Myo Lwin : IOS file ဖြည်နည်းနဲ့ DVD ခွေထဲ Burn နည်းလေး တင်ပေးပါအကို ကူညီပါဦး ကျေးဇူးတင်ပါတယ်အကို...
ISO ဖိုင်ဆိုတာ
CD/DVD အခွေ က ဖိုင်တွေကို ပေါင်းစုပြီး ဖိုင်တစ်ခု အနေနဲ့  ပြုလုပ်ထားတဲ့
Disk Image ဖိုင်အမျိုးအစားတစ်ခု ပါ။ အင်တာနက်ကနေ Windows OS တွေကို
ဒေါင်းလုပ်ရရှိတဲ့အခါမှာ ISO ဖိုင်အနေနဲ့ ရရှိတတ်ပါတယ်။အဲဒီ အခါကျရင်
ရရှိလာတဲ့ ISO ဖိုင်ကို CD/DVD မှာ ဘန်းပြီးတော့ Windows ကို
အင်စတောလုပ်နိုင်ပါတယ်။
CD/DVD မ သုံးဘဲ USB Stick ကနေလည်းအင်စတောလုပ်နိုင် ဖို့ အတွက်လည်း ISO ဖိုင်ကို သုံးနိုင်ပါတယ်။ Windows 7 နဲ့  8 မှာတော့ ISO ဖိုင်တွေကို တစ်ခြားဆော့ဝဲတွေ သုံးစရာမလိုဘဲ ဘန်းနိုင်ပါတယ်။တစ်ခြား Windows OS တွေ မှာ တော့ ISO ဖိုင်တွေကို ဘန်းဖို့  third party software တွေကို သုံးရမှာပါ။ISO ဖိုင်တွေကို ဘန်းပေးနိုင်တဲ့ Burner တွေကိုလည်းတင်ပေးထားပါတယ်။

Burning ISO In Windows 7 & 8
CD/DVD အခွေ အလွတ် ကို drive ထဲထည့်ပါ။Windows Explorer ကနေ ISO ဖိုင်ပေါ်ကို right click နှိပ်ပြီး Burn disc image ကိုနှိပ်ပါ။
နောက်တစ်ဆင့်မှာတော့
CD/DVD drive ကိုရွေးပေးပြီး Burn ကိုနှိပ်ပါ။ဘန်းပြီးတဲ့ အခါမှာ verify
လုပ်ချင်ရင်တော့ “Verify disc after burning” ဆိုတဲ့ check box မှာ
အမှန်ခြစ်ပေးပါ။
ဘန်းပြီးတဲ့အခါမှာတော့ အောက်ကပုံမှာလို မြင်တွေ့ ရမှာပါ။
Using ImgBurn
ဒီ ဆောင်းပါးမှာတော့ ImgBurn
ဆိုတဲ့ freeware ကို သုံးပြီး ISO ဖိုင်တွေကိုဘန်းနည်းကို
ရေးပေးပါမယ်။CD/DVD အခွေကို drive ထဲထည့်ပြီး ImgBurn ကို run ပြီး Write
image file to disc ကိုနှိပ်ပါ။
နောက်အဆင့်မှာ
Source နေရာမှာ iso ဖိုင် ကိုရွေးပေးပါ။Destination နေရာမှာ cd/dvd drive
ကိုရွေးပေးပါ။ပြီးရင်အောက်ဆုံးက Write button ကိုနှိပ်ပါ။
ဒါဆိုရင် iso ဖိုင်ကို cd/dvd မှာ စပြီးဘန်းပါပြီ။
ဘန်းပြီးသွားရင်တော့ အောက်ကပုံမှာလို မြင်တွေ့ နိုင်ပါတယ်။
Credit : http://thuyatest1.blogspot.com
1 comments:
ကျေးဇူးပါဗျာ Dvd files တွေ ဖျက်တာ ဘယ်လိုဖျက်ရတာလဲအကို ကျေးဇူးပြုပြီး တင်ပေးပါဦးနော်
Post a Comment