1."လက်ဆောင်ရတာတွေ ဘာလုပ်ပစ်တုန်း""မီးရှို့ပစ်လိုက်တယ်""ဟင်... နှမြောစရာ၊ ဘာတွေမိုလို့လဲ""ဖယောင်းတိုင်တွေ""ငင်...".2.ကျနော် တော်တော်အ,တာ ခုမှသိတယ်။ကိုယ့်ကိုကိုယ် သတ်သေရင် ရရဲ့သားနဲ့ မိန်းမယူလိုက်မိတယ်။.3.အိမ်မှာမွေးထားတဲ့ ကြက်တွေမှာ ထူးခြားမှုတစ်ခု တွေ့ရတယ်။အဲဒါကတော့... ...ကြက် ၄ ကောင်မှာ ၃ကောင်ဟာ ကြက်အားလုံးရဲ့ ၇၅% ဖြစ်နေတာပဲ။.4.တခု တွေးကြည့်မိတယ်... ...တိရိစ္ဆာန်တွေထဲမှာ သစ်ကုလားအုပ်တွေဟာ ကံအကောင်းဆုံး။ဘယ်ကောင် အီးပေါက်ပေါက် သူတို့ မနံဘူး။.5."သဲလေး... ဒီကျောင်းမှာရှိတဲ့ ကောင်မလေးတွေထဲက ဘယ်သူမှာ အကောင်ဆုံးချစ်သူကောင်လေး ရှိမယ်ထင်သလဲ'"သဲလေးပေါ့ မောင်ရဲ့""ပြောတတ်တယ်...