Samsung သည် စမတ်နာရီဈေးကွက်တွင် ပြိုင်ဆိုင်မှု ပိုမိုပြုလုပ်နိုင်ရန်အတွက် စမတ်နာရီသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ Gear S2 စမတ်နာရီကို ဘာလင်မြို့တွင် ကျင်းပမည့် IFA လူသုံးကုန်
အီလက်ထရွန်နစ်ပြပွဲ မတိုင်မီ Samsung က မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ
စမတ်နာရီကို လုံးဝိုင်းသည့် ဒီဇိုင်းဖြင့် ပြုလုပ်ထားပြီး ၁.၂ လက်မ
touchscreen ကို အသုံးပြုထားသည်။ ၎င်းဒီဇိုင်းသည် app များအသုံးပြုခြင်းနှင့်
notification တို့အတွက် ပိုမိုရှင်းလင်းတိကျစွာဖြင့် ဖော်ပြပေးနိုင်မည်ဟု
Samsung မှ ပြောကြားခဲ့သည်။ သို့သော် Gear S2 ၏ ဈေးနှုန်းကို Samsung မှ
ဖော်ပြခဲ့ခြင်း မရှိပေ။
၎င်းစမတ်နာရီသည် အထူ လက်မဝက်ခန့်သာရှိပြီး S2 နှင့် S2 Classic ဟူ၍
ပုံစံနှစ်မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။ ကျန်းမာရေးစနစ်အတွက် 24-hour
activity log နှင့် Samsung ၏ မိုဘိုင်းငွေပေးချေမှုစနစ်အတွက် near-field
communication (NFC) ကို ထောက်ပံ့ပေးထားသည်။ နာရီ၏ ဘက်ထရီကို နှစ်ရက်မှ
သုံးရက်အတွင်း အသုံးပြုနိုင်ပြီး internal storage မှာ 4GB ဖြစ်ကြောင်း
Samsung မှ ပြောကြားခဲ့သည်။
S2 စမတ်နာရီသစ်၏ အလွန်အရေးပါသော feature တစ်ခုမှာ စမတ်ဖုန်းနှင့်
ချိတ်ဆက်ရန်မလိုဘဲ 3G ချိတ်ဆက်မှုဖြင့် လုပ်ဆောင်ချက်များကို လျင်မြန်စွာ
ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ စမတ်နာရီအများစုတွင် Wi-Fi နှင့် အဓိက feature
အများစုကို အသုံးပြုနိုင်ရန်အတွက် စမတ်ဖုန်း app တစ်ခု လိုအပ်သည်။
Samsung သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က မူရင်း Galaxy Gear ကို ပွဲထုတ်ခဲ့ပြီးနောက် စမတ်နာရီ အချို့ကို မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် Apple Watch အပါအဝင် ပြိုင်ဘက် ထုတ်ကုန်များကဲ့သို့ သုံးစွဲသူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာလက စမတ်နာရီကို မိတ်ဆက်ပေးခဲ့ပြီးနောက် Apple သည်
ဝတ်ဆင်နိုင်သော ထုတ်ကုန် ကမ္ဘာ့ဈေးကွက်တွင် Fitbit ၏နောက် ဒုတိယနေရာ၌
ရပ်တည်နိုင်ခဲ့ကြောင်း IDC မှ ပြောကြားခဲ့သည်။ Fitbit သည်
ဒုတိယသုံးလပတ်တွင် ဈေကွက်၏ ၂၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး Apple က
၂၀ ရာခိုင်နှုန်း နီးပါးကို ပိုင်ဆိုင်ခဲ့သည်။ Samsung မှာ ဈေးကွက်ရှယ်ယာ
ဝ.၆ ရာခိုင်နှုန်းဖြင့် ပဉ္စမနေရာ၌ ရပ်တည်ခဲ့သည်။
Ref: USAToday
Credit internetjournal
Thiha Htike(THT)
0 comments:
Post a Comment