![Photo: မကြာခင်အချိန်ကာလတွင် Google ကို မြန်မာဘာသာဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Google ဥက္ကဋ္ဌဖြစ်သူ Eric Schmidt မှ ယနေ့ တွင် တရားဝင်ကြေညာလိုက်ပါတယ်။
http://www.google.com.mm လိပ်စာမှာ အောက်ဖေါ်ပြအတိုင်း မြင်တွေ့ ရမှာ ဖြစ်ပါတယ်။](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-snc7/p480x480/481254_10200807440616407_473010481_n.jpg)
မကြာခင်အချိန်ကာလတွင် Google ကို မြန်မာဘာသာဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Google ဥက္ကဋ္ဌဖြစ်သူ Eric Schmidt မှ ယနေ့ တွင် တရားဝင်ကြေညာလိုက်ပါတယ်။
Google Inc အမှုဆောင်ဥက္ကဋ္ဌ မစ္စတာ Eric Schmidt နှင့် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာနယ်ပယ်အချို့မှ လူငယ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ယနေ့ပြုလုပ်သည့် မစ္စတာ Eric Schmidt နှင့် တွေ့ဆုံပွဲတွင် လူငယ်အချို့ Google နှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းခြင်းကို အဓိကပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အိုင်စီတီဖွံ့ဖြိုးမှုကဏ္ဍနှင့် သက်ဆိုင်သော အကြောင်းအရာအချို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ယခုကဲ့သို့ Google ၏ ထိပ်တန်းအရာရှိတစ်ဦး မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလိုတွင် www.google.com.mm ဟူသော ဒိုမိန်းတစ်ခုကို သုံးစွဲခွင့်ရပြီဖြစ်ပြီး... ယခုအချိန်ထိ သုံးစွဲနိုင်ခြင်း မရှိသေးသည့် ၎င်း၏နာမည်ကျော် ၀န်ဆောင်မှုတစ်မျိုးဖြစ်သော Google Play ကို မကြာမီကာလအတွင်း ပြည်တွင်းမှ သုံးစွဲနိုင်ရန် အလားအလာရှိနေကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ကွန်ပျူတာပညာရှင်အချို့ထံမှ သိရသည်။
ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)
![Google Inc အမှုဆောင်ဥက္ကဋ္ဌ မစ္စတာ Eric Schmidt နှင့် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာနယ်ပယ်အချို့မှ လူငယ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ Google ၏ ထိပ်တန်းအရာရှိတစ်ဦး မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလိုတွင် www.google.com.mm ဟူသော ဒိုမိန်းတစ်ခုကို သုံးစွဲခွင့်ရပြီဖြစ်ပြီး ယခုအချိန်ထိ သုံးစွဲနိုင်ခြင်း မရှိသေးသည့် ၎င်း၏နာမည်ကျော် ၀န်ဆောင်မှုတစ်မျိုးဖြစ်သော Google Play ကို မကြာမီကာလအတွင်း ပြည်တွင်းမှ သုံးစွဲနိုင်ရန် အလားအလာရှိနေကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ကွန်ပျူတာပညာရှင်အချို့ထံမှ သိရသည်။
ဓာတ်ပုံ - ထက်ပိုင်ဖြိုး(ဇ၀န)](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash4/s480x480/426518_417163715045722_1094892986_n.jpg)

http://www.google.com.mm/ အဆိုပါလိပ်စာမှာ ဖေါ်ပြပါအတိုင်း မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
Ref >> https://www.facebook.com/Niknayman & https://www.facebook.com/groups/156698514482170/
0 comments:
Post a Comment