အသံချိန်သလိုလိုနဲ့ ကိုယ့်လျှို့ဝှက်ဖိုင်တွေကို ဖျောက်ထားမယ် {Android}


AudioManager(Hide it pro)

ဒီ application ရဲ့ စွမ်းဆောင်နိုင်မှုက ၂ ခုရှိပါတယ်။ ပထမ တစ်ခုက နာမည်ပေးထားတဲ့ audio manager ပါ။ notification volume, media volume တွေကို ချိန်လို့ရပါတယ်။ ဒါပေမယ့် သူရဲ့ အဓိက စွမ်းဆောင်ရည်က အဲဒါတွေ မဟုတ်ပါဘူး။ သူများ မမြင်ချင်တာတွေကို ဖွက်ထားလို့ရတဲ့ hide it pro ဆိုတဲ့ စွမ်းရည်ကသာ သူ့ရဲ့ တကယ့် စွမ်းရည်ပါ။ ကဏ္ဍအလိုက် ပုံဆို ပုံ၊ ဗီဒီယိုဆို ဗီဒီယို ဖျောက်ထားလို့ရပါတယ်။ မသုံးစေချင်တဲ့ application တွေဆို lock ချထားလို့ရပါတယ်။ ဖုံးက root လုပ်ပြီးသားဆိုရင် application တွေကိုပါ ဖျောက်ထားလို့ရပါတယ်။
အကြိုက်ဆုံးတချက်က password  နောက်တစ်ခုနဲ့ ဒီ application ကို ဘာမှန်းသိတဲ့သူတွေကို လှည့်စားလို့ရတာ ကိုပါပဲ။

0 comments:

Post a Comment