မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းလ် တယ်လီဖုန်းများနှင့် ပတ်သက်၍ ထပ်မံ အသိပေး ကြေညာချက်

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းလ် တယ်လီဖုန်းများနှင့် ပတ်သက်၍ ထပ်မံ အသိပေး ကြေညာချက်

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် လက်ရှိမိုဘိုင်းလ် တယ်လီဖုန်းများကဲ့သို့
အထွက်ခေါ်ဆိုမှု အတွက် တစ်မိနစ် ၅ဝ ကျပ်ဖြစ်ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများ ကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလို ပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။

MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိ မိတ်များအတွင်း အပြန်အလှန် ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်ပြောဆိုနိုင် ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံ တိုးချဲ့ တည်ဆောက်လျက် ရှိပါသည်။

MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများသည် ကြိုတင်ငွေဖြည့်ကတ် အသုံးပြု၍ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆို နိုင်ပါသည်။ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေသုံး ကြိုတင် ငွေဖြည့်ကတ် (10$,20$, 50$) အား အသုံးပြုရပါမည်။ ဖော်ပြပါ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ်များ ရောင်းချမည့် နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။

MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျောက်ဆုံး ပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ငွေကျပ် ၂ဝဝဝဝ ပေးသွင်းပြီး ပြန်လည် လျှောက်ထား ရပါမည်။ MECTEL မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျက်စီးပါက ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် အခမဲ့ လျှောက်ထား ရယူနိုင်ပါသည်။ MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်း လိုပါက တယ်လီဖုန်း အမှတ် ၃၄၅၆ သို့ အခမဲ့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Ref:
http://bit.ly/11CqTJz



0 comments:

Post a Comment