တစ်ကမ္ဘာလုံး အင်တာနက်ရရန် Facebook, Nokia, Samsung တို့ ပူးပေါင်းပြီ

 article-title

 တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုလာနိုင်ရေးအတွက် ကြိုးပမ်းမှုကို  Facebook, Nokia, Samsung တို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့အပြင် အခြားသော ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္မဏီများလည်း ပါဝင်ပါသေးတယ်။

ယင်းကုမ္မဏီအားလုံးက ပူးပေါင်းပြီး Internet.org ဆိုတဲ့ဆိုဒ်ကို အရင်စထောင်ပါတယ်။ Facebook တည်ထောင်သူ Mark Zukerberg ကိုယ်တိုင် တရားဝင်ကြေညာပြီး မိတ်ဆက်ပေးလိုက်တဲ့ ယင်း ဝဘ်ဆိုဒ် ဟာ ၎င်းတို့ ကြိုးစားဖန်တီးနေတဲ့ Activity တွေကို အချိန်တိုင်း တင်ပေးနေမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုနိုင်သူ ဦးရေ ၂.၅ ဘီလျံ ဝန်းကျင်သာ ရှိသေးသပြီး ပထမစီမံကိန်းအတွက် ၅ ဘီလျံ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အင်တာနက် အသုံးပြုရန် လွယ်ကူပေမယ့် ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲသော နိုင်ငံတွေမှာ အင်တာနက် ရရှိနိုင်ဖို့ဟာ အင်မတန် ခက်ခဲနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အကုန်အကျ နည်းနည်းနဲ့ ကောင်းကောင်း အသုံးပြုနိုင်မယ့် အင်တာနက် ချိတ်ဆက် နည်းပညာများကို ဖန်တီးပြီး ကမ္ဘာ့အနှံ့ လိုအပ်တဲ့ နေရာတွေဆီ သွားရောက် တပ်ဆင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Nokia ဟာလည်း လူဦးရေ သန်း ၁ထောင်ကျော်ကို ဖုန်းရောင်းချပေးပြီးခဲ့ Connecting People ဆိုတဲ့ ဆောင်ပုဒ် အတိုင်း တာဝန်ကျေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ခြေလှမ်းအနေနဲ့ လိုအပ်နေသေးတဲ့ ကမ္ဘာ့ ဆင်းရဲ နိုင်ငံများမှ အင်တာနက် အသုံးပြုနိုင်ရန် Facebook, Samsung တို့နဲ့ အတူ ရင်းနှီးမြှုပ်နှံ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Internet.org
 
Credit : Aung Kham (TSJ team)

0 comments:

Post a Comment