၉.၇ လက်မ အရွယ် Retina မျက်နှာပြင်နှင့် အထူ ၇.၅ မီလီမီတာရှိကာ အလေးချိန် ၁ ပေါင်သာရှိမည့် iPad Air

DSC_0559


၉.၇ လက်မ အရွယ် Retina မျက်နှာပြင်နှင့် အထူ ၇.၅ မီလီမီတာရှိကာ အလေးချိန် ၁ ပေါင်သာရှိမည့် iPad Air သည် လက်ရှိ iPad ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာသည်ဟု သိရှိရသည်။

A7 ပရော်ဆက်ဆာနှင့် M7 ပူးတွဲ ပုံထွက်ပရော်ဆက်ဆာတို့ ထည့်သွင်းပေးထားသည်။

ဘက္ထရီသက်တမ်း ၁၀ နာရီ ရရှိမည်ဖြစ်ပြီး 5MP iSight ကင်မရာ၊ 1080p FaceTime ကင်မရာနှင့် မိုက်ကရိုဖုန်း ၂ ခု ပါဝင်မည်ဖြစ်သည်။

iPad Air အား ငွေရောင်၊ အဖြူရောင်၊ အနက်ရောင်နှင့် အာကာသမီးခိုးရောင်များဖြင့် ထုတ်လုပ်သွားမည်ဖြစ်သည်။

ဈေးနှုန်းမှာမူ Wi-Fi 16GB မှာ ဒေါ်လာ ၄၉၉ မှ စတင်မည် ဖြစ်ပြီး Cellular မော်ဒယ်များမှာမူ ဒေါ်လာ ၆၂၉ မှ စတင်မည်ဖြစ်သည်။

ဈေးကွက်တွင်းသို နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။

Ref & Credit : Myanmar Consumer Guide


0 comments:

Post a Comment