MAI ၏အခမဲ့စီစဉ်မှုဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားများ စက်တင်ဘာ ၁၃ ရက်နေ့  မြန်မာနိုင်ငံသိုပြန်ရောက်မည်

 
 
မလေး ရှားနိုင်ငံရောက် မြန်မာအလုပ် သမားများသည် အပြည်ပြည်ဆိုင် ရာမြန်မာ့
လေကြောင်းလိုင်း (MAI) ၏ အခမဲ့စီစဉ်မှုဖြင့် စက်တင်ဘာ ၁၃ရက်တွင် စတုတ္ထ အကြိမ် ပြန် လည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI)၏ ပြန် ကြားရေးတာဝန် ခံ မအေးမရသာ က ''အစ်မတို့စတုတ္ထအကြိမ် မြောက်အဖြစ် အခမဲ့စီစဉ်ပေးတာ ပါ။ လက်ရှိ ၁၇၃ဦးလိုက်ပါလာဖို့ စာရင်းပေးထားပါတယ်။ မလေး ကနေ မွန်းလွဲ ၂နာရီ ထွက်လာပြီး ရန်ကုန်ကို မွန်းလွဲ ၃နာရီရောက် ပါမယ်''ဟုပြောသည်။

မြန်မာအလုပ်သမားများ အတွက် MAI နှင့်အတူ ကမ္ဘောဇ ဘဏ်လီမိတက်၊ သီတဂူဆရာ တော်ကြီး ဦးဆောင်သော သီတဂူ အထောက်အကူပြုအဖွဲ့ (မလေး ရှား)တို့မှ ပူးပေါင်းလှူဒါန်းစီစဉ် ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းက ''အခုပြန်လာမယ့် သူတွေက မလေးမှာ ဖမ်းဆီးခံရ တဲ့ မြန်မာအလုပ် သမားတွေချည်း သက်သက်လာမှာလားတော့ အ တိအကျမသိသေးဘူး။ ဟိုမှာနေ ထိုင်ခွင့်မရှိတော့တဲ့ မြန်မာတွေပဲ အဓိကပြန်လာကြမယ်လို့ သိရ တယ်''ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာမြန်မာ့ လေကြောင်းလိုင်း (MAI)အနေ ဖြင့် မလေးရှားရောက်မြန်မာ
များ အမိမြေ ပြန်လာနိုင်ရေးအတွက် ကနဦးလေယာဉ်လက်မှတ်ခ များ ဈေးလျှော့ပေး ခဲ့ပြီးနောက်ပိုင်း တွင် အခမဲ့စင်းလုံးလေယာဉ်များ စီစဉ်ပေးမှုများဖြင့် မြန်မာအလုပ် သမား ၃၀၀၀ နီးပါးခန့် ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း သိရ သည်။
   
Yangon Media Group

0 comments:

Post a Comment