CB-MPU Credit Card အား စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သမ၀ါယမဘဏ်၏ အမှုဆောင် ဒုတိယ ဥက္ကဌ ဦးကျော်လင်းကပြောသည်။
“ကတ်အမျိုးအစား သုံးမျိုး ထုတ်ဝေပးသွားမှာဖြစ်ပြီး ကြိုက်နှစ်သက်တဲ့ အမျိုးအစားကို လျှောက်ထား အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။ Classic Card , Gold Card , Platinum Card ၃ မျိုး ထုတ်ဝေမည် ဖြစ်ကြောင်း၊ အသက် ၂၁ နှစ်ပြည့်ပြီးသူ တိုင်း CB Bank (ရုံးချုပ်)နှင့် CB Bank ၏ ဘဏ်ခွဲများ အားလုံးတွင် လျှောက် ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ကတ်ကို MPU အမှတ်တံဆိပ်ပါရှိသော နေရာများဖြစ်သည့် ဈေးဝယ်စင်တာများ၊ ဓာတ်ဆီဆိုင်များ ၊ စားသောက်ဆိုင်များ နှင့် Hotel များ အစ ရှိသည်တို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းအပြင် ပြည်တွင်း e-Commerce Website များတွင်လည်းသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
Classic Card-10,000 ကျပ်၊ Gold Card- 15,000 ကျပ်၊ Platinum Card- 50,000 ကျပ် ဖြစ်ပြီး CB –MPU Credit Card မှ သုံးစွဲသည့် ငွေပမာဏအား အတိုးကင်း လွတ်ခွင့် ပေးထားကြောင်း၊ အတိုးကင်းလွတ်ခွင့် ကာလမှာ အများဆုံး ရက်ပေါင်း ၄၅ ရက် ရရှိမည် ဖြစ်ကြောင်းသိရသည်။ အတိုး ကင်းလွတ်ခွင့်ကာလ ကျော်လွန်ပါက အတိုး တွက်ချက်ခြင်းကို သုံးစွဲထားသည့် ငွေပမာဏပေါ် တွင် တွက်ချက်သွားမည်ဖြစ်ကြောင်း၊ တွက်ချက်မည့် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက Call Center 1874 နှင့် Hotline : 01-370145 တို့ကိုဆက်သွယ် မေးမြန်းနိုင်ကြောင်း ဆိုသည်။
CB- MPU Credit Card လျှောက်ထားရန် အတွက် ဓါတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူ (သို့) Passport မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ လက်ရှိ ရပ်ကွက်တွင်း နေ ထိုင်ကြောင်း ထောက်ခံစာ မူရင်း၊ CB Bank - Bank Statement (အနည်းဆုံး ၃ လအတွက်)၊ လျှောက်ထားသူ၏ကုမ္ပဏီ (သို့) အဖွဲ့အစည်းမှ လစာဝင်ငွေနှင့် ပတ်သက်သော ထောက်ခံစာမူရင်း (HR Letter Head ဖြင့် ဖြစ်ရမည်။)၊ အာမခံပေးမည့် ပုဂ္ဂိုလ်နှစ်ဦး၏ ထောက်ခံစာမူရင်း (Letter Head ဖြင့် ဖြစ်ရမည်။)၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပါက စီးပွားရေးလုပ်ငန်းမှ တရားဝင်ရရှိသည့် ဝင်ငွေအထောက်အထားများ၊ အငြိမ်းစားများ ဖြစ်ပါက မူရင်းပင်စင်လစာနှင့် အခြားရရှိသော ဝင်ငွေအထောက်အထားများ လိုအပ်ကြောင်း သိရသည်။
ကတ်သက်တမ်း ငါးနှစ်အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး ကတ်အသစ် ထပ်မံပြုလုပ်ရန် အတွက် ကတ်သက်တမ်းမကုန်ဆုံးမီ ၃၀ ရက်အတွင်း သမဝါယမဘဏ်သို့ အကြောင်း ကြားရမည် ဖြစ်ကြောင်း သိရသည်။
Credit internetjournal

Thiha Htike(THT)
0 comments:
Post a Comment