Apple ၏ iPhone နှင့် ပတ်သက်သော လျှို့ဝှက်ချက်တစ်ခုမှာ iOS ထုတ်ကုန်များ၏ RAM ပမာဏကို ထုတ်ဖော်ပြောကြားမှု မပြုလုပ်ခြင်း ဖြစ်သည်။
အလားတူပင် iPhone 6s နှင့် iPhone 6s
Plus ကို မိတ်ဆက်စဉ်တွင်လည်း Apple က ထုတ်ကုန်တစ်ခုချင်းစီ၏ memory ပမာဏကို
အတည်ပြု ပြောခဲ့ခြင်း မရှိပေ။
သို့သော် 2015 iPhone များတွင် ယခင်ထက် နှစ်ဆပိုမိုသည့် RAM ပါဝင်လာကြောင်း developer တစ်ဦး၏ လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။
ဟမ်ဇာဆုဒ်ဟုခေါ်သော developer တစ်ဦး၏
Xcode proof တွင် တွေ့ရှိချက်အရ iPhone 6s နှင့် iPhone 6s Plus တွင် 2GB
RAM ပါဝင်ပြီး ယခင် iPhone 6 နှင့် iPhone 6 Plus တွင် ပါဝင်သော 1GB RAM
ထက် နှစ်ဆပိုမိုကြောင်း၊ iPad Pro တွင်လည်း 4GB RAM ပါဝင်လာပြီး ၎င်းသည် iPad
Air 2, iPad mini 4 တို့ထက် RAM ပမာဏ နှစ်ဆပိုမိုကြောင်း သိရသည်။
ထို့အပြင် Apple TV သစ်တွင် 2GB RAM ကို အသုံးပြုထားကြောင်း အထက်ပါ တွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref : http://internetjournal.media/news/4102






0 comments:
Post a Comment