မလေးရှား (အော်ပရာဇီ) စစ်ဆင်ရေး၌ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် ပါဝင်

(ဝန်ကြီး = အလည်မှ ဦးထုပ်ကိုင်ထားသည့်သူ)


ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် (အော်ပရာဇီ) စစ်ဆင်ရေး၌ ပါဝင်

မလေးရှား အစိုးရ အနေဖြင့် တရားဝင်ကြေညာ ထားသည့်အတိုင်း ဇန်နဝါရီ ၂၁ , ၂၀၁၄ ၊ ၀၀း၀၁ နာရီမှ စ၍ တရားမဝင် နိုင်ငံခြား လုပ်သားများ
အား စတင်ဖမ်း စစ်ဆင် ဖမ်းဆီးသည့် အစိစဉ် တွင် ပြည်ထဲရေးဝန်ကြီး Datuk Zahid Hamidi ကိုယ်တိုင် ပါဝင် ကြောင်း china press သတင်းတွင်
ဖော်ပြပါသည်။

Sepang ဒေသတွင် ဝန်ကြီးနှင့်အတူ ရဲ၊ လဝက၊ အရပ်ဖက် ကာကွယ်ရေးအဖွဲ့ ၃၀၀ ဦး လိုက်ပါလာပါသည်။

ယခုစစ်ဆင်မှု့တွင် စိုက်ပျိုးရေးဒေသ၊ စက်ရုံများ၊ နှင် မြို့အသီးသီး ရှိ ဆိုင်ခန်း များအား ဝင်ရောက်မည်ဟုဆိုပါသည်။

စစ်ဆင်မှုသည် သုံးလတာ ကြာမြင့်မည် ဖြစ်ပြီး ဥပဒေနှင့် ဆန့်ကျင်ကာ အကြမ်းဖက် ဖမ်းဆီးခြင်း ပြုမည် မဟုတ်ကြောင်း ဝန်ကြီးက
ပြောဆိုပါသည်။


Thu Tatuam
(Malaysia News)


0 comments:

Post a Comment