Asus က ၉၆ ဒေါ်လာတန် Zenfone C ကို အိန္ဒိယတွင် ရောင်းချ

 
Asus က စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတစ်လုံးကို အိန္ဒိယတွင် ရောင်းချပေးလိုက်ပါသည်။ Zenfone C ဟု အမည်ပေးထားပြီး ၉၆ ဒေါ်လာ ၀န်းကျင် တန်ကြေးရှိပါသည်။


စမတ်ဖုန်းတွင် Dual-Core 1.2GHz CPU တပ်ဆင်ထားသည့် Intel Atom CloverTrail Z2520 Chipset နှင့် ၄.၅ လက်မအရွယ် FWVGA TN Panel (480×854) Display , 1GB RAM, 8GB Internal Storage ပါရှိသည့်အပြင် 64GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ Android 4.4 KitKat ကို Asus Zen UI နှင့် တွဲဖက် အသုံးပြုထားပါသည်။


Flash အသုံးမပြုလျှင်တောင် အလင်းရောင်နည်းပါးသည့် နေရာများတွင် ဓါတ်ပုံရိုက်ကူးလျှင် သာမာန်ထက် အဆ လေးရာ ပိုမို တောက်ပသော ဓါတ်ပုံများကို ဖမ်းယူပေးနိုင်သည်ဟု Asus က ကြေညာထားသော PixelMaster နည်းပညာပါရှိသည့် 5MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ မျက်နှာချင်းဆိုင်တွင် 0.3MP Camera ပါရှိပါသည်။ 2100mAh Battery တပ်ဆင်ထားပါသည်။


0 comments:

Post a Comment