ကျောင်းသုံး
ကွန်ပျူတာများနှင့် စာသင်ခန်း နည်းပညာများအတွက်
ရင်းနှီးမြှုပ်နှံမှုများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းဆောင်ရည်ကို
တိုးတက်ကောင်းမွန်စေခြင်း မရှိကြောင်း OECD ၏ ကမ္ဘာလုံးဆိုင်ရာ
လေ့လာမှုတစ်ရပ်တွင် ပြောကြားခဲ့သည်။
အဆိုပါ လေ့လာချက်တွင် ကျောင်းများ၌ ကွန်ပျူတာများကို မကြာခဏ အသုံးပြုခြင်းသည် ရလဒ်ကျဆင်းမှုနှင့် ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။
OECD ၏ ပညာရေးဒါရိုက်တာ အင်ဒရီစ်
ရှလိုင်ချာက ကျောင်းသုံးနည်းပညာသည် လွဲမှားသည့် မျှော်လင့်ချက်များ
ပိုမိုဖြစ်ပေါ်စေကြောင်း ဆိုခဲ့သည်။
ကျောင်းသားကျောင်းသူများ
အပြုအမူများနှင့် ပတ်သက်၍ ကျွမ်းကျင်ပညာရှင်ဖြစ်သူ တွမ်ဘန်းနက်က ဆရာများသည်
ကျောင်းသုံးကွန်ပျူတာများကြောင့် အံ့အားသင့်ခဲ့ကြကြောင်း ဆိုခဲ့သည်။
OECD ၏ အစီရင်ခံစာတွင် ကျောင်းသုံး
နည်းပညာသည် နိုင်ငံပေါင်း ၇၀ ကျော်ခန့် ပါဝင်သော PISA ကဲ့သို့ နိုင်ငံတကာ
စာမေးပွဲရလဒ်များ၌ သက်ရောက်မှုရှိကြောင်း၊ အချက်အလက်နှင့်
ဆက်သွယ်ရေးနည်းပညာအတွက် အလွန်အမင်း ရင်းနှီးမြှုပ်နှံသော ပညာရေးစနစ်များသည်
စာဖတ်ခြင်း၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်အတွက် PISA စာမေးပွဲရလဒ်များတွင်
သိသာမြင်သာသော တိုးတက်မှုမရှိကြောင်း ဖော်ပြခဲ့သည်။
“အရှေ့အာရှရဲ့ စွမ်းဆောင်ရည်
အကောင်းဆုံး ပညာရေးစနစ်တွေကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ စာသင်ခန်းတွေမှာ
နည်းပညာအသုံးပြုမှုအပေါ် သတိထားဆောင်ရွက်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ Tablet
တွေနဲ့ ကွန်ပျူတာတွေကို မကြာခဏ သုံးစွဲတဲ့ ကျောင်းသားတွေရဲ့
စွမ်းဆောင်ရည်ဟာ တော်ရုံသင့်ရုံ သုံးစွဲသူတွေထက် ဆိုးရွားလေ့ရှိပါတယ်” ဟု
မစ္စတာ ရှလိုင်ချာက ပြောကြားခဲ့သည်။
ကျောင်းများ၌ ပညာရေးဆိုင်ရာ
နည်းပညာအတွက် ကမ္ဘာတစ်ဝန်းမှ နှစ်စဉ်သုံးစွဲမှုသည် စတာလင်ပေါင် ၁၇.၅ ဘီလီယံ
ရှိကြောင်း Gartner မှ နည်းပညာလေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။ ယူကေ၏
ကျောင်းများ၌ နည်းပညာသုံးစွဲမှုစရိတ်မှာ စတာလင်ပေါင် သန်း ၉၀၀ ဖြစ်သည်။
ဗြိတိန် ပညာရေးဆိုင်ရာ
ထောက်ပံ့မှုအဖွဲ့ (BESA) ကမူ အိုင်စီတီအတွက် ကျောင်းများ၏ ဘတ်ကျက်မှာ
စတာလင်ပေါင် ၆၁၉ သန်း ဖြစ်ပြီး ဆော့ဖ်ဝဲနှင့် ဒီဂျစ်တယ် content အတွက်
သုံးစွဲမှု စတာလင်ပေါင် ၉၅ သန်းရှိကြောင်း ပြောကြားခဲ့သည်။
Ref : http://internetjournal.media/news/4113






0 comments:
Post a Comment