မေးထားသောသူများအားလုံးအတွက် နဲ့ မမေးထားသောသူများအတွက်...


Image result for Ask image









ကျွန်တော်လည်းမအားသောလိုင်းများကြားထဲကနေတင်ပေးရတယ်ဆိုတော့နားလည်ပေးပါနော်လို့ပဲပြောပါရစေဗျာ
ဒီကြားထဲဘေကကုန်ပြီဗျာ ၅၀၀ ကျော်ပဲရှိတော့တယ်ဗျာ misscall တောင်အနိုင်နိုင်ပေါ့ ကဲထားလိုက်ပါတော့ တော်ကြာ ဘေအလှူခံနေတယ်လို့ပြောပါအုံးမယ် ကဲမေးထားသောသူများအတွက် တင်ပေးလိုက်ပါပြီနော်...


ယခုပို့စ် ကျွန်တော့် ကိုဖုန်းဆက်ပြီးမေးမြန်းထားသော သူများအတွက် သီးသန့်ပေါ့နော်.. ဒါပေမဲ့ မသိသောသူတွေဖတ်နိုင်ပါတယ်.အားလုံးကိုစုစည်းပြီး တင်ပေးလိုက်ပါပြီ .. ဖုန်းဆက်မေးမြန်းထားသောသူများ ထဲမှ မေ့ပြီး မတင်ပေးဖြစ်ခဲ့ရင်ပြန်လည်တောင်းဆိုနိုင်ပါတယ်..ပြီးတော့ မအားတဲ့အခါ ၊လိုင်းမကောင်းလို့ဆိုရင် ပို့စ်တွေကိုသတ်မှတ်ထားတဲ့အတိုင်းတင်ပေးဖြစ်မယ်မဟုတ်ပါ နားလည်ပေးပါ..ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊ညီအကိုများနားလည်ပေးကြပါနော်..်ဖုန်းဆက်သူများလည်းအရင်ဆုံးကိုယ့်ဘာသာကိုယ်Try ကြည့်ပါအုံးဗျ ချက်ခြင်းမသိတာရှိမေးမည်ဆိုပဲလုပ်မနေပါနဲ့ ကျွန်တော်လည်းအလုပ်ကတစ်ဖက်မို့ပါ.. အချို့သောကိစွ များဟာ ကျွန်တော့် ပါးစပ်နဲ့ဖြေလို့ မရတဲ့ ပြသနာများကိုတော့ ပို့စ်တင်ပေးနေပါတယ် .. မိမိတို့ တင်လိုသော နည်းပညာပိုင်းဆိုင်ရာ များကိုတော့ ကျွန်တော့်ကိုဖုန်းဆက်ပေါ့နော် ..စာသားတွေထဲမှာ ရယ်စရာလေးတွေပါတယ် အဲ့တာကတော့ပို့စ်တွေကရှည်တော့ ပျင်းမှာစိုး ဟာသပြဇာတ်ကို အလကား ခေါ်ထားတာ :P


Facebook ကိုနာမည်ကို အကြာကြီးမဆောင့်ပဲပြင်နည်းပေါ့နော်..
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကို နာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေးသားထားပါတယ်။
အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက်ချင်း ပြောင်းလဲနည်းပါ။
ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။
ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the last 60 days." ) လို့ရေးသားထားပါတယ်။
ဒီလို ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေးကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။
ပြီးတဲ့နောက်မှာတော့ Facebook က သူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။  အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို  Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။
အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။
အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။
ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။ 
ဒါကတော့ password ပြောင်းနည်းပါ
>>>>>>>>>>>>>>>>>>>>>>>>>>>


Facebook Password Change ချင်တယ်ဆိုရင်တော့....
☻Facebook acc ကိုအရင်ဆုံးဖွင့်လိုက်နော်.....
☻Facebook acc ဖွင့်ပြီးရင်တော့....
☻Fb acc Settings ကိုတာလေးကို ၀င်လိုက်နော်.....

☻Account Settings ကိုဝင်ပြီးရင်တော့.....
☻General ဆိုတာလေးကို နှိပ်လိုက်ပါနော်.......
☻General ဘေးမှာတော့ General Account Settings ရဲ့အောက်မှာတော့....
☻Password ဆိုတာလေးကိုတွေ့မှာပါ တွေ့ရင်တော့ သူဘေးမှာရှိတဲ့ Edit ဆိုတာကိုနှိပ်လိုက်ပါ....
☻နှိပ်ပြီးရင်တော့ Current: မှာက အရင် Password အဟောင်းကိုရေးပါ...
☻New: နဲ့ Re-type new: မှာကတော့ ပြောင်းတဲ့ Password ကိုနှစ်ခုကို တူအောင်ရေးပေးလိုက်ပါ....
☻ပြီးရင်တော့ Save Changes ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီ........

Facebook A/C ကိုဖျတ်နည်းပေါ့
>>>>>>>>>>>>>>>>>>>>>>>>>


 ဒီမှာ သွားပြီ Submit ကိုနှိပ်ပါ
permanently Delete Account ဘောက်ကျလာလိမ့်မယ် ဖျက်ချင်တဲ့ အကောက်နဲ့ပတ်စ၀က် ရိုက်ထည့်ပေါ
Okay နှိပ်ပေါ..ဒါဆို ရင် Okay တယ်ပေါ
၁၄ ရက်ကျော်သွားရင် အကောက်ကသုံးလို့မရတော့ပါ တကယ်တကယ် ပျက်သွားပါမည် gmail
အကောက်မပျက်ပါဘူး မကြောက်ပါနဲ့ ဖွေးဖွေးလိုပဲ facebook ဖျက်ချင်တဲ့ သူငယ်ချင်းတွေလဲ ဖျက်နိုင်ကြပါစေ




 



Gmail password ပြောင်းနည်း
>>>>>>>>>>>>>>>>>>>>>>>

Gmail Password ပြောင်းဖို.ကတော့အရင်ပြောချင်တာကမူလ Password
ကိုသိဖို.လိုပါလိမ့်မယ်။သိမှသာPassword ပြောင်းလို.ရမှာပါ။ပြီးတော့Gmail Mail
မှာ Password ပြောင်းရင် Gtalk မှာ Password လိုက်ပြောင်းတယ်ဆိုတာမမေ့ပါနဲ.။
Password ပြောင်းရင် အနည်းဆုံး ၈ လုံးရှိရပါလိမ့်မယ်။စလိုက်ရအောင်


အရင်ဦးဆုံးမိမိ Gmail ကိုဝင်လိုက်ပါ။Settings ကိုရှာပါ။တွေ.ပါက ကလစ်နှိပ်ပါ။
အပေါ်ပုံမှာပြထားသညကိုတွေ.ရပါလိမ့်မယ်။Settings ဟုရေးထားသောအောက်တွင်
General,Accounts,Labels,Filters,Forwarding and POP/IMAP,Web Clips
တွေ.ပါလိမ့်မည်။အဲဒီထဲမှ
Accounts ကိုနှိပ်ပါ။ Google Account settings ကိုနှိပ်ပါ။
Webpage တခုတက်လာပါလိမ့်မည်။

ထို Webpage ရှိ Change password ကိုကလစ်နှိပ်ပါ။ပေးထာသောမေးခွန်တွေကို
ဖြည့်ပေးပါ။ Current Password တွင်မိမိလက်ရှိအသုံးပြုသော Password ကိုရိုက်ပေးပါ။
ဒုတိယမေးခွန်ကိုဖြေပေးစရာမလိုပါဘူး။ New Password တွင်Password အသစ်ကိုပေးပါ။
အနည်းဆုံး ၈ လုံးရှိရပါလိမ့်မယ်။ Password ရိုက်ပါကဘေးတွင်ရှိသောPassword
strenght တန်းတွင်အစိမ်းရောင်ဖြစ်နေရပါမည်။မဖြစ်ရင်တခြား Password ပြောင်း
ရိုက်ပါ။Confirm new password တွင်New Password တွင်ရိုက်ထားသောPassword
ကိုပြန်ရိုက်ပေးပါ။ Save ကိုနှိပ်ပါ။လက်ရှိ Page ပြောင်းသွာပြီးမူလ Page ရောက်ပါက
Password ပြောင်းလဲခြင်းအောင်မြင်သွားပါပြီ။


Ok ကိုနှိပ်ပါ။ Gmail ကိုအစကနေပြန်ဝင်ကြည့်ပါ။  




ဒါကverification error ဖြစ်နေသော သူများအတွက်နည်းတစ်နည်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>





ခုဖော်ပြပေးတဲ့ နည်းလမ်းလေးကတော့သိပြီးသား သူငယ်ချင်းများလည်း သိပြီးသားပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် ပါ facebook က သူငယ်ချင်းတစ်ယောက် ရေးနည်းလေး ပြောပြပေးပါဆိုလို့ ရေးဖြစ်တာပါ။ ဒီနည်းလမ်းဟာ verification error တင်မဟုတ်ပဲ build number တူပြီး firmware တင်မရတဲ့ spet 2 fail အတွက်လည်း အဆင်ပြေပြီးတော့ stock recovery ပြန်တင်ချင်တဲ့သူငယ်ချင်းများအတွက်လည်းအဆင်ပြေစေမှာပါ။နောက်ဆုံးမိမိ လိုသလိုအသုံးချလို့ရနိုင်မဲ့နည်းလမ်းလေးမို့ စိတ်ရှည်ရှည်ထားပြီး ဖတ်စေချင်ပါတယ်။ တစ်ခုပဲပြောချင်တာပါ အွန်လိုင်းက လွယ်လွယ်ရတယ် ဆိုပြီးတော့ ဈေးကွက်မဖျက်စီးဖို့ပါပဲ လွယ်လွယ်ရပေမဲ့လည်း တန်ဖိုးထားစေချင်ပါတယ် အခက်အခဲဖြစ်နေတဲ့သူငယ်ချင်းများအတွက် ပုံတွေအများကြီးလုပ် စာတွေ အများကြီးရေးပြီးတင်ပေးထားတာလေးတော့ စာနာထောက်ထားပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ။ တစ်ခြားဘာကိုမှ မမျှော်လင့်ပါဘူးခင်ဗျာ။လိုအပ်တဲ့ဆော့ဝဲလ်တွေကတော့


huawei firmware spliter
huawei finder
Ext4 unpacker
Aio Flasher တွေလိုအပ်ပါတယ်

ActivePerl Download

Unpacker all File Download

မေးထားတဲ့ အကိုက U9200 အတွက် မေးထားလို့ အဲဒါလေးနဲ့ လုပ်ပြထားပါတယ်ခင်ဗျာ။
ဒေါင်းပြီးသွားရင်တော့ စလိုက်မယ်နော်
အရင်ဆုံး Rar ဖိုင်နှစ်ဖိုင်ကို ဖြည်ထားပါ။ ကြည့်ရတာ ရှုပ်ရှက်ခက်မနေချင်ဘူးဆိုရင်တော့ extract files အနေနဲ့ ဖြည်ပါ။

အရင်ဆုံးကွန်ပျူတာမှာ ActivePerl ကို install လုပ်ထားပါ။

run ပြီးသွားရင်တော့ huawei update unpacker ဖြည်ထားတဲ့ အထဲကို မိမိဖြည်ချင်သော u9200 UPDATE.APP ဖိုင်လေးထည့်ထားလိုက်ပါ။






နောက်တစ်ဆင့်အနေနဲ့ Ext4 unpacker exe . rar ကိုလည်း ဖိုဒါအနေနဲ့ထပ်ဖြည်ထားပါ။
ထည့်လည်းပြီးပြီ ဖြည်လည်းပြီးသွားရင်တော့ split_updata ဆိုတာလေးကို Run ပေးလိုက်ပါ။
update.app ကို unpack လုပ်နေပါလိမ့်မယ် unknow files တွေ အနေနဲ့လုပ်နေပါလိမ့်မယ်။





ဘယ်ဖိုင် က recovery , boot , system ဖြစ်တယ်ဆိုတာကို Huawei Finder.bat ဖိုင်လေးနဲ့ထပ်ရှာရပါလိမ့်မယ်။
unknown file တွေထဲက ဘယ်ဖိုင်က ဘာလဲဆိုတာကို
သေချာချင်တယ် ဆိုရင်တော့ huawei finder နဲ့ ထပ်ရှာပါ။ သူက ဖိုင်အားလုံး unpack လုပ်ပြီးသွားရင်ပျောက်သွားပါတယ် လုပ်ပြီးသားဖိုင်တွေကို
တော့ output ဖိုဒါလေးနဲ့ထုတ်ပေးထားပါတယ်။
သေချာအောင်တော့ တစ်ချက်ဖွင့်ကြည့်လိုက်ပါအုံးအထဲမှာဖိုင်တွေပါရဲ့လားပေါ့။






ပြီးရင်တော့ huaweiFinder.bat ဖိုင်လေးကို run ပေးလိုက်ပါ။ recovery နဲ့boot ဖိုင်နှစ်ဖိုင်နာမည်ရပြီးရင်
press any key to continue ဆိုတဲ့ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတစ်ခုခုကိုနှိပ်ပေးလိုက်ပါ။ သူ့ဖာသာ
ပျောက်သွားပါလိမ့်မယ် ပြီးရင် output ဖိုဒါထဲကိုပြန်ကြည့်လိုက်ပါ။ recovery.img , boot.img , system.img လေးတွေ တွေ့နေရပါလိမ့်မယ်။






အဲဒီမှာ တစ်ခုပြောချင်တာက ကိုက cwm တင်ထားတယ် မူရင်း recovery ပြန်သွင်းချင်တယ်ဆိုလည်း အဲဒီက recovery.img လည်း flashလို့ရပါတယ်
boot.img ပြန်တင်ချင်လည်း အိုကေပါတယ် နောက်ဆုံး verification error မရှိတဲ့ အလုံး bulid number တူတယ် အလုံးဆို system.img ဖိုင် သုံးဖိုင်လုံးကို
fastboot ဖိုဒါထဲထည့်ပြီး command လိုင်းက နေ flash လို့ရပါတယ်။ နည်းလမ်းကတော့ ဖုန်းကို fastboot mode ၀င်ထားပြီး ကွန်ပျူတာနဲ့ချိတ်ပေါ့နော်
fastboot ဖိုဒါထဲက Fastboot command က flash လုပ်မှာမို့ fastboot ၀င်ထားတာပါ သိပြီးသူများလည်း သိပြီးသားပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် အောက်က
command နဲ့ flash လို့ရပါတယ်။ အရင်ဖုန်း ဖုန်းနဲ့ computer ချိတ်ပြီးသွားရင်တော့ C:\ အောက်ထဲမှာ fastboot ဖိုဒါထားပါ။ ပြီးရင် အဲဒီ သွင်းချင်တဲ့ သုံးဖိုင်လုံး အဲဒီ ဖိုဒါထဲ ကူးထည့်ထားပါ။
အရင်ဆုံး ဖုန်းနဲ့ ကွန်ပျူတာနဲ့ သိလားဆို တာကို စမ်းဖို့အတွက် command မှာ
fastboot devices လို့ရိုက်ပြီး enter ခေါက်ပါ။ နံပါတ်တွေ ပြရင်သိပါပြီ သိပြီးဆိုနောက် တစ်ကြောင်းပေါ့။


fastboot flash recovery recovery.img enter ပေါ့နော်
fastboot flash system system.img
fastboot flash boot boot.img
fastboot reboot ဆိုရင်တော့ ဖုန်းက ပြန်တတ်လာပါ့လိမ့်မယ် build prop တူပြီး step 2 fail error တတ်နေတဲ့အလုံးတွေလဲ ဒီနည်းလမ်းနဲ့တင်လို့ရပါတယ်
လေရှည်နေတာနဲ့ build prop ရေးနည်းလမ်း ပြန်ဆက်မယ်နော်
build prop က system.img ထဲမှာ ရှိတာမို့ အဲဒီ system.img ထဲက ထုတ်ယူရပါမယ်။
အရင်ဆုံး Ext4 unpacker ဖိုဒါကိုဖွင့်ပြီး ext4 unpacker android icon နဲ့ ဖိုင်လေးကို Run ပေးပြီး အပေါ်နားက
ဖိုင်ထည့်မဲ့နေရာကိုနှိပ်ပြီး output ဖိုဒါထဲက system.img ကိုရွေးပေးပြီး open နှိပ်လိုက်ပါ။

build.prop ပေါ်မှာ right click နှိပ်ပြီး extract ကိုရွေး
ပေးလိုက်ပါ့ သိမ်းဖို့နေရာ မေးရင်တော့ ဖိုင်ရောမှာကြောက်ရင် output ဖိုဒါထဲမှာပဲ ပြန် save လိုက်ပြီး Ext4 unpacker ကို ပိတ်လိုက်ပါ။
output ဖိုဒါထဲကိုသွားကြည့်လိုကပါ။ build.prop ဖိုင်လေး ရောက်နေပါပြီခင်ဗျာ။









လိုချင်တာရပြီဆိုတော့ ပြန်ရေးဖို့ အတွက် Aio Flasher ကို သုံးပါမယ်။
Aio Flasher ဖိုဒါကို ဖွင့်ပြီး အထဲမှာ ပါတဲ့ Android AIO Flasher ကို run ပေးလိုက်ပါ။ အရင်ဆုံး build.prop ရေးရန်အတွက် ထိပ်က
1 Build.prop Editor ကိုရွေးပေးပါ
2 Fom Local File ကိုပြောင်းပေးပါ။
3 Import မှ မိမိထုတ်ယူထားသော output ဖိုဒါထဲမှာ build.prop ဖိုင်အားရွေးပေးပါ။
4 Open in editor ကိုနှိပ်ပါ Build.prop ဖိုင်ထဲပါတာတွေ ပြပေးပါ့လိမ့်မယ်
5 Save Changes ကိုနှိပ်ပါ။ ဖုန်းထဲကို ပြောင်းဖို့အတွက်ပါ။
6 Flash to Device ကိုနှိပ်ပါ။
7 Reboot device ကိုနှိပ်ပေးလိုက်ပါ။

အဲဒီမှာ ဖုန်းကို ဘယ် mode မှာ ရေးရမလဲလို့ပြောစရာရှိပါတယ် အဲဒါက ဘယ် mode မှာမဆိုရေးလို့ရပါတယ် Fastboot mode, recovery mode, normal mode ကြိုက်နှစ်သက်ရာနဲ့ရေးပါ။




Verification error အတွက် build.prop ပြန်ရေးပြီးသွားပါပြီဖြစ်လို့ အဲဒီ Build.prop ထုတ်ထားတဲ့ မူရင်း dload ဖိုင်နဲ့ ပဲတင်လိုက်ပါ။ အားလုံးအိုကေသွားပါလိမ့်မယ်။ အဲဒါနဲ့ရေးချင်ဘူးဆိုလည်း ခွဲ
ထုတ်ထားတဲ့အထဲက system,recovery,boot ဖိုင်သုံးဖိုင်ကိုပြန် flash ပေးလည်းရပါတယ်ခင်ဗျာ။ ကျန်တာတွေကတော့ လိုသလိုသာ အသုံးချလို့ရပါပြီခင်ဗျာ ။လက်လည်းညောင်းသွားပြီ
ဒီလောက်ဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။ သူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။






ဒါက Xiaomi firmware လိုချင်သူများအတွက် 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

http://forum.xiaomishop.com/forum.php?mod=forumdisplay&fid=44&filter=typeid&typeid=13



ဒါက I Cloud ဖြည်ချင်သူများအတွက် အသိတစ်ယောက်ဖုန်းနံပါတ်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 hone ipad icloud ဖြေပေးသည်

ရေချမ်း(ထားဝယ်အိုင်တီ-DAWEI IT)
ဆက်သွယ်ရန် -
0946121350 (DTAC)



မေးထားတာများ မေ့ကျန်ခဲ့ပါက ဖုန်းဆက်ပေးပါ ဆက်လက်ပြီးတင်ပေးပါ့မယ်

 

 Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်လေးကြောင့်တစ်ခုခုရသွားခဲ့ရင်တော့ ဖုန်းငွေဖြည့်ကဒ် Message ပို့ပေးနိုင်တယ်နော်.. :D

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...



 

0 comments:

Post a Comment