Google
သည် Nexus 5X နှင့် 6P စမတ်ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်ပြသ သွားခဲ့သည်။
အဆိုပါ စမတ်ဖုန်းများ၏ ဒီဇိုင်းသည် အလွန်သပ်ရပ်ပြီး ခေတ်မီသလို
အခြားထုတ်ကုန်များနှင့် ကွဲပြားခြားနားသည့် ထုတ်ကုန်များဖြစ်သည်။
Nexus 6P သည် ကုမ္ပဏီမှ ဖန်တီးသမျှ Nexus ဟန်းဆက်များအနက် အရည်အသွေး အမြင့်မားဆုံး ထုတ်ကုန်ဖြစ်ကြောင်း Google မှ ပြောဆိုခဲ့သည်။ Nexus 6P နှင့်အခြား Nexus စမတ်ဖုန်းအကြား ကွာခြားချက်မှာ သတ္တုကိုယ်ထည် အသုံးပြုထားခြင်းဖြစ်သည်။ Huawei နှင့် Google ပူးပေါင်းထုတ်လုပ်ထားသည့် Nexus 6P ၏ မျက်နှာပြင်အရွယ်အစားမှာ ၅.၇ လက်မဖြစ်ပြီး ဘေးဘောင်ကို အလွန်သေးငယ်စေရန် ဖန်တီးထားသည်။ ထို့အပြင် Nexus 6P ၏အထူမှာ ယခင် Nexus 6 ထက်ပါးလွှာသည်။ LG မှထုတ်လုပ်ပေးထားသည့် Nexus 5X ၏မျက်နှာပြင် အရွယ်အစားမှာ ၅.၂ လက်မဖြစ်ပြီး မျက်နှာပြင်သေးငယ်သည့် ဖုန်းနှစ်သက်သူအတွက် သင့်တော်သည်။ Nexus 5X ၏ကိုယ်ထည်ကို ပိုလီကာဗွန်နိပ်ဖြင့် ဖန်တီးထားသည်။ Nexus 5X ၏ရုပ်ထွက်အရည်သွေးမှာ HD 1,920x1,080 display ဖြစ်သော်လည်း 6P မှာမူ WQHD 2,560x1,080 ဖြစ်သည်။
Nexus 5X နှင့် 6P တွင် လက်ဗွေဖတ်စနစ်အပြင် အားသွင်းမြန်ဆန်သည့် USB Type-C နှင့် ပုံထွက်ကောင်းမွန်သည့် ကင်မရာတို့ ပါဝင်သည်။ ၎င်း Nexus စမတ်ဖုန်း သစ်များတွင်ပါဝင်သော လက်ဗွေဖတ်စနစ်မှာ ကင်မရာအောက်နားတွင် တည်ရှိသည်။
အဆိုပါ Nexus စမတ်ဖုန်းသစ်များ၏ ကျောဘက်ကင်မရာမှာ 12.3 megapixel ရှိပြီး Nexus 6 ထက် ကင်မရာတုံ့ပြန်မှုနှင့် shutter မြန်နှုန်းမြင့်ပြီး အရည်အသွေး ကောင်းမွန်သည်။ ထို့အပြင် 4K ဗီဒီယိုထောက်ပံ့မှုနှင့် slow motion video mode တို့ပါဝင်လာသည်။ Nexus 6P ၏ရှေ့ကင်မရာမှာ 8 megapixel ရှိပြီး 5X မှာမူ 5 megapixel ရှိသည်။ Nexus 6P ကို ကန်ဒေါ်လာ ၄၉၉ ဖြင့်စတင် ရောင်းချမည်ဖြစ်ပြီး 5X ကိုမူ ကန်ဒေါ်လာ ၃၇၉ ဖြင့်ရောင်းချ သွားမည်ဖြစ်သည်။
Ref: Mashable
Credit internetjournal
သီဟထိုက်
My Facebook Account Click

0 comments:
Post a Comment