တစ်နေ့က ကွန်ပျူတာ တစ်လုံးမှာ
ဝင်းဒိုးဘယ်လို ပြန်မတက်နိုင်တော့လို့ ၀င်းဒိုးအသစ်ပြန်တင်ရင် ရပေမဲ့
Desktop ပေါ်မှာ အရေးကြီးတဲ့ Data တစ်ချို့ အလွယ်တစ်ကူ တင်ထားမိလို့
ကူညီပါဦးဆိုတာနဲ့ လိုက်ကြည့်ပါတယ် ကွန်ပျူတာကို စစ်ဆေးကြည့်လိုက်တော့
"NTLDR is missing ,Press Ctrl Alt Del to Restart "
ဆိုပြီးတွေ့လိုက်ရပါတော့တယ်
ဒီပြဿနာမျိုးဟာ ၀င်းဒိုး Update,Upgrate ပြုလုပ်တာတွေမှာ စနစ်တကျ မရှိတဲ့
အခါမျိုးမှာအဖြစ်များပါတယ် အခုတစ်ယောက်ကတော့ အဲဒီလို မဟုတ်လေတော့
ဗိုင်းရပ်ကိုက်ခြင်း ဖြစ်ဟန်တူပါတယ် မသင်္ကာလို့ မေးကြည့်လိုက်တော့အခုတစ်လော
တော်တော်ပွနေတဲ့ web ကင်မရာ ပုံလေးနဲ့ အမောင် chrome ဗိုင်းရပ် ဖြစ်နေပါတယ်
System 32 မှ ဖိုင်တစ်ချို့ကို ဗိုင်းရပ်က ကစ်သွားတာတွေ ပြန်လည်ကူးယူ
Recovery လုပ်ရန်အတွက် Boot directory ကို ၀င် ထုံးစံအတိုင်း first boot
,DVD ROM ရွေး save ပြီး Revory console သို့ဝင်ရောက် လိုက်ပါတယ် command
prompt သို့ရောက်ရှိသောအခါ " 1 " နှိပ်ပါ ပြီးရင် အောက်ပါ command
များနှင့် recover လုပ်ပါတယ်...
copy e:\i386\ntldr c:\
copy e:\i386\ntdetect.com c:\
ဒီနည်းနဲ့ပဲ
ကျွန်တော် အကြိမ်ပေါင်းများစွာ ဒီပြဿနာကိုဖြေရှင်းဖူးပါတယ် ဒီတစ်ခါကျတော့
မရဘူးဗျ ချွေးဇောနည်းနည်းပြန်သွားတယ် အဲဒါနဲ့ ထုံးစံအတိုင်း မိတ်ဆွေကြီး
ဂူးဂယ်ထံ ချီတက်ရှာဖွေလိုက်တော့ အောက်ပါ fixntldr .iso
ကိုတွေ့လိုက်ပါတယ် အဲဒါလေးကို CD burn လိုက်ပါ ဖိုင်ဆိုဒ်က 2.6 MB
ပဲရှိပါတယ် Floopy,USB စတာတွေ ကိုနဲ့ ဘန်းပြီးသုံးမယ်ဆိုရင်လဲ ရပါတယ်
နောက်ပြီး CD\DVD ROMမှာ ဘန်းထားတဲ့ ခွေကို ထည့်ပြီး Reboot လုပ်လိုက်တာနဲ့
အဆင်ပြေချောမွေ့ စွာနဲ့ပဲ လိုအပ်နေတဲ့ ဖိုင်တွေကို ကူးပေးသွားပါတယ်
ဖိုင်ဆိုဒ်လဲ မများလှတာမို့ ဆောင်ထားသင့်တာကြောင့် ရှယ်လိုက်ပါရစေခင်ဗျား
အားလုံးအဆင်ပြေချောမွေ့ကြပါစေ
Credit : http://thayetlaypin.blogspot.com







0 comments:
Post a Comment