Microsoft က Windows 8 User များအတွက် Windows 9 ကို အခမဲ့ Upgrade ပြုလုပ်ခွင့်ပေးမည်

Photo: Microsoft က Windows 8 User များအတွက် Windows 9 ကို အခမဲ့ Upgrade ပြုလုပ်ခွင့်ပေးမည်
====================================================
 
အင်ဒိုနီးရှား သတင်းဝက်ဆိုက် Detik.com ၏ အဆိုအရ အင်ဒိုနီးရှားရှိ Microsoft ရုံုးခွဲမှ ဥက္ကဌဖြစ်သူ Andreas Diantoro က Windows 8 User များအတွက် Windows 9 ကို အခမဲ့ Upgrade ပြုလုပ်ပေးမည်ဟု ကြေညာသည်ဟု သိရပါသည်။ 

လျှို့ဝှက်အမည် Threshold ဟု ပေးထားသော Windows 9 သည်  Windows 8 ၏ မျိုးဆက် ဖြစ်ပါသည်။ Windows 8 သည် ၀င်းဒိုး အသုံးပြုသူများစွာ၏ ဝေဖန်မှုများကို ရရှိခဲ့သောကြောင့် Microsoft သည် Windows 9 တွင် ပြန်လည်ပြုပြင်မှုများကို ပြုလုပ်ထားမည်ဟု သတင်းများထွက်ပေါ်နေပါသည်။ Windows 8 ကို မနှစ်သက်သူများကို ပြန်လည်စွဲဆောင်ရန် Microsoft က Windows 9 ကို အခမဲ့ အဆင့်မြှင့်ခွင့်ပေးမည် ဖြစ်သည်။ 

Windows 8.1 ကို အသုံးပြုသူများအနေဖြင့်လည်း Windows 9 ကို အခမဲ့ အဆင့်မြှင့်ခွင့်ရရှိမည် ဖြစ်သည်။ Microsoft က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် ပွဲအတွက် ဖိတ်စာများ ဝေငှထားပြီး ဖြစ်ပြီး အဆိုပါပွဲတွင် Windows 9 ၏ အသေးစိတ်အချက်အလက်များကို ကြေညာမည်ဟု မျှော်လင့်ရပါသည်။ 

Microsoft က Windows Technical Preview ကို အဆိုပါပွဲတွင် ပြသမည်ဟု မျှော်လင့်ရပါသည်။ Preview Version သည် Developer များနှင့် စီးပွားရေးလုပ်ငန်းများအတွက် Windows 9 ၏ ပြောင်းလဲထားမှုများကို သိနိုင်မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်သည်။

 
အင်ဒိုနီးရှား သတင်းဝက်ဆိုက် Detik.com ၏ အဆိုအရ အင်ဒိုနီးရှားရှိ Microsoft ရုံုးခွဲမှ ဥက္ကဌဖြစ်သူ Andreas Diantoro က Windows 8 User များအတွက် Windows 9 ကို အခမဲ့ Upgrade ပြုလုပ်ပေး မည်ဟု ကြေညာသည်ဟု သိရပါသည်။ 


လျှို့ဝှက်အမည် Threshold ဟု ပေးထားသော Windows 9 သည် Windows 8 ၏ မျိုးဆက် ဖြစ်ပါသည်။ Windows 8 သည် ၀င်းဒိုး အသုံးပြုသူများစွာ၏ ဝေဖန်မှုများကို ရရှိခဲ့သောကြောင့် Microsoft သည် Windows 9 တွင် ပြန်လည်ပြုပြင်မှုများကို ပြုလုပ်ထားမည်ဟု သတင်းများထွက်ပေါ်နေပါသည်။ Windows 8 ကို မနှစ်သက်သူများကို ပြန်လည်စွဲဆောင်ရန် Microsoft က Windows 9 ကို အခမဲ့ အဆင့်မြှင့်ခွင့်ပေး မည် ဖြစ်သည်။ 


Windows 8.1 ကို အသုံးပြုသူများအနေဖြင့်လည်း Windows 9 ကို အခမဲ့ အဆင့်မြှင့်ခွင့်ရရှိမည် ဖြစ်သည်။ Microsoft က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် ပွဲအတွက် ဖိတ်စာများ ဝေငှထားပြီး ဖြစ်ပြီး အဆိုပါပွဲတွင် Windows 9 ၏ အသေးစိတ်အချက်အလက်များကို ကြေညာမည်ဟု မျှော်လင့်ရပါသည်။ 


Microsoft က Windows Technical Preview ကို အဆိုပါပွဲတွင် ပြသမည်ဟု မျှော်လင့်ရပါသည်။ Preview Version သည် Developer များနှင့် စီးပွားရေးလုပ်ငန်းများအတွက် Windows 9 ၏ ပြောင်းလဲထားမှုများကို သိနိုင်မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်နိုင်မည် ဖြစ်သည်။


0 comments:

Post a Comment