အာမခံကုမ္ပဏီတစ်ခုဖြစ်သော
SquareTrade သည် HTC One M9 နှင့် Samsung Galaxy S6 Edge စမတ်ဖုန်းများ၏
ခံနိုင်ရည်စွမ်းကို စမ်းသပ်ထားသည့် ဗွီဒီယို တစ်ခုကို ဖြန့်ချိခဲ့သည်။
အဆိုပါဗွီဒီယိုတွင် Samsung Galaxy S6
Edge သည် အလေးချိန် ပေါင် ၁၁၀ ရှိသော ဖိအားကို ခံနိုင်ရည်ရှိသလို One M9
ကမူ အလေးချိန် ပေါင် ၁၂၀ ရှိ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိကြောင်း သိရသည်။
သို့ရာတွင် Samsung Galaxy S6 Edge
၏အလေးချိန် ခံနိုင်ရည်အားသည် iPhone 6 Plus ၏ အလေးချိန် ခံနိုင်စွမ်းနှင့်
နှိုင်းယှဉ်၍ စမ်းသပ်ခဲ့ရာ iPhone မှာ အနည်းငယ်ကွေးသွားသော်လည်း S6 Edge ၏
မျက်နှာပြင်မှာ ကွဲအက်သွားခဲ့သည်။
HTC One M9 သည် Galaxy S6 Edge နှင့်
iPhone 6 plus တို့ထက် ဖိအားပိုမိုခံနိုင်ပြီး ပေါင် ၁၂၀ ရှိသည့်
ဖိအားဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း စမ်းသပ်မှုပြုလုပ်ပြီးနောက် ပါဝါခလုတ်မှာ
အသုံးပြု၍ မရတော့ပေ။
iPhone 6 Plus စမတ်ဖုန်းတစ်ခုလုံး၏
ခံနိုင်ရည်အား (Catastrophic failure) ကိုစမ်းသပ်ခဲ့ရာ ၁၇၉ ပေါင်
ဖိအားဒဏ်ကို ခံနိုင်သလို Samsung Galaxy S6 Edge ကမူ ၁၄၉ ပေါင်ရှိ
ဖိအားဒဏ်ကိုသာ ခံနိုင်ရည်ရှိကြောင်း သိရသည်။
အဆိုပါ စမ်းသပ်ချက်အရ Samsung Galaxy
S6 ၏ မျက်နှာပြင်သည် ကြီးမားလှသော အလေးချိန်ဒဏ်အား ခံနိုင်ရည်မရှိသည်ကို
သက်သေပြလျက်ရှိကြောင်း SquareTrade မှ ဆိုခဲ့သည်။
http://internetjournal.media/news/2285






0 comments:
Post a Comment