အရင်တုန်းကတော့ စာရွက်စာတမ်းတွေကို အီလက်ထရောနစ် ပုံစံပြောင်းချင်ရင် Scanner တွေကို အသုံးပြုကြရပါတယ်။ အခုတော့ Mobile Phone App တွေရဲ့ စွမ်းရည်ကြောင့် Scanner တွေ မလိုအပ်တော့ပါဘူး။
Microsoft က iPhone နဲ့ Android User တွေအတွက် Office Lens App ကို ဖြန့်ချီပေးလိုက်ပါတယ်။ Windows Phone အတွက်တော့ Office Lens ကို ဖြန့်ချီပေးထားတာ တစ်နှစ်နီးပါးရှိပါပြီ။ Office Lens က သင့်ဖုန်းကို Scanner လို အသုံးပြုလို့ရစေမှာပါ။
App က Optical Character Recognition (OCR) နည်းပညာကို အသုံးပြုပြီး စာရွက်စာတမ်းတွေကို Word, PowerPoint , PDF ဖိုင်များအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် Business Cards တွေကိုလည်း Scan လုပ်ပြီး ဖုန်းရဲ့ Contacts ထဲထည့်သွင်းပေးနိုင်တဲ့အတွက
iPhone အတွက် Office Lens ကို အောက်ပါ လင့်မှ အခမဲ့ ရယူနိုင်ပါတယ်။
https://itunes.apple.com/
Android အတွက် အောက်ပါ လင့်ကနေ Google Plus မှ Office Lens Android Preview ကို Join လုပ်ပါ။
https://plus.google.com/
About this community အောက်မှ Become a Tester ကို နှိပ်ပါ။
ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားရင် Office Lens ကို ရရှိမှာ ဖြစ်ပါတယ်။
Credit : Digital Life Journal
2 comments:
မရဘူးဗျာ app ကိုတင်ပေးရင် ပိုအဆင်ပြေမယ်
မရဘူးဗျာ app ကိုတင်ပေးရင် ပိုအဆင်ပြေမယ်
Post a Comment