတာရွေးပြီး အခမဲ့ဒေါင်းယူနိုင်ပါတယ်....

ကွန်ပျူတာမှာ မြန်မာစာတွေ ရေး/ဖတ် နိုင်ဖို့ Zawgyi Font လုံးဝ မရှိသေးဘူးဆိုရင် ဒီနေရာမှာ Window 32bit အတွက် ဒေါင်းယူ Install ပေးပါ 64bit အတွက်ကိုလည်း ဒီ 32bit ကို အရင် Install ပေးရမှာပါ... Window 32bit အတွက်ဆိုရင် ဒီအဆင့်မှာတင် မြန်မာစာတွေ ရေး/ဖတ် နိုင်ပါပြီ.... တကယ်လို့ ရေး/ဖတ် မရသေးဘူးဆိုရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ Window ပြန်တတ်လာရင် ရေး/ဖတ် လို့ရနိုင်ပါပြီ...။

Window 64bit အတွက်ကိုတော့ နောက်ထပ် ထပ်ထည့်ပေးရဦးမှာပါ... Zawgyi Font For 64bit အတွက်ကို ဒီနေရာမှာ ဒေါင်းယူပါ...  Zawgyi Font For 32bit.EXE  ကို အရင် Install  လိုက်ပါ .. ပြီးရင်  Zawgyi Font For 64bit Folder ကိုဖွင့်ပါ  64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe  ဆိုတဲ့ ဖိုင်လ်လေးကို Right Click >  run as administrator နဲ့ Run ပေးလိုက်ပါ..။ မြန်မာလို ရေး/ဖတ် မရသေးရင် စက်ကို Restart ချပေးလိုက်ပါ...။

မြန်မာ Font နဲ့ ပါတ်သက်ပြီး အားလုံးအဆင်ပြေစေဖို့ ဒီဆိုက်ဒ် ရဲ့ ညာဘက်မှာတင်ပေးထားပါတယ် သတိမထားမိကြလို့ပါ... အောက်ကပုံလေးတွေကို နှိပ်ပြီး ဒေါင်းယူရုံပါပဲ.... အပေါ်ဆုံးက Window x32bit အတွက်ပါ ... အောက်က Window x64bit အတွက်ပါ ... အောက်ဆုံးက Myanmar Unicode ပါ....။


Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်ရင် အောက်က Video လေးအတိုင်း Setting တွေကို ချိန်းပေးနိုင်ပါတယ်...


 
 
တချို့မြန်မာ Website တွေမှာ Myanmar Unicode နဲ့ ရေးထားတတ်ကြပါတယ် .. အဲ့ဒီ Myanmar Unicode နဲ့ ရေးထားတဲ့ Website တွေမှာ မြန်မာစာတွေ မပေါ်တာမျိုး/ဖတ်မရတာမျိုးကိုတော့ Myanmar Unicode Font ကို မိမိ စက်ထဲမှာ ထည့်ထားဖို့ လိုဦးမှာပါ.... Myanmar Unicode Font ကို  ဒီနေရာ မှာ နှိပ်ပြီး Install ပေးပါနိုင်ပါတယ်ခင်မျာ......။ အခြားဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုတော့ ဒီမှာ လေ့လာနိုင်ပါတယ်...။
အခြား မြန်မာ Font နဲ့ ပါတ်သက်ပြီး အဆင်မပြေတာတွေ..
 (ဥပမာ။ ။ Gtalk မှာစာရေးရင် အမှန် Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာမျိုး) ကိုတော့..
ဒီနေရာ  မှာ ရေးထားပေးပါတယ်...။
 
နောက်ဆုံး တစ်ခုကတော့ ခုမှထွက်လာတဲ့ Window 8 မှာ Zawgyi Font သွင်းနည်းကိုတော့ ဒီနေရာမှာ တင်ပေးထားပါတယ်....။
 
အဆင်ပြေကြပါစေ
 
ခင်မင်လျှက်
 
ဝင်းကမ္ဘာကျော်


www.winkabarkyaw.net
 
 

3 comments:

ကျေးဇူးအထူး တင်တယ် အကို ရေ...အနော် ဒီ ကွန်မန့်ဘောက်ထဲမှာ မြန်မာလိုမပေါ်ဘဲ အတုံးတွေပဲ ပေါ်နေလို့ ဘယ်လို လုပ်ရ မှန်းမသိ ဖစ်နေတာ...ဇော်ဂျီ ကို တောင် မုန်ကုန်ပဲ ဒေါင်းထားတာ..အခု အကို ဗီဒီယိုလေးနဲ့ ရှင်းပြတာ လုပ်လိုက်လို့ ရသွားပြီး ...အရင်တုန်းက အနော့ ကွန်ပြူတာ setting တွေ ထဲမှာပါ လိုက်ပြင်သေး တယ်မရဘူး ဖစ်နေတာ...အခုမှ ပဲ အဆင်ပြေ သွားတော့တယ် .. ဟီးးးးးးးးးးးး..အခု လုပ်လိုက် တဲ့နေရာကို လဲ အနော်ခဏခဏ ဝင်ပြီးပြင်တယ်..အဲဘေးနားကAdvanced ကိုဝင်ပြင်ဖို့မေ့နေတာ ဗျ....အကို ဘလော့ ကို အနော် ခဏခဏ ဝင်ကြည့် တယ်..အချားဆိုဒ်တွေ ဝင်ကြည့် တယ်..ကျေးဇူးတင်ကြောင်းလေး စာရေးပို့မလို့ ဟာ ရေးလို့ ကို မရ ဖစ်နေတာ ..အခု တော့ အဆင်ပြေသွားပြီ....တစ်ချို့  ဆော့ဝဲ တွေ လဲ ဒေါင်းလော့ ဆွဲသွားပါတယ်..ဒါပေမဲ့mediafire က တော့ ဘယ်လိုမှ ဒေါင်းလို့မရတော့ ဘူး...လော့ ကျနေတယ်...
ကျေးဇူး ကမ္ဘာပါ အကို ရေ...ဒီလို အများ အကြိုး ပြု တဲ့ အတွက်လဲ ကိုယ်ကျိုး လဲ အောင်မြင်ပါ စေလလို့ အနော်ဆုတောင်းပေးပါ တယ်...

ကျေးဇူးပါ ဆရာရယ် COPY ပါ အမြဲ COPY လုပ်နေပါတယ် နေ့တိုင်းရောက်ဖြစ်ပါတယ်

ကွန်ပျူတာမှာ ဇော်ဂျီဖောင့်လဲရှိပါတယ်...window 7 ပါ. မြန်မာသရီးထည့်လိုက်တာလေ... Option မှာပါလိုက် ချိန်းလိုက်တာစာတွေက ဖတ်လို့ အဆင်မပြေတော့ဘူး... ဘ်ာတွေလိုနေတာလဲ ရှင်းပြပါအုန်း

Post a Comment