ကဗျာ ချစ်သူများအတွက် All in one ကဗျာ Collection လေး...(4.10.2015)









ကျွန်တော်ကိုဖုန်းဆက်ပြီးမိမိတို့ ရင်တွင်းမှာဖြစ်သော ကဗျာ ၊ ရသ ၊ဒသန များကို စာတို မက်ဆေ့ဖြင့်သော်လည်းကောင်း ၊ ဖုန်းဖြင့်ဆက်ဖြင့်သော်လည်းကောင်း ပေးပို့ပြီး မိမိတို့ရဲ့ရင်တွင်းဖြစ်များကို အများအားမျှဝေခံစားစေလို၊ ၀ါသနာအရဖြစ်စေ ၊ အကြေင်းအမျိုးမျိုးကြောင့် Shaing လုပ်ချင်ရင် (သူတစ်ပါးအားမထိခိုက်စေဘူးဆိုရင်) ကျွန်တော့်အား  မိမိတို့ရဲ့ ကလောင်နာမည်၊နေရပ်၊facebookသုံးပါက Facebook မှာ Firend အဖြစ်လက်ခံဖို့ Link ပေါ့ ကျန်သော Sociel Website များနဲ့ ပေးစေချင်သော အများပါထည့်ပေးပါ ကျွန်တော့်အားဖုန်းဖြင့်တိုက်ရိုက်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်ခင်ဗျာ။ ။(မှတ်ချက်။ ။ ဆရာကြီးတစ်ယောက်မဟုတ်ပါဘူး ၊ဘာမှလည်းမဟုတ်ပါဘူး ပြီးတော့ တစ်ခုခုလိုခဲ့ရင် ကောင်းစေချင်စိတ်စောနေလို့လို့ နားလည်ပေးပါ နော် ကူညီရုံသက်သက်ပါ နောက်ပြီး စာအရေးအသားညံခဲ့သသည်ဖြစ်စေ ၊စာလုံးလေးများလိုခဲ့သည်ဖြစ်စေ် ကောင်းစေချင်စိတ်ကြောင့်မို့ နားလည်ပေးအုံးနော်... )



 
"အလွယ် လိုက်တဲ့ကျှီး
လွယ်မရှိလွယ်ရှာ
ဥစွာကို ခိုးပါလို့
ချမ်းသာတောင်မတည်တတ်တယ်
မွဲလျက် ပင်သာ
ဆင်သေကောင်မြစ်ထဲမှာလ
ကျီးကန်းကအားရစွာနေရာက
ကိုက်ခဲ မျောလေလေ
ဆင်သေဟာ ပင်လယ်ရိုက်တယ်
ကျီးမိုက်သေပွဲ"

{ရေးသူ=မောင်သန်းမ}

"မာနရှင်
အတမပါ မာနမယှက်
ဖြူသက်သက်ဖြင့် ပေးဆပ်နေသူ ငါလိုလူကို
ငြူစူပါနဲ့ ချစ်ခဲ့တာတောင်
မာနရှင်မင်းက
ရင်းနှီးခွင့်ကို
ဖြတ်သိမ်းလိုလို့
တို့ဝေးဝေးကပဲ
နေကြစို့တဲ့
ရက်စက်လိုက်တာ
ရင်မှာချစ်စ ဦးစပန်းကို ခြေခူးရက်တယ်
မစခင်ကရူံးနိမ့်ရသူမို့
မုန်းဖို့ကို ရယ်
မကြိုးစားလိုတာကြောင့်
အဝေးကို ပုန်းဖို့စိတ်ဒုန်းဒုန်းချလိုက်ပြီ"

"ရေးသူ=မောင်သန်းမ"




 " အိမ်မက်လှလှမက်ပါစေ

*မိန်းကလေး... မင်းချစ်တဲ့
သူနဲ့စကားပြောခွင့်ရလို့
မင်းပျော်ရွှင်နေရင်
သူက မင်းကိုညအခါအိမ်မက်ထဲထိလိုက်ပြီါ်
ပျော်ရွင်မူတွေဖန်တီးပေးမှာပါ
မင်းကို တစ်ဖက်သတ်
ချစ်နေတာ
ငါကတော့
မင်းညအိပ်ယာဝင်တဲ့အခါ
အိမ်မက်လှလှမက်ပါစေလို့ပဲဆုတောင်းပေးနိုင်မှာ...။ "

{ရေးသူ=အောင်ဖြိုးသူ(ဗန်မော်)}





" မျော်လင့်ချက်တွေပေးလို့
အဝေးကိုထွက်သွားသူ
ရှင်ပေးခဲ့တဲ့မျော်လင့်ချက်က
နော်ကဆုံးတော့
လိမ်ညာမူဆိုတာ သိလိုက်ပါပြီ
ကျွန်မ ရဲ့ မျော်လင့်ချက်တွေပျောက်ဆုံးသွားပေမဲ့
ရှင်မျော်လင့်ရသူ ဆီကနေ
မျော်လင့်ချက်တွေမပျောက်ဆုံးပါစေနဲ့ "

{ရေးသူ=ဖြိုးလေး}








ချစ်သူ
တွေ့ဆုံကြံကွဲဖြစ်မြဲ ဓမတာ
သံသရာဝယ်
လည်တွေရင်
ခေါ်ပါပြောပါ
နပ်ဆပ်ပါနော်

{ရေးသူ=ဖြိုးလေး}







နင်ဘာလုပ်လုပ်
ခွင့်လွတ်ထားတယ်ဆိုတာ
နင်ဆော့ကစားဖို့မှ မဟုတ်တာ
တစ်နေ့နေ့တော့
နင်နားလည်လာမှာပါဆိုတဲ့
အတွေးတွေနဲ့ အရာပေးဆပ်ထားခဲ့တာပါဟာ
ဒါပေမဲ့ ငါလည်းနှလုံးသားမို့
နာကျင်တတ်တယ်ဆိုတာလည်း
နင်မမေ့လိုက်ပါနဲ့အုံး
ချစ်သူ

{ရေးသူ=သွန်းနသာမင်း(မကွေး)}





" ကြယ်စင်တွေ
လင်းလက်တာဟာ
လမင်းကြီးရဲ့ကျေးဇူးကြောင့်
လမင်းကြီး လင်းလက်တာဟာ
နေမင်းကြီးရဲ့ကျေးဇူးကြောင့်
ပန်းချီ အချစ်တွေလင်းလက်တာဟာ
မင်းရဲ့ကျေးဇူးကြောင့်ပါ boy "

{ရေးသူ=မေပန်းချီ}






" တီထွင်ဖန်တီးကြသူတိုင်းနှင့်
အောင်မြင်လိုသူတိုင်း၏ဘ၀မှာ
အားပေးချီးမြောက်ချင်းနှင့်
ကဲ့ရဲ့ရူံ့ချချင်းဆိုတဲ့
အနဲအများ
ဒီစကားတွေကတော့ ရှိမှာပဲ
ဒါတွေက မှတ်ထားရမှာမဟုတ်
သိထားပြီး ရှေ့ဆက်လိုက်တဲ့အရာတွေက
လုသားအားလုံး
တစ်ဦးတစ်ယောက်ကိုမှထိခိုက်ခြင်းမရှိပဲ
လူသားအားလုံး ပျော်ရွှုင်စွာ နေရတယ်ဆိုရင်
ဒါဟာ ကို့ရဲ့အောင်မြင်မူ့တစ်ခုပဲ... "

{ရေးသူ=သူရအောင်}

" အသဲတောင်ကြားသိမ်းစည်းထားတဲ့
စကားတဆစ်
မပြောဖြစ်တာ
တနှစ်ပြည့်ပါတော့မယ်
ချောစုရယ်
ရင်မှာမောရ
ပြောလည်းပြောချင် ပြောစန်ပြလည်းချောသိခဲ့သော်
မောင်အပေါ်တွင်မတော်တဆမုန်း
မာန်ရှိပြီး စိမ်းကားသွားမှာ ကို
စိုးရွံမိပါတယ် မမချောစုရယ် "

{ရေးသူ=တိတ်တခိုးချစ်သူ(ဇွဲ)}


" ဟေး.... လိပ်ပြာမင်းသာနားမယ်ဆို
ငါ့... ရင်ခွင်တစ်ခုလုံး
ပန်းတွေအကုန်ပွင့်ပေးပါ့မယ်။
ဒါပေမဲ့...
ပန်းကလေးတွေ
မျက်ရည်ဝဲအောင်
ပျံရုံပဲတော့ မပျံပါနဲ့နော် "

{ရေးသူ=သူရထွန်း(လှည်းတန်း)}

" စစ်မှန်တဲ့ ချစ်ခြင်းမေတာ
ဆိုတာ...
မြတ်နိုးရမယ် ၊ တန်ဖိုးထား
ရမယ်
သဘောထားကြီးရမယ် ၊ အနစ်နာခံနိုင်ရမယ်
သည်းခံခွင့်လွှတ်နိုင်ရမယ်တဲ့
ဒီကနေ့ကပဲ
ကျွန်တော်နော်ကတစ်ခုထပ်တိုးလိုက်ပါတယ်။
စွန့်လွတ်နိုင်ရမယ်။ "

{ရေးသူ=သူရထွန်း(လှည်းတန်း)}


" သူပြောဘူးတယ်
အချစ်ဦးတဲ့
ပျော်လိုကတာလေ
ဒီလိုပါဘဲ ဒို့ကလည်း
မချစ်ဘူးတော့အချစ်ဦးပေါ့
ခုတော့ ညာရက်သူရေ
မင်းကိုလေ မမုန်းနိုင်ဘဲ
ကျေပါတယ် "

{ရေးသူ=-----}


" ချစ်သူ
မင်းရဲ့စိမ်းကားမူ
ကြောင့်
မုန်းတယ်
လို့ပြောနေပေမယ့်
ငါ့...နှလုံးသားမှာ
သွေားတစ်စက်စက်ကျနေတာ
မင်းမသိနိုင်ပါဘူး
ချစ်သူ "

{ရေးသူ=ကျော်ကျော်H(လှည်းကူး)}


"မုန်းတယ်
ချစ်တယ်
လင်းတယ်
မှောင်တယ်
မဲတယ်
ဖြူတယ်
ငိုတယ်
ရယ်တယ်
ကျန်သေးတယ် ဟ
မွေးတယ်
သေတယ်လေ"

{ရေးသူ=-------}


" ခွင့်လွှတ်တယ်
ချစ်သူရယ်
မင်းထင်ချင်သလိုထင်
မင်းမြင်ချင်သလိုမြင်
မင်းရက်စက်သလိုရက်စက်လိုက်ပါ
အပြစ် မယူရက်သည်းခံခွင့်လွှတ်ချစ်နေပါ့မယ်
ချစ်သူရယ် "

{ရေးသူ=အေးမင်း(တာင်ဘက်)မောင်ဝင်းထ*မကွေး*}



" မင်းလေးကိုစတွေ့တဲ့နေ့
အကြည့်လေးတွေက
သမင်လည်ပြန်
မင်းကို့ကို မုန်းတဲ့နေ့
အကြည့်
လေးတွေကသခင်အာခံ "


ရေး=လင်းသာ


" သိပ်ချစ်ရတဲ့ကောင်မလေးရေ
ကို့နှလုံးသားကို
အမုန်းမြှားတွေစိုက်ပြီးမသွားပါနဲ့
မစာမနာနဲ့ကို့ရဲ့အသဲကို မကစားပါနဲ့
လူတကာရဲ့သွေးထိုးစကားကိုလည်း
မယပါနဲ့ပန်းကလေးတွေကြွေဒါမြင်ပြီး
နှလုံးသားကြွေကျအသဲကွဲရမှာကြောက်လို့ပါ "


ရေးသူ=လင်းသာ(ဟုမလင်း)


" (မစင်ပုံထဲကလောက်)သွားလည်းဒိစိတ်
ထိုင်လည်းဒီစိတ်
ထိုင်လည်းဒီစိတ်
စားလည်းဒိစိတ် အိပ်လည်းဒီစိတ်
မနောကံကိုသံဃောဇဉ်
ကိုးနှင့် တရစ်ချင်းပါတ်
အထပ်ထပ် ဓါးဖြင့်ခုတ်လည်းမပြတ်နိုင်ရှာဘု
ရေသောက်လည်းရေခွက်ထဲသူ့မျက်နှာ
ထမင်းစားလည်း
ခုတ်လည်းမပြတ်နိုင်ရှာဘု
ရေသောက်လည်းရေခွက်ထဲ သူ့မျက်နှာ
ပုဂံထဲသူ့မျက်နှာ
အိပ်ရာဝင်လည်းသူ့မျာက်နှာ
စောင်ခြုံလိုက်တော့ ပိုဆိုးသွား
သူ့ မျက်နှာအား တဏှာဝဲယက်မှ
ပုထုစဉ်လူသားများ
မစင်ပုံထဲလောက်ကောင်လိုပဲစားသုံးကြ
စားပြီးရင်းစားချင်(---)ကချိ
မြိန်လို့လား??? "

{ရေးသူ=စလူ}



" အရက်တစ်ခွက်ရယ်
ဆေးပြင်းလိပ်တစ်လိပ်ရယ်
အဆွေးသီချင်းတစ်ပုဒ်ရယ်
ရှိနေခဲ့ရင်  ဘ၀ဟာ
ပြည့်စုံနေပါပြီ
       မှတ်ချက်။        ။ သိပ်ချစ်ရတဲ့သူက    အနားမှာရှိနေပေးရင်
ပိုပြည့်စုံမှာပေါ့ "

{ရေးသူ= အမည်မသိ}



" ချစ်သူရယ်...
ချစ်တယ်ဆိုတဲ့   စကားထက်
လေးနက်တဲ့စကား  ရှိပါသေးရင်
ကိုယ်မင်းကို          ပြောပြချင်ပါသေးတယ်ကွာ "


{ရေးသူ=ကိုလေး(အင်းရဲ)}



" သူ့ကို စွန့်လွှတ်ဖို့လည်း
အကြိမ်ကြိမ်ကျိုးစားဖူးတယ်
မေ့ပစ်ဖို့လည်း
အခါခါ စဉ်းစားဖူးတယ်
but
နောက်ဆုံးတော့လည်း
သူ့အနားကရုန်းမထွက်နိုင်ခဲ့သူပါ "


{ရေးသူ=ဇွဲ}


" ရှင့်ကိုမုန်းတယ် ရင်ထဲကမပါ
ပြောမိပေမယ့် တဆတ်ဆတ်ရင်မှာ
နာခဲ့တာကို သူမသိ
သူထွက်သွားပြီ
မျက်လုံးအိမ်တွင် မျက်ရည်များစို့တတ်လာလဲ
မငိုမိအောင် ထိန်းရင်းနဲ့ပင်
ရင်ထဲတွင် ကားအော်လိုက်မိခဲ့
I Love You "

{ရေးသူ=အမည်မသိ}


" မင်းနဲ့ဝေးမယ့်နေ့ကို
ကြိုတင်ကာမျှော်လင့်
လမင်းကို အဖော်အဖြစ်
ကိုယ်နေရစ်ခဲ့မယ်
ထားသွားလိုက်ချစ်သူ
တစ်နေ့ဖြစ်မှာ ကြိုသိအဖော်မရှိတဲ့
ငါ့ဘ၀ မင်းအလှမှာယစ်မူး
ငါရူုံးခဲ့ဖူးတယ်လေ
ဒါပေမဲ့.......
ပေးဆပ်ခြင်းအချစ်နဲ့ မင်းကို
တူညီတဲ့ညီမျှခြင်း
ကံတရားက ဖန်ဆင်းရင်
ဝေဒနာဆိုတဲ့အသိ
မင်းသိမယ့်နေ့ကို
ငါမျှော်လင့်တယ်..... "


{ရေးသူ=Rome Love}




" သိပ်သတိရ     ညညတွေမျိုး
တရေးနိုးရင်    မင်းမျက်နှာလေး
မြင်ရောင်မိတယ် **
*သြော်,. အချစ်ရယ် """
ကိုယ်ဆက်အိပ်လို့
မရတော့ဘူး "

{*အောင်ဇေ =ဘုတလင်}


" သက်
သက်နဲ့ဝေးရ    နေ့ညတွေမှာ
ပျော်စရာဆတ်သုဉ်း  အလွမ်းဖုံး
သက်နားလာချင်
မဖြစ်တော့ပဲ   ရင်ထဲမွန်းကြပ်
ခံစားရတာ  နေ့ညတွေကို
သက်သိစေလို  ကဗျာဆိုပြီး
ရင်ထဲအတည် ဖြစ်ရပါသည် "

{ရေးသူ=ဌေးအောင်(လုံးခင်း)}

" လွမ်းဆွတ်မိရင်လည်း ငါတစ်ယောက်ထဲ
ငိုကြွေးပါမယ်... ပျော်ရွှင်နေတဲ့မင်းဘ၀လေးကို
ငါ့အတွက်နဲ့ ၀မ်းနည်းစေခြင်လို့ပါ
ချစ်သူရယ်... "

{ရေးသူ=အမည်မသိ}


" တောသားလေး...
အချစ်ဈေးမစစ်နဲ့  ကြိုက်ရာယူသွား{၁၅၀၀}

{ရေးသူ=သူရိန်ဦး}


ကောင်မလေး   မင်းသာနှင်းဆီပန်းတစ်ပွင့်ဆို
မင်းအနားမှာ      ဆူးကလေးအဖြစ်
          ကာရန်ပေးပါရစေ "

{ရေးသူ=သူရိန်ဦး}


" နှင်းဆီမွေးမြ     ရန်မခအောင်
အလှကိုဆင်      ဆူးတွေဆင်လည်း
အဆင်သူ့မှာ       ၀န်းရံကာ
နေလိပ်ပြာနှင့်      ပျားပုတုန်းများကလှည့်စားသုံးသည်
ဝတ်ရည်လည်းခမ်း  ပန်းလည်းသည်နွမ်းမှပြန်သန်းလေပြီ
တစ်ပွင့်ဆီသို့          ဒီမှာဘ၀အသည်းမွကြွေရလေပြီတည်း "


-------

" သမီးငယ်လေး   သိပ်ငယ်သေးလှ
ချစ်သောမကျွမ်း   ခရောင်းလမ်းထဲ
မလှမ်းလေနဲ့      သမီးငယ်
ဆင်ကန်းတောတိုး  ဖလံပိုးလို
မီးကိုရွှေကြည်     မထင်လိုက်နဲ့
တောလိုက်မုဆိုး   ရက်စက်မျိုးဆုံပစ်လိုက်မျှားဦး
သဲရွှေအုံသို့        အချစ်စူးလို့သေတတ်တယ် "

{ရေးသူ=အမည်မသိ}



" ကွက်လပ်

သူ့အတွက်
မဆုံးနိုင်တဲ့ ကဗျာတေါ
သီကုံးပေးချင်လည်း
ငါ့မှာ ကာရံတို့က မရှိ

သူ့အတွက်
မရိုးနိုင်တဲ့သီချင်းတွေ
ဆိုငြီးပေးချင်လည်း
ငါ့မှာ သံဇဉ်တို့ကမရှိ

သူ့အတွက်
အတောက်ပဆုံး
အလင်းတွေ
ပေးစွမ်းချင်လည်း
ငါ့မှာ အရောင်တို့က မရှိ "

{ရေးသူ=Oxygen(မြစ်ကြီးနား)}

   






{{{မှတ်ချက်။ ။ မက်ဆေ့ဖြင့်ပို့ရင် မေးခွန်းပေါ်မူတည်ပြီး ကျွန်တော်တင်သောပို့စ်တွေမှာတင်ပေးပါမယ် ပြန်တော့ လုံးဝလုံးဝ(Reply) ပြန်လုပ်မှာမဟုတ်ပါဘူး ပေါက်ကရတွေလည်းမပို့ပါနဲ့

အရည်မရအဖတ်မရတွေလည်းမဆက်ပါနဲ့ ခေါ်ရင်ကိုင်မယ် မက်ဆေ့ပို့ရင် ပို့စ်တင်ပေးမယ် မက်ဆေ့ဖြင့် Reply ပြန်လုပ်ရမဲ့ပုံစံတော့ပြန်လုပ်မှာမဟုတ်ပါဗျ }}}




Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call

& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply

ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆို ပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..

0 comments:

Post a Comment