Android ဖုန်းမှ 3G Network (အင်တာနက်) ကို Computer တွင် အသုံးပြုနည်း

 

Kyaw Htet: ဖုန်းကနေ WiFi လွှတ်ပြီး Computer ကနေ WiFi ဖမ်းသုံးလို့ရတဲ့ Software ရှိရင် ကူညီပါအုံးနော်..

Android Phone နဲ့ အင်တာနက် အသုံးပြုရတာကို အားမရပဲ ဖုန်းမှ 3G Network (အင်တာနက်) ကို Computer ပေါ်တွင် ချိတ်ဆက်အသုံးပြုချင်သူတွေအတွက် Android ဖုန်းမှ Wi-Fi လွှင့်ပြီး သုံးတဲ့နည်းကို တင်ပေးလိုက်ပါတယ်။ ဒီနည်းနဲ့ အသုံးပြုဖို့အတွက် မိမိဖုန်းရဲ့ Android Version ဟာ 2.2 သို့မဟုတ် 2.2 ရဲ့အထက် ရှိဖို့လိုအပ်ပါတယ် Android Version ကို သိနိုင်ရန် (Phone Setting > About Phone > Android Version) မှာ ကြည့်နိုင်ပါတယ်။

 ဖုန်းမှာ Wi Fi Hotspot တစ်ခု တည်ဆောက်ပေးရပါမယ် Android 2.3.6 အောက်ဖုန်းတွေ Wi Fi Hotspot ပြုလုပ်ရန်
 (Phone Setting > Wireless and Networks > Tethering and portable hotspot)  
ကို သွားလိုက်ပါ Android 4.0.0 အထက်ဖုန်းတွေ  Portable Wi-Fi hotspot ပြုလုပ်ရန် (Settings>More settings>Tethering and portable hotspot) 
ကို သွားလိုက်ပါ ပြီးရင်တော့ Portable WiFi Hotspot Setting ထဲကို ထပ်ဝင်၍ Configure Portable Wi Fi hotspot ကို နှိပ်ပါ။

Configure Portable Wi-Fi hotspot ကို ၀င်လိုက်ပြီဆိုရင် Network SSID, Security , Password ဆိုပြီးရှိပါတယ်။ Network SSID နေရာမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည်တစ်ခုကို ပေးပါ အခုပေးလိုက်တဲ့ နာမည်ကို computer ရဲ့ Wireless နေကြည့်လိုက်မယ်ဆိုရင် မြင်နေရမှာ ဖြစ်ပါတယ် Security နေရာမှာတော့ security Type ရွှေးစရာတွေ ပါလာခဲ့ရင် WPA2 PSK ကို ရွေးပေးပါ Password ကိုတော့ မိမိကြိုက်နှစ်သက်ရာ ရေးနိုင်ပါတယ် ကိုယ်ပေးထားတဲ့ Password ကို မှတ်ထားပါ ဒါဆိုရင်တော့ Android ဖုန်းရဲ့ Portable Wi-Fi hotspot တည်ဆောက်လို့ပြီးပါပြီ။

 ပြီးရင် Portable Wi-Fi hotspot ကို On ထားပေးပါ Computer နဲ့ ချိတ်ဆက်ဖို့ ဆက်ပြောပါမယ် Computer Taskbar ညာဘက်အောက်ခြေမှာရှိတဲ့ Wireless Icon လေးကို နှိပ်လိုက်ရင် ဖုန်းရဲ့ Network SSID နေရာမှာ ထည့်ခဲ့တဲ့နာမည်ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ် အဲဒါလေးကို Contact လုပ်ပြီး မိမိပေးထားတဲ့ Password ကို ရိုက်ထည့်ပေးလိုက်ပါ။ Internet Access ဖြစ်သွားပြီဆိုရင်တော့ Android Phone က Internet Connection ကို Computer မှာ အသုံးပြုလို့ ရပါပြီ။


Credit to:http://mhandroidappstore.blogspot.com

4 comments:

ကွန်ပျူတာကနေဖုန်းကိုဆိုရင်ကောခင်ဗျာ......

သူတို. ၂ ခုဘယ်လောက်ဝေးထိသုံးလို.ရလဲ..ဆိုတာကိုလည်းဆက်လက်ပြီးရှင်းပြပါအုံး..pls

အကို ကျေးဇူးပြုပြီးတော sansung galaxy 111 mini I8190 ဖုန်းကနေcomputer ကိုဘယ်လိုချိတ်ရမလဲ ပြီးတော မြန်မာစာမပေါ်ဘူးအတုံးလေတွေဖြစ်နေတယ် version က 4.1.2 ပါ အမြန်းသိချင်ပါတယ် ကူညီပါအုန်း.........ကျေးဇူးတင်ပါတယ်

ကျေးဇူးပါအစ်​ကို ​နောက်​တစ်​ခု ရှာဦးမယ်

Post a Comment