၁၅၀၀ တန်ဆင်းကဒ်များ လုံလောက်မှုမရှိ၍ ဟန်းဆက် အရောင်းအ၀ယ်နည်း

 
28-10-2013
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၁၅၀၀ တန်ဆင်းကဒ်များကို ပြည်တွင်း၌ လုံလောက်စွာချပေးမှု မရှိသောကြောင့် ဈေးကွက်အတွင်း၌ ဟန်းဆက်များမှာလည်း အရောင်း အ၀ယ်အေးလျက် ရှိကြောင်းMobile ဖုန်းဆိုင်အချို့မှ သိရသည်။

ယခင်က ၂ သိန်းဖုန်း၊ ၅ သိန်းဖုန်း၊ ၁၅ သိန်းဖုန်းများအစရှိသည့် ဆင်းကဒ်များကို သိန်းကျော်ပေး၍ ၀ယ်ရသောကြောင့် ဟန်းဆက်ကိုလည်း မော်ဒယ်မြင့်ဟန်းဆက်များ အသုံးပြုကြပြီး ယခုအခါ ၁၅၀၀ တန်ဖုန်းများ ထွက်ရှိလာခြင်းနှင့်အတူ ဆင်းကဒ်တစ်ကဒ် တို့ကို မှောင်ခိုဈေး ကွက် ၌ ၅ သောင်းမှ ၈ သောင်းဝန်ကျင် ပေးဝယ် ရသောကြောင့် မော်ဒယ်မြင့်ဟန်းဆက် အသုံးပြုသူဦးရေမှာလည်း နည်းပါးလာကြောင်း မိုဘိုင်းဖုန်း ဆိုင်အချို့ မှသိရသည်။

“တချို့ကျတော့လည်း ဆင်းကဒ်ကို ဈေးနည်းနည်းပေးဝယ်။ ပြီးတော့ မော်ဒယ်မြင့်ဟန်းဆက်ကို ကိုင်တယ်”ဟု Mr.FoneMoile sales and services center မှ မန်နေဂျာ ကိုထက်လင်းကျော် က ပြောကြားသည်။

အစိုးရက လူတန်းစားမရွေး ဖုန်းများ အသုံးပြုနိုင်အောင်ရန်၁၅၀၀ ဆင်းကဒ်များကို မြို့နယ်အလိုက် မဲနှိုက်ပေးခဲ့ရာလုံလောက်မှု မရှိသော ကြောင့် ဟန်းဆက်ဈေးကွက်မှာအရောင်းအ၀ယ် မဖြစ်ကြောင်း ၊ ပြည်တွင်း၌ ၁၅၀၀ တန် ဆင်းကဒ်များကို မှောင်ခိုဈေး ကွက်က အုပ်စိုးထားကြောင်း လူကြီးမင်း Mobil sales and services centerမှ ဒါရိုက်တာ ကိုစည်သူက ပြောကြားသည်။

ရေးသားသူ- အောင်ကိုမင်း
 
People power


1 comments:

မသေခင်လေးတော့ internet connection ကောင်းကောင်းနဲ့ တန်ဘိုးနည်းဖုန်းလေးတွေ လူတိုင်း ကိုယ်စီ ကိုင်သွားတာကိုမြင်ချင်တယ်ဗျာ

Post a Comment