Android ဖုန်းမှာ Google Account များ Sign In လုပ်မရသော ပြဿနာအား ဖြေရှင်းနည်း




သက်ပိုင်: ကျွန်တော်ဖုံးက galaxy ace 2 ပါ ဖုန်းလေးလို့  Format Reset ချပြီး add a google account လုပ်တော့ can't establish a reliable data connection to the server ဆိုပြီးပြနေပါတယ် မြန်မြန်ကူညီပေးပါနာ်! 

Android ဖုန်းမှာ Google account (Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို ကျွန်တော် ပြောပြမှာဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း “Can’t establish a reliable data connection to the server.” ဖြစ်နေလျှင် Google Account များ ဝင်မရတော့ပါ။ ဒီပြဿနာအား ဖြေရှင်းရန်အတွက် ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။

လိုအပ်ချက်မချက်များကတော့ သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Root Explorer File Manager ရှိရပါမယ်။ 
(Root မထားဘူးဆိုရင်တော့ ‘Factory Data Reset’ ချပေးရမှာပါ)

(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ။

(၂) Root Explorer File Manager ထဲမှ system ကို နှိပ်ပါ။

(၃) system ကို နှိပ်ပြီးရင် etc ကို နှိပ်ပါ။

(၄) Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ။

(၅) ပြီးရင် hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ။

(၆) ဖုန်းကို Restart လုပ်ပါ။ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account 
အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ်။

Sign In လုပ်လို့မရဘူးဆိုတဲ့ Gmail/ Gtalk/ Google Play Store စသော Google Application တွေမှာ Sign In လုပ်ကြည့်လျှင် အားလုံးအိုကေနေပါလိမ့်မယ်။

သိပြီး၊ တတ်ပြီးသောသူများကို မရည်ရွယ်ပါ…. အဆင်ပြေပါစေ…



8 comments:

အကိုတင်ပေးတာနောက်ကြသွားတယ်ဗျာ....ကျွှန်တော်ကမနေ့ညလေးကမှအဲ့ဒီပြသာနာနဲ့
ကိုယ်တိုင်ကြုံလာလို့ပါ...ဖုန်းက samsung galaxy mega 6.3 ပါ.root ထားပြီးသား...
်factory data reset ချတာလည်းမရ...recorvery mood ကနေ၀င်ပြီး..wipe data လုပ်တာလဲမရလို့
နောက်ဆုံး firmware ပြန်တင်လိုက်ရတယ်...အဲ့ဒါမှရသွားတာ...ဒီနည်းသာအစောကသိရင်..မပင်
ပန်းတော့ဘူးပေါ့....ခိခိ....ဘာပဲဖြစ်ဖြစ်နည်းပညာတစ်ခုသိရလို့ကျေးဇူးတင်ပါတယ်..ပြန်ရှယ်ချင်လို့
ဆွဲသွားပါတယ်နော်

http://mhandroid.blogspot.com/2013/07/android-google-account-sign-in.html?m=0

အထက်ပါ Link က မူရင်းရေးသားသူပါ။ www.mhandroid.blogspot.com က Admin ရေးထားတာဖြစ်ပါတယ်။

Min Htike ရေ ကျေးဇူးးပါ အကူညီတောင်းတဲ့ လူက အမြန်တင်ပေးပါပြောတာနဲ့ မူရင်းသေားသူကို သေချာ ရှာမကြည့်လိုက်တာကို နားလည်ပေးပါခင်မျာ... ခု Credit ကို ပြန်ပြင်ပေးလိုက်ပါ့မယ်.... ကျေးဇူးတင်ပါတယ် ...

ဟုတ်ကဲ့ပါခင်ဗျ… အခုလို ပြောလိုက်တာ ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး… အရမ်းလည်း အားနာပါတယ်… ကျွန်တော်က ဝင်းကမ္ဘာကျော်ကို အားပေးနေသူတစ်ယောက်ပါ။ စိတ်မရှိပါနဲ့နော်…

အကိုကျေးဇူးတင်ဘဲ

google+ install လုပ်လို့မရဘူးဖြစ်နေပါတယ်ခင်ဗျာ

Post a Comment