Android ဖုန်းပေါ်ကနေ Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ

multiple Gmail accounts on android

Create gmail account easily

 ကွန်ပျူတာပေါ်ကနေ Gmail Account ဖွင့်လို့မရတဲ့ သူငယ်ချင်းတွေ မိမိတို့ရဲ့ Android ဖုန်းပေါ်ကနေတဆင့်  Gmail Account အလွယ်တကူဖွင့်လို့ရပါပြီ။Android ဖုန်းကိုသုံးပါ။Android က google ရဲ့ ကိုယ်ပိုင် OS ဖြစ်လို့

gmail service ကိုလည်းအလွယ်တကူသုံးလို့ရအောင် လုပ်ပေးထားပါတယ်။


(1) Android ဖုန်းမှာ setting ကိုသွားပါ ။

(2) Account and sync ကိုသွားပါ။

(3)add an account ကိုနှိပ်ပါ။

(4)Google ကိုရွေးပါ။ ( ဒီနေရာမှာ ကိုယ့်ဖုန်းထဲမှာ gmail application သွင်းပြီးသားရှိမှသာ google ဆိုတာပေါ်
နေမှာ။Android ဖုန်းတွေက gmail app အစကတည်းကပါလာပေမယ့် တစ်ချို့ တရုတ်ဖုန်းတွေနဲ့ custom roms
တွေမှာပါမလာတတ်ပါဘူး။

ဒါဆို gmail.apk နဲ့ GoogleServiceFrameworks.apk ဖိုင်တွေကို Google မှာအလွယ်တကူရှာဖွေပြီး download
လုပ်ပါ။ ,rootexplorer ကိုသုံးပြီး အဲ့ဒီ့ ဖိုင်၂ဖိုင်ကို system folderအောက်က app folder ထဲကိုကူးထည့်ပါ။Install လုပ်ပါ။ဖုန်းကို restart ချပါ။Gmail app ကိုသုံးလို့ရပါပြီ။ )




(5)ကိုယ်သုံးချင်တဲ့ နာမည်နဲ့ account name ကိုပေးပါ။ကိုယ်လိုချင်တဲ့နာမည်မရင် နောက်နာမည်အသစ်ရွေးပေါ့။ရခဲ့ရင် Next နှိပ်။

Add caption


(6)ကိုယ်ပေးချင်တဲ့ passwordကို ၂ခါဖြည့်ပါ။ပေးလိုက်တဲ့ passwordကိုသေချာမှတ်ထားပါ။မေ့သွားရင်ပြန်ယူ
ဖို့ခက်ခဲပါတယ်။


(7)Security Question က answer ကို ကိုယ်မှတ်မိမယ့်ဟာပေးပါ။password မေ့သွားလို့ gmail account ဝင်မရ
တော့ရင် ဒီ security question ကိုသုံးပြီးပြန်ယူရမှာပါ။





(8) human check အတွက် ပြထားတဲ့ စာလုံးတွေကို မှန်အောင်ဖြည့်ပေးပါ။



(9) I agree,next ကိုနှိပ်ပါ။



(10) Finish နှိပ်ပါ။


(11) Finish setup ကိုနှိပ်ပါ။

အကောင့်အသစ်ကိုစသုံးလို့ရသွားပါပြီ။လိုအပ်ရင်ဆန္ဒရှိသလောက် ဒီအတိုင်း gmail account ပေါင်းများစွာကို ဆက်ကာဆက်ကာ ကြိုက်သလောက်ဖွင့်လို့ရပါတယ်။

ကိုယ့်မှာ android ဖုန်းမရှိရင်တော့ ရှိတဲ့သူငယ်ချင်းတစ်ယောက်ယောက်ကို ဖွင့်ခိုင်းပေါ့။ဖုန်းမှာအင်တာနက်
ဖွင့်ထားဖို့တော့လိုပါမယ်။


9 comments:

wifi နဲ့ ချိတ်ပြီးကော လုပ်လို့ရလားဗျာ....

တူတူပဲလေ အင်တာနက်ရှိမှတော့ WiFi နဲ့လည်းရရမှာပေါ့....:)

This comment has been removed by the author.

you cannot paste here because the file system is read-only ဖြစ်နေရင် ဘယ်လို လုပ်ပါသလဲ

This comment has been removed by the author.

confirmation code ​တောင်းတယ်​ဘာဖြည့်​​ပေးရ​မလဲ?

ဘာမှလည်းလုပ်​လို့မရဘူး
နောက်​ထပ်​အသစ်​ပြန်​တင်​​ပေးပါလား

ဟုတ်တယ်အကိုပြောသလိုပဲအားလုံ ok တယ်gtalk account
ဘယ်လိုရေးရမလဲ နည်းလမ်းလေးပေပါအုံး

gmail apk ရှိရင် တင်ပေးပါဦး ကျေးဇူးတင် ပါတယ်

Post a Comment