Window ပေါ်မှာ Mac OS X တင်ခြင်း




Mac OS X နဲ့ ပါတ်သက်ပြီး မေးထားတာတွေများနေလို့ ကိုသီဟဦး ရေးထားတဲ့ ပို့စ်လေးကိုပဲ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်.. Mac ကွန်ပျူတာမလိုပဲ Install ပြူလုပ်နည်းကိုတော့ ဒီနေရာက  မူရင်းပို့စ်မှာ ဆက်လက်လေ့လာပါ..။

PC ထဲကို OS X setup လုပ်ခြင်း အတွေ့အကြုံ အသေးစိတ်…


ဒီတစ်ခါတော့ ကျွန်တော့ရဲ့ mini ITX desktop computer လေးထဲကို Mac OS X ကို install လုပ်တဲ့ အတွေ့အကြုံကို မျှဝေချင်ပါတယ်။ Apple က မဟုတ်တဲ့ PC ထဲကို Mac OS X ကို ထည့်ဖို့ ဆိုတာ အမှန်တော့ အခက်အခဲတွေ၊ အဆင်မပြေမှု တွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာမှာ ရှိတဲ့ hardware အပေါ်လည်း အများကြီး မူတည်နေပါတယ်။ ဒီလို PC ထဲကို Mac OS X ထည့်ထားတာကို Hackintosh လို့ ခေါ်ကြပါတယ်။

Apple Mac OS X ဟာ Windows လိုမျိုး hardware တိုင်းနီးပါးနဲ့ အလုပ်မလုပ်ပါဘူး။ Driver ပြဿနာလည်း အများကြီး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ PC ထဲကို Mac OS X ထည့်ကြည့်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကွန်ပျူတာ ၀ယ်ကထဲက သေချာစဉ်းစားပြီး ရွေးချယ် ၀ယ်သင့်ပါတယ်။ ဒီ post က အကြောင်းအရာ အရှည်ကြီး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တတ်နိုင်သမျှ ကျွန်တော့ အတွေ့အကြုံကို detail ပြောပြထားပါတယ်။

ကျွန်တော့ mini ITX PC လေးထဲမှာ ထည့်ထားတာက CPU က လတ်တလော နောက်ဆုံးထွက်လို့ ပြောလို့ရတဲ့ 4th Generation Core-i5 4430 (Haswell) CPU ဖြစ်ပါတယ်။ CPU ကနောက်ပေါ်ဖြစ်နေတဲ့ အတွက် ဟိုးအရင်ထွက်ခဲ့တဲ့ Mac OS X 10.7.x , 10.8.0 လိုမျိုးတွေက support လုပ်ဖို့ မသေချာပါဘူး။ တစ်ကယ်လို့ ကိုယ့်ရဲ့ CPU က 2nd generation Core i3/i5/i7 (Sandy-Bridge 2xxx) ဒါမှမဟုတ် 3rd generation Core i3/i5/i7 (Ivy-Bridge 3xxx) ဆိုရင်တော့ Mac OS X 10.7 (Lion) နဲ့ နောက်ပိုင်းက OS X တွေထည့်လို့ ရနိုင်ပါလိမ့်မယ်။

 အပေါ်မှာ ပြောခဲ့သလို ကျွန်တော့ CPU က Haswell 4th generation ဆိုတော့ ကျွန်တော့အထင် အနိမ့်ဆုံး support လုပ်တဲ့ OS X က version 10.8.5 ဖြစ်ပါလိမ့်မယ်။ သူ့ထက်နိမ့်တာ မထည့်သင့်ဘူး ပေါ့နော်။ ဒါကြောင့် ကျွန်တော်က လတ်တလော နောက်ဆုံး version ဖြစ်တဲ့ Mac OS X 10.9 (Mavericks) ကို ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်တော့ အနေနဲ့ အကြံပြုချင်တာက အကောင်းဆုံးက OS X 10.8 (Mountain Lion) နဲ့ နောက်ပိုင်းကို ပဲ ထည့်တာက အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ ဒီထက်ပိုပြီး သေချာပြောရရင် 10.8.4 နဲ့ နောက်ပိုင်း OS X version ကို ထည့်တာဟာ compatibility အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

CPU ပြီးရင် နောက်တစ်ချက်က motherboard chipset ကလည်း အရေးကြီးပါတယ်။ ကျွန်တော် ပြောခဲ့သလို Mac OS X က hardware တိုင်းနဲ့ အလုပ်မလုပ်တော့ သူ့နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် motherboard ကိုရွေးတာဟာ ခေါင်းစား သက်သာပါလိမ့်မယ်။ Gigabyte, Asus, MSI တို့က motherboard တွေက Mac OS X နဲ့ များသောအားဖြင့် ကိုက်ညီမှု အများဆုံး ဖြစ်ပါတယ်။  Gigabyte’s X58A, Gigabyte 77 အမျိုးအစား motherboard တွေကတော့ Mac OS X နဲ့ အကိုက်ညီဆုံးလို့ သိရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းကျတော့ အတိအကျတော့ ပြောလို့မ၇ပါဘူး။ Brand + model တွေ ကလည်း အများမှ အများကြီးမဟုတ်လား။

တစ်ချို့သော compatible ဖြစ်တဲ့ motherboard တွေအတွက် DSDT လို့ ခေါ်တဲ့ Differentiated System Description Table တွေလည်း ရှိနေတော့ setup လုပ်ရတာ ပိုလို့ အဆင်ပြေစေနိုင်ပါတယ်။

အလွယ်ပြောရမယ် ဆိုရင်တော့ Gigabyte ကထုတ်တဲ့ motherboard တွေက Mac OS X နဲ့ အကိုက်ညီဆုံးလို့ ပြောလို့ရပါတယ်။ ကျွန်တော့ ကွန်ပျူတာထဲကို ထည့်ထားတဲ့ motherboard လေးက Asus H81i-Plus mini-ITX motherboard လေး ဖြစ်ပါတယ်။ သေးသေးလေးပါ။ ဒီ motherboard မှာ OS X 10.9 ကို install လုပ်တာလည်း ရပါတယ်။ နောက်တစ်ခု အရေးကြီးတာက ပုံမှန် BIOS မဟုတ်ပဲ၊ UEFI BIOS ပါတဲ့ motherboard တွေက ပိုအဆင်ပြေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Apple computer တွေကလည်း UEFI သုံးတာပါ။ ကျွန်တော့ Asus motherboard မှာက UEFI BIOS ဆိုတော့ အဆင်ပြေတာပေါ့နော်။


Graphic card ကိုတော့ ဖြစ်နိုင်သမျှ Intel CPU built-in GPU သုံးပြီး setup လုပ်တာက အကောင်းဆုံးလို့ ပြောချင်ပါတယ်။ OS X10.8.5 နဲ့ နောက်ပိုင်းမှာက တစ်ချို့သော Geforce/AMD GPU တွေကို support လုပ်ပေမယ့်လို့ အကောင်းဆုံးကတော့ CPU ထဲမှာပါတဲ့ Intel HD graphic processor သုံးတာက setup လုပ်နေချိန်မှာ ပြဿနာ အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်ရင် graphic card ကို ခဏဖြုတ်ထားလိုက်ပါ။ ကျွန်တော်ကတော့ OS X 10.9 ကို ကျွန်တော့ရဲ့ Nvidia Geforce GTX 660 (non-ti) graphic card နဲ့ပဲ install လုပ်တာ ရပါတယ်။ ဘာမှမဖြစ်ပါဘူး။

 တစ်ခြား audio, USB, network တွေက motherboard ပေါ်မှာပဲ ပါလာပါလိမ့်မယ်။ Mac OS X က WiFi adapter တော်တော်များများ နဲ့လည်း အလုပ်မလုပ်ပါဘူး။ အပြင်က USB WiFi adapter သုံးသင့်ရင် သုံးရပါလိမ့်မယ်။ ဒါကြောင့် hardware နဲ့ chipset တွေကို ရွေးချယ်လို့ မရတဲ့ laptop တွေမှာ OS X ထည့်ရတာဟာ ပြဿနာ အင်မတန်များပါတယ်။ Desktop တွေက အများကြီး ပိုအဆင်ပြေတတ်ပါတယ်။

Mac OS X ကို Windows ရှိထားပြီးသား hard disk မှာ install လုပ်ရင်ရပေမယ့် အကောင်းဆုံးက second hard disk တစ်ခု ထပ်တပ်ပြီး အဲဒီထဲမှာ ထည့်တာ အကောင်းဆုံးပါ။ Hard disk capacity ခပ်သေးသေးကို ဈေးပေါပေါ နဲ့ ၀ယ်လို့ ရနိုင်ပါတယ်။ 3.5” 160GB Hard disk ကို S$50 လောက်ပဲ ရှိပါတယ်။

Used ၀ယ်ရင် ပိုတောင် ဈေးပေါနိုင်ပါတယ်။ ကျွန်တော်က ကွန်ပျူတာ ၀ယ်တုန်းက တပ်ထားတဲ့ Windows ထည့်ထားတဲ့ 2TB hard disk ကို မသုံးပဲနောက်ထပ် ကျွန်တော့မှာ ပိုနေတဲ့ 2.5” 160GB hard disk လေးကို ထပ်ထည့်ပြီး အဲဒီထဲမှာ install လုပ်ခဲ့တာပါ။ Hard disk တစ်လုံးထဲမှာ Windows နဲ့ OS X ကို ရောပြီး ထည့်မယ် ဆိုရင် လုပ်ရတဲ့ အဆင့်တွေ ရှုပ်ထွေးပြီး ပြဿနာအပို တွေလည်း ရှိနိုင်ပါတယ်။

Hardware နဲ့ ပါတ်သက်လို့ စဉ်းစားတဲ့ အပိုင်းတွေ ပြီးသွားပြီ ဆိုရင် install လုပ်ဖို့ ကိုယ့်ရဲ့ ကွန်ပျူတာကို ပြင်ဆင်ရပါ တော့မယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်တော်လုပ်ခဲ့တဲ့ နည်းက Unibeast  ဆိုတဲ့ OS X ကို PC ထဲကို ထည့်လို့ရအောင် ကူညီပေးတဲ့ tool program လေးကို သုံးခဲ့တာဆိုတော့ သူက Mac OS X မှာပဲ အလုပ်လုပ်ပါတယ်။ Windows မှာ အလုပ်မလုပ်ပါဘူး။ ဒါကြောင့် Unibeast ကို သုံးဖို့အတွက် Mac ကွန်ပျူတာ တစ်လုံး ရှိနေဖို့ လိုပါတယ်။ ဒါမှမဟုတ် ဘော်ဒါဆီက ခဏလေး ငှားသုံးရပါမယ်။ Apple computer လုံးဝမရှိဘူးဆိုရင် Windows ကနေ OS X installer ကို ဖန်တီးလို့ ရပေမယ့် သိပ်မရိုးရှင်းပါဘူး။ (အဲဒီအကြောင်းနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ နောက်မှ post တစ်ခု သပ်သပ်ရေး ပါဦးမယ်)။

နောက်တစ်ထပ်ခု ရှိထားဖို့လိုတာက OS X 10.8.x , 10.9 ကို install လုပ်မှာဆိုတော့ ကိုယ့်ဆီမှာ အဲဒီ OS တွေအတွက် installer တွေ၊ ဒါမှမဟုတ် သူတို့ရှိနေတဲ့ USB stick, DVD တွေ ရှိထားဖို့ လိုပါတယ်။ ဒါကြောင့် installer ကို ဖန်တီးဖို့အတွက် Mac OS X ရှိထားပြီးသား ကွန်ပျူတာ လိုတယ်လို့ ပြောတာပါ။

ပုံမှန်အားဖြင့် ဆိုရင် OS X 10.8 (Mountain Lion), OS X 10.9 (Mavericks) တွေရဲ့ installer ကို အမှန်အကန် Mac computer မှာ App store ကနေ download လုပ်လို့ရပါတယ်။ ဒါမှမဟုတ် ရှိပြီးသား တစ်ယောက်ယောက်ဆီက copy ကူးလိုက်ပေါ့နော်။ OS X က Windows ကို CD key တွေ ဘာတွေ မရှိပါဘူး။ ဘယ်မှာသုံးသုံး ရပါတယ်။ OS X installer လေးကို download လုပ်ပြီးသွားရင် ကိုယ့်ရဲ့ Mac computer ထဲက Applications ဆိုတဲ့ folder အောက်မှာ ရှိရပါလိမ့်မယ်။ OS X installer အတွက် 8GB ရှိတဲ့ USB memory stick တစ်ခုလည်း လိုပါတယ်

ဟူး……. OS X installation မစရသေးဘူး။ သိရမှာ ပြင်ရမှာတွေ တော်တော်များတာနော်။ ကဲ… ကျွန်တော် လုပ်ခဲ့တဲ့ အဆင့်ဆင့်ကို ဒီနေရာကနေ စပြီး ပြောပါတော့မယ်။

T

ကျွန်တော့မှာ original Apple MacBook Air ရှိထားတော့ သူ့ကိုသုံးပြီး OS X installer ကို App Store ကနေ download လုပ်လိုက်ပါတယ်။ Applications ဆိုတဲ့ folder အောက်မှာ အဲဒီ installer လေးကို ထားလိုက်ပါတယ်။ ပုံမှာကြည့်ပါ။ Unibeast ကို download လုပ်ပါတယ်။ Google နဲ့ အလွယ်လေး ရှာလို့ရပါတယ်။ http://www.tonymacx86.com/368-unibeast-2-0-update.html ကနေလည်း download လုပ်နိုင်ပါတယ်။ Download လုပ်ဖို့ register လုပ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ 8GB USB memory stick ကို MacBook Air မှာတပ်ပြီး disk utility ကို ဖွင့်ပါတယ်။ 8GB USB stick ကို MBR (Master Boot Record) အနေနဲ့ partition ခွဲပါတယ်။ ပြီးတော့ Mac OS X extended journaled format လုပ်ပါတယ်။ ဒါက Disk Utility ကို သုံးပြီး USB stick ကို ပြင်ဆင်တာပါ။ ပြီးရင် download လုပ်ထားတဲ့ Unibeast ကို run ပါတယ်။ OS X installer ကို Applications folder ထဲမှာ ထည့်ထားပြီးသား ဆိုတော့ Unibeast ရဲ့ OS ရွေးတဲ့ နေရာမှာ Mac App Store “Install Mac OS X Mountain Lion” ဒါမှမဟုတ် “Install Mac OS X Mavericks” ကို ရွေးလိုက်လို့ရပါတယ်။ (နမူနာပြထားတဲ့ ပုံမှာကတော့ OS X Lion ဖြစ်ပါတယ်)။ Unibeast 3.0 က Mountain Lion ရော၊ Mavericks ကိုရော support လုပ်ပါတယ်။ Laptop ထဲကို install လုပ်ဖို့ ကြိုးစားနေတာ ဆိုရင်တော့ Laptop Support ကို ရွေးထားဖို့ လိုပါတယ်။

 Unibeast_2

ကျွန်တော့အတွက်ကတော့ desktop PC ထဲကို ထည့်တာဆိုတော့ မလိုပါဘူး။ ပြီးရင်တော့ installer ကို ဘယ်ထဲကို ထည့်မလည်းဆိုတာ Unibeast ကို ပြောရပါမယ်။ ခုနက format လုပ်ထားတဲ့ USB stick ကို ရွေးပေးလိုက်ရုံပါပဲ။ ခဏစောင့်လိုက်ရင် Unibeast က Mac OS X installer bootable USB ကို create လုပ်ပေးပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခု ပြောချင်တာက တစ်ခါတစ်လေ Unibeast က USB ထဲကို file တွေ write နေတုန်း progress bar လေးက ဆက်မတက်ပဲ အကြာကြီးရပ်နေတာ တွေ့ရပါလိမ့်မယ်။ မိနစ် ၂၀ လောက်ထိ ကြာနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒီအတိုင်းထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ။ ပိတ်မပစ်လိုက်ပါနဲ့။ အချိန်တန်ရင် USB creation ပြီးသွားပါလိမ့်မယ်။

 ကိုယ့်ရဲ့ Apple mac computer model ပေါ်မူတည်ပြီး နာရီဝက်လောက်ထိ ကြာကောင်း ကြာနိုင်ပါတယ်။ ကျွန်တော့ 2013 Macbook Air မှာတော့ ၁၅ မိနစ်လောက် စောင့်လိုက်ရပါတယ်။

10

OS X installation USB stick ရပြီဆိုရင် desktop မှာတပ်ပြီး သူကနေ boot လုပ်ပါ။ Unibeast boot screen တက်လာပါလိမ့်မယ်။ ကျွန်တော် အပေါ်မှာပြောခဲ့သလို တစ်ခြား hard disk တွေ ဖြုတ်ထားပြီး Mac OS X တင်မယ့် hard disk တစ်ခုထဲထားတာ အကောင်းဆုံးပါ။ အန္တရာယ်ကင်းပါတယ်။ Unibeast boot screen ကနေ USB ကိုပဲ boot လုပ်ပါ။ ဒါဆိုရင် OS X installer တက်လာပါလိမ့်မယ်။ တစ်ခါတစ်လေမှာ motherboard model နဲ့ တစ်ခြားသော hardware တွေကြောင့် boot ကို တက်မလာတာ တွေ့ရနိုင်ပါတယ်။ တစ်ကယ်လို့ မတက်လာဘူး ဆိုရင်တော့ boot option တွေ အမျိုးမျိုးနဲ့ စမ်းရပါလိမ့်မယ်။

 ကျွန်တော့အတွက်ကတော့ OS X 10.9 (Mavericks) က ကျွန်တော့ စက်မှာ ကောင်းကောင်းမွန်မွန်ပဲ ပြဿနာမရှိ တက်လာပါတယ်။ OS X installer ထဲကို ရောက်သွားပြီ ဆိုရင် Disk Utility ကို ဖွင့်ပြီး OS X ထည့်မယ့် hard disk ကို GUID partition table နဲ့ partition ခွဲပါတယ်။ ပြီးတော့ format လုပ်ပါတယ်။ ကျန်တာကတော့ Mac OS X ပုံမှန် install လုပ်တာနဲ့ အတူတူပါပဲ။ ကျွန်တော့ရဲ့ Core i5-4430 CPU + Asus H81i-Plus motherboard မှာတော့ OS X 10.9 ကို အဲလိုနည်းနဲ့ install လုပ်တာ ဘာပြဿနာမှ မရှိပဲ install လုပ်လို့ ရခဲ့ပါတယ်။

Multibeast

တစ်ခုပဲ ရှိတာက OS X install လုပ်တာ ပြီးသွားလို့ restart လုပ်ရင် bootloader မရှိသေးတဲ့အတွက် စောစောက bootable USB stick ကနေပဲ boot ပြန်လုပ်ရပါမယ်။ ဒီတစ်ခါ boot screen မှာ ပြနေတဲ့ list ထဲမှာ ကျွန်တော့ရဲ့ OS X ရှိနေတဲ့ hard disk လေးကို မြင်နေရပါပြီ။ အဲဒီကျမှ အဲဒီ hard disk ကို ရွေးလိုက်ရင် သူကနေ boot တက်ပါလိမ့်မယ်။ လိုအပ်တဲ့ user info တွေ၊ password တွေ ပေးပြီးရင်တော့ Mac OS X desktop ထဲကို ရောက်သွားပါတယ်။

 Sound card လိုမျိုး driver တွေ ထည့်ဖို့က Multibeast ဆိုတဲ့ configuration program  လေးကို သုံးရပါသေးတယ်။ သူ့ကို download လုပ်ပြီး run ပါတယ်။ သူ့ထဲကနေ driver တွေ install လုပ်လို့ရတယ်၊ bootloader တွေ ထည့်လို့ရပါတယ်။ ကျွန်တော့ရဲ့ desktop computer လေး အတွက်ကတော့ Realtek 887 codec sound card driver ထည့်ပေးတာက လွဲလို့ တစ်ခြား ဘာမှမလုပ်ခဲ့ပါဘူး။ OS X 10.9 က latest version မို့ထင်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော့ရဲ့ Geforce GTX 660 graphic card ကို လည်းကောင်းကောင်း သိပြီး အလုပ်လုပ်ပါတယ်။

WiFi အတွက်ကတော့ AZTech USB WiFi adapter လေး ၀ယ်လိုက်ပါတယ်။ သူ့မှာ Mac OSX driver ပါတဲ့အတွက် အဲဒါ ထည့်ပြီး သုံးလိုက်တာ ကောင်းကောင်း အဆင်ပြေပါတယ်။ WiFi လည်း ရသွားတာပေါ့နော်။ Bluetooth adapter တော့ မသုံးကြည့်ရသေးပါဘူး။ လောလောဆယ် graphic, sound, WiFi ရနေရင်ကိုပဲ ကျွန်တော့အတွက် တော်တော်ကြီး အဆင်ပြေသွားပြီလေ။

ကျွန်တော့အတွက် တစ်ခုပဲ ပြဿနာဖြစ်နေတာက ဘာကြောင့်လည်းတော့မသိဘူး၊ ကျွန်တော့ စက်ထဲကို bootloader ကို ထည့်လို့ကို မရဘူး။ Installe လုပ်ရင် success ဖြစ်တယ်လို့ ပြတယ်။ ဒါပေမယ့် restart ပြန်လုပ်ပြီး hard disk ကနေ boot လုပ်ရင် မရဘူး ဖြစ်နေပါတယ်။ အခုထိလည်း အဖြေရှာနေတုန်းပါ။ ပုံမှန်အတိုင်းဆိုရင်က ရရမှာပါ။ OS X ထည့်ဖို့ သုံးထားတဲ့ ကျွန်တော့ hard disk အဟောင်းလေးက ပြဿနာဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လောလောဆယ် မှာတော့ OS X ထဲကို သွားချင်တယ် ဆိုရင် bootable USB ကိုပဲသုံးပြီး ၀င်နေရပါတယ်။ ကျန်တာတွေ ကတော့ အဆင်ပြေပါတယ်။

Xcode ထည့်ပြီး development တွေလုပ်ကြည့်တာလည်း OK ပါတယ်။ တစ်ခြား OS X application အားလုံးလည်း ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ iOS development လိုမျိုးတွေ လုပ်ဖို့ကတော့ ဈေးကြီးတဲ့ Apple Mac computer တွေဝယ်စရာ မလိုပဲ ဈေးသက်သက်သာသာနဲ့ PC လေးတစ်လုံး ဆင်ပြီး OS X ထည့်သုံးလို့ ရတာပေါ့နော်။

 Apple ကတော့ဒါကို တရားမ၀င်ဘူး ဘာညာပြောထားတာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Personal သုံးဖို့ကတော့ ကောင်းကောင်း အဆင်ပြေတယ် လို့ပဲ ပြောချင်ပါတယ်။ Apple ကွန်ပျူတာ အစစ် သုံးရတာလောက် အဆင်မချောတာတွေ ရှိနိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် Mac OS X စမ်းချင်သူတွေ အတွက်က ဒီနည်းက အဆင်ပြေမှာပါ။


Credit to : သီဟဦး


2 comments:

ကျေးဇူးတင်ပါတယ် ညီကို ဒါနဲ့ Max os တွေက ဆိုင်မှာ ၀ယ်လိုက်ရင် .bin ဖိုင်နဲ့လာပါတယ်..အဲ့ဒါကိုရော ကျွန်တော်တို့ window ပေါ်မှာ ဘယ်လို ပြန်ဖြည်ပီး bootable CD/DVD ပြန်လုပ်လို့ရမလဲ..နည်းလမ်းလေး ထပ်ညွှန်းပေးပါဦး..ဗျာ.........

mac10.8.5မှာစကိုင်ဖွင့်လို့ မရလို့ ကူညီပေးပါခင်ဗျားးးကျေးဇူတင်ပါတယ်

Post a Comment