Samsune Glaxy Tab 2 ကို Root လုပ်နည်း


Samsung Galaxy Tab 2 7.0

Samsune glaxy tab 2 ကို Root လုပ်နည်း လေးကိုတောင်းဆိုထားလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Samsune glaxy tab 2 ကို Root လုပ်နည်း

Galaxy Tab 2 7″ ကို Root ချင်ပါတယ် ဆိုတဲ့ သူတွေအတွက် ဒီနေရာလေးမှာ သေချာတင်ပေးလိုက်ပါတယ်...။

Galaxy Tab 2 မှာက Model အမျိုးမျိုး ရှိလို့ သင့်တော်ရာ ClockworkMod ကိုရွေးချယ်ပါ...။


တစ်ခုခု မှားသွားခဲ့ရင် ပြင်နိုင်ဖို့ အတွက် အောက်မှာကတော့ Roms တွေကို အရံသင့်ပေးထားပါတယ်။

Samsung Galaxy Tab 2 (GT-P3100) Download ROMs 6.0.1.1
Samsung Galaxy Tab 2 (GT-P3110) Download ROMs 6.0.1.1
Samsung Galaxy Tab 2 (GT-P5110) Download ROMs 6.0.1.1 
Samsung Galaxy Tab 2 (GT-P3113       Download ROMs 6.0.1.1 
Samsung Galaxy Tab 2 (GT-P5100) Download ROMs 6.0.1.1
Samsung Galaxy Tab 2 (GT-P5113) Download ROMs 6.0.1.1

 ATTACHED FILES

Fix-Recovery.zip -(144.7 KB)

1. လိုအပ်တဲ့ Clock Work Mod recovery ကိုရွေးချယ် Download ဆွဲပါ။ (ဥပမာ -  P3100 – 6.0.1.0: Download)

2. ပြီးတော့ cwm-root-gtab2.zip ကို Download ဆွဲ၍  external sdcard ထဲသို့ ထည့်ပါ။

3. ထပ်ပြီး Fix-Recovery ဖိုင်ကိုလဲ external sdcard ထဲသို့ ထည့်ပါ။

4. ဖုန်းကိုပါဝါပိတ်ပါ။

5. Download-Mode  ကို ၀င်ဖို့အတွက် (Power+Vol Down) ကိုနှိပ်ပြီး Download-Mode ကိုရှေ့ဆက်ရန်အတွက် Vol Up ကိုနှိပ်ပါ။
(အောက်ပါ ပုံအတိုင်းပါ)


6. Odin ကို ဖွင့်ပါ။
(အောက်ပါပုံအတိုင်းပါ)


7. PDA ကနေပြီးတော့ သင် Download ဆွဲထားတဲ့ သက်ဆိုင်သော Root.tar ဖိုင်လေးကို
“GT-P31XX_ClockworkMod-Recovery_X.X.X.X.tar” ဆွဲယူထည့်လိုက်ပါ။
8. Tab2 နဲ့ ကွန်ပြုတာကို ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ ပထမ အကွက်လေးမှာ မီးလေး ၀ါသွားရင် စတင် ချိတ်မိသွားပါပြီ။
9.  Reset Time နှင့် Auto Reboot တို့ကို အမှန်ဖြုတ်ထားပါ အထပ်ပါ Odin ပုံလေးထဲက အတိုင်းပါပဲ။
10. ပြီးရင်တော့ Start ကို နှိပ်ပါ။
(အောက်ပါပုံအတိုင်းပါ)


10. PASS, ဖြစ်သွားရင်တော့ usb cable ကြိုးကို ဖြုတ်ပြီး
Vol Up + Power နှိပ်ပါ Samsung Galaxy Tab screen ပေါ်လာခဲ့ရင် power button ကိုလွှတ်လိုက်ပြီး Vol Up ကိုဆက်နှိပ်ထားပါ။
(အောက်ပါ ပုံအတိုင်းပါ)


11. အခုဆို CWM recovery ထဲရောက်သွားပြီ ဖြစ်လို့ fix recovery နှင့် cwm-root တွေကို အသီးသီး Install လုပ်ပေးလိုက်ပါ။
12. ပြီးရင်တော့ reboot system now ကိုနှိပ်ပြီး Reset ချလိုက်ပါ Power ပြန်တက်လာရင် Root ပြီးသားဖြစ်နေမှာပါ။

cwm root galaxy s2 Tutorial To Root Samsung Galaxy S2 Easily Using CF Root Kernel & ODIN (CWM & Superuser Included)

မြန်မာ Font ထည့်နည်းကို ဒီနေရာက အတိုင်း ထည့်ပေးနိုင်ပါတယ်....

အဆင်ပြေပျော်ရွှင်နိုင်ကြပါစေဗျာ…

By: Thit San Khant
thitsankhant@gmail.com

မူရင်း - xda-developers အား ပြန်ဆိုပါသည်။





9 comments:

အသေးစိတ် အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးပါ။ အချိန်ယူ ရှာဖွေပေးတဲ့အတွက်လဲ ကျေးဇူးအထူးပါ။ ဆက်လက်အားပေးနေပါသည်။

ကိုဝင်း lg e400 android မြန်မာfont ရရင်တင်ပေးပါလား အခုချိန်ထိရှာလို.မရသေးလို.ပါ။ ကျေဇူးတင်ပါတယ်

ဖုန်းက samsung glaxy tab 7.0 p1000 ver.2.2 ပါ
ဗားရှင်းမြင့်ချင်လို့ recovery mode မှာလည်း function မစုံလို့ sd ကတ်ကနေ
install လုပ်မရဘူးဖြစ်နေတယ် brick ဖြစ်ပေါင်းလည်းများပြီ ကူညီပါဦး

အကိုရေ နံပါတ် ၅ အဆင့်မှာ ရပ်နေပြီဗျ။ Downloading ...
Do not turn off target!! ဆိုပေါ်နေပြီးတော့ ဘာမှ အလုပ်လဲမလုပ်ဘူး။
တနာရီကျော်ထားထားလဲ အဲ့ဒီတိုင်းပဲပေါ်နေတယ်ဗျ ။
ဘာဖြစ်တာလဲမသိဘူး။ ကူပါဦး။

အကိုရေ နံပါတ် ၅ အဆင့်မှာ ရပ်နေပြီဗျ။ Downloading ...
Do not turn off target!! ဆိုပေါ်နေပြီးတော့ ဘာမှ အလုပ်လဲမလုပ်ဘူး။
တနာရီကျော်ထားထားလဲ အဲ့ဒီတိုင်းပဲပေါ်နေတယ်ဗျ ။
ဘာဖြစ်တာလဲမသိဘူး။ ကူပါဦး။

odinကို ဘယ်မှာသွားဖွင့်ရမှာလဲ ဖုန်းမှာလား ကွန်ပြူတာမှာလား

finally ,everything ok already , thanks a lot

3100 အတွက်လင့်ကသေနေတယ်အကို

Samsung galaxy tab s2 sm t 710 root နည်းလေးတင်ပေးပါအုံးလား။ကျေးဇူးတင်ပါတာ်

Post a Comment