
မလေးရှားမှာ
အော်ပရာစီရာတွင် ဖမ်းဆီးခံထားရသော အလုပ်သမားများကို ပြန်လည် တရားဝင်
မှတ်ပုံတင်ခွင့်ပြုမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က
ပြောကြားလိုက်ပါတယ် ။
သူက ဆက်လက်ပြောကြားရာမှာ...
သူက ဆက်လက်ပြောကြားရာမှာ...
ကျွန်တော်တို့ နိုင်ငံမှာ သင့်တော်တဲ့ အလုပ်တွေအတွက် နိုင်ငံခြား အလုပ်သမား အရင်းအမြစ်တွေ လိုအပ်နေပါတယ် ။
အော်ပရာစီ စတင်ကတည်းက ဖမ်းဆီးထားတဲ့ အလုပ်သမား ၅၀၀၀ လောက်ရှိပါတယ် ။
ဒီဖမ်းဆီးခံ အလုပ်သမားတွေ တရားဝင် ပြန်ဖြစ်ရေး မှတ်ပုံတင်ခွင့်ပြုပါမယ် ။
အလုပ်သမားတွေက အသနားခံတာတွေကို ကျွန်တော်တို့ နားထောင် လိုက်လျောပေးလိုက်တာပါ ။
အချို့ဆိုရင် ကုမ္မဏီတွေရဲ့ လိမ်လည်ငွေယူတာကိုခံကြရတာကု
သူတို့ဟာ ရင်းဂစ် 3000 ကနေ 8000 အထိ မလေးရှားမှာ အလုပ်လုပ်ရဖို့ ပေးခဲ့ရပေမဲ့ တရားဝင် စာရွက်စာတမ်း ဘာတခုမှ မရခဲ့ပါဘူး ။ ဒီလိုဒုက္ခ ရောက်နေတဲ့သူတွေကို ကျွန်တော်တို့ အနေနဲ့ အပြစ်ပေးလို့ မဖြစ်ပါဘူး ။ ဒါပေမဲ့ တရားဥပဒေနဲ့ ဆန့်ကျင်နေတဲ့ ကုမ္မဏီတွေကိုတော့ ဥပဒေအရ အရေးယူရပါမယ် လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး Dr Ahmad Zahid က ပြောကြားလိုက်ပါတယ် ။
Myanmar Journal






0 comments:
Post a Comment