Android အတွက် Stetho debugging tool ကို Facebook ဖြန့်ချိ


ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Facebook သည် Stetho ဟုခေါ်သည့် debugging Android code အတွက် tool အသစ်တစ်ခုကို ဖြန့်ချိပေးခဲ့သည်။


အဆိုပါ tool သည် developer များ ရင်ဆိုင်နေရသည့် ပြဿနာများကို အလျင်အမြန် ဖော်ပြပေးနိုင်ပြီး Android ကို တိုးတက်အောင် လုပ်ဆောင်ရာတွင် ပြင်ဆင်မှုများကို အဖြေရှာပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် developer များသည် Android  app  များအတွင်းရှိ အချက်အလက်များကို ရယူရန်အတွက် Stetho ကိုအသုံးပြုနိုင်သည်။ Developer များသည် Stetho ကို အနည်းငယ်သာ ပြင်ဆင်ပြောင်းလဲ၍ အသုံးပြုရန်သာ လိုအပ်ကြောင်း Facebook မှပြောကြားခဲ့သည်။


Facebook သည်လာမည့် အနာဂတ်တွင် Stetho အတွင်းသို့ feature သစ်များ ပေါင်းထည့်သွားမည် ဖြစ်သလို အခြား open source Android စီမံကိန်းများကိုလည်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။


Ref: TheNextWeb

http://www.internetjournal.media/new/1749


0 comments:

Post a Comment